Friday, December 25, 2020

မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်အဖြစ် ရွှေလီမြို့နှင့် မူဆယ်မြို့တို့တွင် စတင်အကောင်ထည်ဖော်သွားမည်

 မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်အဖြစ် ရွှေလီမြို့နှင့် မူဆယ်မြို့တို့တွင် စတင်အကောင်ထည်ဖော်သွားမည်

---------------------------

နေပြည်တော် ဒီဇင်ဘာ 



မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်အဖြစ် တရုတ်နိုင်ငံ၊ ရွှေလီမြို့နှင့် မြန်မာဘက်ခြမ်းတွင် မူဆယ်ဘက်ခြမ်း၊ ကျင်စန်းကျော့နယ်စပ်ဂိတ်အနီး မြေနေရာတို့တွင် စီမံကိန်းဆောင်ရွက်သွားရန် သတ်မှတ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


ယခင်က အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ တရုတ်အစိုးရအနေဖြင့် စီးပွားရေးဇုန်အတွင်း ဇုန်ငယ် ငါးခုထည့်သွင်းရန် အဆိုပြုခဲ့သော်လည်း လက်ရှိတွင် ဗဟိုဇုန်နှင့် ပူးပေါင်းဆောင်ရွက်ဇုန်ကိုသာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အကောင်ထည်ဖော်မည့် ဗဟိုစီးပွားရေးဇုန်ကို မြန်မာနိုင်ငံဘက်ခြမ်း မူဆယ်မြို့၊ ကျင်စန်းကျော်ဂိတ်အနီးနှင့် တရုတ်နိုင်ငံဘက်ခြမ်း ရွှေလီမြို့တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြေနေရာအကျယ်အဝန်းအတိအကျကို ထပ်မံ အတည်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။


“ နယ်စပ်စီးပွားရေးဇုန်ကို မြန်မာဘက်ကတော့ မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးဆိုပြီးတော့ ရွေးချယ်ထားတာပေါ့။ သို့သော်လည်း တရုတ်ဘက်ကတော့ ရွှေလီနဲ့ မြန်မာဘက်ခြမ်းက မူဆယ်တို့မှာ နှစ်ခုတည်းလုပ်မယ်ဆိုပြီး အဆိုပြုထားတာပါ။ အရင်ကတော့ သူတို့ဘက်က နေရာငါးခုလောက်လုပ်မယ်ဆို ပြီးအဆိုပြုထားတာကနေ အခု နေရာနှစ်ခုမှာပဲ စလုပ်မယ်ဆိုပြီး လုပ်နေတာပါ။ Core Zone အဖြစ် တရုတ် ဘက်မှာက ကျယ်ဂေါင်နဲ့ ဝမ်တိန်ဘက်မှာလုပ်ဖို့နဲ့ မြန်မာဘက်ခြမ်းက မူဆယ်၊ ကျင်စန်းကျော့ဘက်မှာမှာ လုပ်ဖို့ ဆောင်ရွက်နေတာပါ။ မြန်မာဘက်ခြမ်းကတော့ ဆောင်ရွက်နိုင်မဲ့ မြေနေရာအတိုင်းအတာတွေကို စစ်ဆေးဆောင်ရွက်ပြီးသွားပြီ။ ကျန်တဲ့မြေအမျိုးအစားခွဲခြားမှုတွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဆက်လုပ်သွားမှာပါ။” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

Myanmar-China border economic cooperation zone will be established in Shweli and Muse


 ---------------------------


 Nay Pyi Taw, December


 




 China-Myanmar border economic cooperation zone  Shweli and Muse on the Burmese side;  According to the Ministry of Commerce, the project is scheduled to be carried out on land near the Kyin San Kyaw border gate.



 Previously, the Chinese government had proposed five sub-zones in the economic zone, but now only the central zone and co-operation zone will be implemented.  The Central Economic Zone will be located in Muse, Myanmar.  It will be implemented near Kyin San Kyaw Gate and Shweli on the Chinese side, and the exact size of the land will be confirmed.



 “On the Burmese side, the border economic zone is Muse.  Chin Shwe Haw  It was chosen as Kan Pike Ti.  However, China has proposed to do both in Shweli and Muse on the Burmese side.  Previously, they proposed to work in five places, but now they are working in two places.  The core zone will be built on the Chinese side with Kyi Gaung and the Wanding side.  We are working on the Kyin San Kyaw side.  The Burmese side has already inspected the extent of land available.  The rest of the land classification will be done by the Shan State government. ”  Khin Maung Lwin, assistant secretary at the Ministry of Economy and Trade, said.

Friday, December 18, 2020

ရန်ကုန်ရှိ ပန်းခြံများကို ခရစ်စမတ်နှင့် နှစ်သစ်ကူးကာလ ဒီဇင်ဘာ ၂၁ ရက်မှ ၃၁ ရက်နေ့အထိ ယာယီပိတ်မည်

 ရန်ကုန်ရှိ ပန်းခြံများကို ခရစ်စမတ်နှင့် နှစ်သစ်ကူးကာလ ဒီဇင်ဘာ ၂၁ ရက်မှ ၃၁ ရက်နေ့အထိ ယာယီပိတ်မည်

------------------------------

ဒီဇင်ဘာ ၁၉







ကိုဗစ်ထိန်းချုပ်ရန်အတွက် ရန်ကုန်ရှိ ပန်းခြံများကို ခရစ်စမတ်နှင့် နှစ်သစ်ကူးကာလ ဒီဇင်ဘာ ၂၁ ရက်မှ ၃၁ ရက်နေ့အထိ ယာယီပိတ်ထားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက  ထုတ်ပြန်လိုက်ပါတယ်။


လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြန့်ပွားမှုကာကွယ်နိုင်ရန် အပန်းဖြေသူ များပြားစွာ လာရောက်မှုရှိခဲ့သည့် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံကို ဒီဇင်ဘာ ၇ ရက်မှစတင်ပြီး ဝင်ရောက်ခွင့်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။


ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း အများပြည်သူအပန်းဖြေ အနားယူနိုင်သည့် ပန်းခြံပေါင်း ၆၁ခုရှိပြီး ရန်ကုန် အရှေ့ပိုင်းခရိုင်တွင် ၁၅ခု၊ ရန်ကုန်အနောက်ပိုင်းခရိုင်တွင် ၁၉ခု၊ ရန်ကုန်တောင်ပိုင်းခရိုင်တွင် ၁၄ခုနှင့် ရန်ကုန်မြောက်ပိုင်းခရိုင်တွင် ၁၃ခုရှိကြောင်း သိရပါတယ်။

Parks in Yangon will be temporarily closed for Christmas and New Year from December 21 to 31


 -------------------------------


 December 19



 The Yangon City Development Committee has announced that parks in Rangoon will be temporarily closed from December 21 to 31 during the Christmas and New Year period to control Kovis.



 The Mahabandula Park in Rangoon's Kyauktada Township, which is currently attracting a large number of tourists to prevent the spread of the Kovis-19 virus, has been closed indefinitely since December 7.



 There are 61 public parks within the Yangon Development Zone, including 15 in Yangon East District;  19 in Yangon Western District;  There are 14 in Yangon Southern District and 13 in Yangon North District.

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားပြန်ဆွဲတဲ့ ကိုအောင်ကြီးအမှု ရဲချုပ်အနေဖြင့် ငြင်းချက်ထုတ်ရန် အမိန့်ချ

 မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားပြန်ဆွဲတဲ့ ကိုအောင်ကြီးအမှု ရဲချုပ်အနေဖြင့် ငြင်းချက်ထုတ်ရန် အမိန့်ချ

-----------------------------

နေပြည်တော်၊ ဒီဇင်ဘာ ၁၈။



မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားပြန်ဆွဲလိုက်တဲ့ ကိုအောင်ကြီးအမှုကို နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်အနေဖြင့် ငြင်းချက်ထုတ်ရန်အတွက် ယနေ့ ဒီဇင်ဘာလ ၁၈ ရက်တွင် အမိန့်ချလိုက်ကြောင်း သိရသည်။


“ဒီနေ့အခြေအနေကတော့ အဆိုလွှာမှာအကျအပေါက် အတိမ်းအစောင်းမရှိဘူးလို့တရားသူကြီးက သုံးသပ်ပါတယ်။ အကျအပေါက်အတိမ်းအစောင်းမရှိတဲ့အတွက်ကြောင့် တရားမမှုတွေရဲ့ထုံးစံအရ ငြင်းချက်စာကို တစ်ဘက်ကိုထုတ်ရတယ်။ ထုတ်ရတဲ့အခါမှာ အဆိုလွှာနဲ့ တွဲပြီးထုတ်ရတယ်။ အဲ့ဒီနေ့မှာ ငြင်းဆိုမယ်ဆိုလို့ရှိရင် ခင်ဗျားသော်လည်းကောင်း၊ ခင်ဗျားရဲ့ ကိုယ်စားလှယ်သော်လည်းကောင်း၊ ခင်ဗျားရဲ့ ရှေ့နေသော်လည်းကောင်း လာပြီးတော့ ချေပလွှာတင်ပါဆိုပြီးတော့ အဲ့ဒါထုတ်ရမှာပေါ့။ အဲ့ဒါထုတ်ဖို့အတွက် အခုအမိန့်ချလိုက်ပြီ။” ဟု ကိုအောင်ကြီး၏ ရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။


ယနေ့တွင် တရားလိုကိုအောင်ကြီးက မြန်မာနိုင်ငံတပ်ဖွဲ့ဆီမှ နစ်နာကြေးကျပ်သိန်း ၅၀၀၀ ရလိုမှုဖြင့် တရားစွဲသောအမှုကို ပထမဆုံးနေ့အဖြစ် နစ်နာမှုအတွက်တင်ပြစာများကို တရားသူကြီး စိစစ်လက်ခံပြီး နောက်ရုံးချိန်းတွင် တရားစွဲခံရသည့်အဖွဲ့အစည်းကို ဆင့်ခေါ်မည်ဖြစ်ကြောင်း သိရသည်။


“ကျွန်တော်အနေနဲ့က နစ်နာမှုတွေအများကြီးပါပဲ။ ကျွန်တော့်ဂုဏ်သိက္ခာ၊ ကျွန်တော်မိသားစုရဲ့ ဂုဏ်သိက္ခာ ထိခိုက်နစ်နာပါတယ်။ တစ်ခုချင်းပြောရင် ပြောလို့တောင်ကုန်မှာမဟုတ်ပါဘူး”ဟု တရားလို ကိုအောင်ကြီးက ပြောသည်။


ကိုအောင်ကြီးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး သံသယတရားခံအဖြစ် ဖမ်းဆီးခဲ့ပြီး တရားရုံးက ကိုအောင်ကြီးအပြစ်မရှိကြောင်း ဆုံးဖြစ်ခဲ့သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နစ်နာမှုအတွက် နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ko Aung Gyi, who sued the Myanmar Police Force, has been ordered to file a counterclaim


 -----------------------------


 Nay Pyi Taw  December 18


 Ko Aung Gyi's case against the Myanmar Police Force  Dakkhin District Court  The Chief of Police issued an order today, December 18.



 "The situation today is that there are no gaps in the motion," he said.  Because there are no gaps, it is customary for a lawsuit to be filed on the other side.  When it comes out, it has to be attached to the proposal.  If you refuse on that day, you or  Your representative;  Your lawyer will have to come and file a counterclaim.  An order has now been issued to produce it. ”  Aung Gyi's lawyer  Attorney Khin Maung Zaw said.



 Today, the first day of the lawsuit filed by the plaintiff, Aung Gyi, will be summoned by the judge to summon the plaintiff at the next court hearing.



 "I have suffered a lot," he said.  My reputation  It hurts my family's reputation.  If we talk about it one by one, we will not stop talking about it, ”said prosecutor Aung Gyi.



 Aung Gyi was arrested by the Burmese police on suspicion of being involved in the Victoria case, and the court ruled that Aung Gyi was not guilty of any crime.  The petition was filed in the Dakkhin District Court.

ကျွန်းစုမြို့နယ် ဝဲကျွန်းအနီးတွင် ၂၆ ပေရှည်သည့် ဝေလငါးမန်းတစ်ကောင် သေဆုံးလျက်တွေ့ရှိ

 ကျွန်းစုမြို့နယ် ဝဲကျွန်းအနီးတွင် ၂၆ ပေရှည်သည့် ဝေလငါးမန်းတစ်ကောင် သေဆုံးလျက်တွေ့ရှိ







Thursday, December 17, 2020

မန္တလေးခရိုင် Lockdown ကို ပြန်လည်ဖြေလျော့လိုက်ပြီ

 မန္တလေးခရိုင် Lockdown ကို ပြန်လည်ဖြေလျော့လိုက်ပြီ

-----------------------------

ဒီဇင်ဘာ ၁၈






မန္တလေးခရိုင်တွင် ချမှတ်ထားသည့်  Lockdown ကို  ပြန်လည်ဖြေလျော့လိုက်ပြီလို့ မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။


တိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့ ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရမှ ပြည်သူသို့ တင်ပြခြင်းတွင်   ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။


မန္တလေး ခရိုင်အတွင်း ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်နေ့အထိ Lockdown ချထားတာဖြစ်ပြီး လက်ရှိတွင် Stay at Home ကာလသတ်မှတ်ခြင်းကို ဆက်လက်မဆောင်ရွက်သော်လည်း ပြည်သူများအနေဖြင့် COVID-19 ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ နေထိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပန်ကြားထားပါတယ်။


COVID-19 ရောဂါ ထိန်းချုပ်နိုင်ရန် မန္တလေးခရိုင်တွင် ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်ထိ နှစ်ပတ်ကြာ Stay at Home ကာလ သတ်မှတ်ခဲ့ပြီး  စည်းကမ်းမလိုက်နာသူ ၁၃၀၀၀ ကျော်ကို ဒဏ်ရိုက်အရေးယူခဲ့ပြီး ဒဏ်ကြေးငွေ ၆၆ သန်းကျော်ရရှိခဲ့တယ်လို့ဆိုပါတယ်။

Mandalay District Lockdown has been released


 -----------------------------


 December 18



 The Mandalay Region government has announced that the lockdown in Mandalay District has been lifted.



 COVID-19 protection issued by the regional government on 18 December.  Control  The treatment is included in the report submitted by the Mandalay Region Government to the public.



 The lockdown has been in place in Mandalay District from December 5 to 18, and although the current Stay at Home period has not been extended, the people have been asked by the regional government to abide by the COVID-19 protection guidelines.



 More than 13,000 non-compliant people were fined and fined more than 66 million kyat for a two-week stay at home in Mandalay district from December 5 to 18 to control COVID-19.

ပထမဆုံးအကြိမ်ပျံသန်းမည့် အပျော်စီးလေယာဉ်ခရီးစဉ် အတွက် ရန်ကုန်-ကျိုက်ထီးရိုး-ဘားအံ ကို ဒီဇင်ဘာ ၂၀ ရက်တွင် ပြေးဆွဲမည်

 ပထမဆုံးအကြိမ်ပျံသန်းမည့် အပျော်စီးလေယာဉ်ခရီးစဉ် အတွက် ရန်ကုန်-ကျိုက်ထီးရိုး-ဘားအံ ကို ဒီဇင်ဘာ ၂၀ ရက်တွင် ပြေးဆွဲမည်

-------------------------------

နေပြည်တော် ဒီဇင်ဘာ ၁၈




မြန်မာနိုင်ငံ တွင် ပထမဆုံးအကြိမ်ပျံသန်းမည့် အပျော်စီးလေယာဉ်ခရီးစဉ် Non Landing Sightseeing Flights Tour ဖြင့် ပထမဆုံးခရီးစဉ်ဖြစ်သည့် ရန်ကုန်-ကျိုက်ထီးရိုး-ဘားအံ ခရီးစဉ်ကို လာမည့်ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် စတင်ပျံသန်းပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။


ကိုဗစ်ကာလ နိုင်ငံအတွင်း ရောဂါထိန်းချုပ်နိုင်မှုအခြေအနေများအရ တစ်နေ့တာ အပန်းဖြေလိုသူ များအတွက် ကိုဗစ်ကာလတွင် ပထမဆုံးစီစဉ်ဆောင်ရွက်သည့် အပျော်စီးလေယာဉ်ခရီးစဉ်ဖြင့် ကောင်းကင် မှ ဝေဟင်မြင်ကွင်းများကို ကြည့်ရှုခံစားနိုင်ရန်အတွက် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းမှ စ၍ ရန်ကုန်လေဆိပ်မှစတင်ထွက်ခွာကာ ကျိုက်ထီးရိုး- ဘားအံ(ဇွဲကပင်တောင်) ခရီးစဉ်ကို အချိန်တစ်နာရီခွဲခန့် ဖြင့် အသွားအပြန်ခရီးစဉ်ကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


“ အခုလောလောဆယ်ကတော့ ရန်ကုန်လေဆိပ်ကနေစတင်ထွက်ခွာပြီး ကျိုက်ထီးရိုးကို ကောင်းကင်ကနေလှည့်ပတ်ပြီး ကြည့်ရှုမယ်။ အဲ့ကနေဆက်ပြီး ဘားအံက ဇွဲကပင်တောင်ရော၊ ဘားအံမြို့အလှရော၊ ပြီးတော့ သံလွင်မြစ်အလှကို ဖြတ်ပြီး ရန်ကုန်ကိုပြန်လာပါမယ်။ အသွားအပြန်ခရီးစဉ် ကတစ်နာရီခွဲလောက်ကြာပါမယ်။ ကျန်တဲ့ခရီးစဉ်တွေ ဥပမာ ပုဂံခရီးစဉ်တွေက အခြေအနေကြည့်ရဦးမှာ ပေါ့။ ခရီးဝေးတော့ အချိန်ကြာမယ်၊ အချိန်ကြာရင် ကုန်ကျစရိတ်တွေပိုများလာပြီး ဈေးနှုန်းတွေကြီးမြင့်သွား ရင် လိုက်စီးမဲ့သူတွေလဲ နဲနိုင်တာကြောင့် မဆွဲသေးပါဘူး။ အဓိက ကတော့ ခရီးကိုရောက်ဖို့ထက် ဝေဟင်က နေ လှည့်ပတ်ကြည့်ရှုမဲ့ Side Seen Flight ခရီးစဉ်ဆိုတော့ အနိမ့်ပျံသွားရမှာပါ။ ရောက်ပြန်သဘောပေါ့” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌဦးနောင်းနောင်းဟန်က ပြောသည်။

Yangon-Kyaik Htee Yoe-Hpa-an to launch first pleasure flight on December 20


 -------------------------------


 Nay Pyi Taw, 18 December



 The first Yangon-Kyaik Htee Yoe-Hpa-an flight will be launched on the morning of December 20 with the first Non-Landing Sightseeing Flights Tour in Myanmar, according to the Myanmar Association of Travel Agents.



 From Kyaik Htee Yoe-Hpa-An (Zwekapintaung), the first round-trip flight from Kyaik Htee Yoe to Hpa-an (Zwekapintaung) will be operated for one hour and a half from the morning of December 20 for those who want to enjoy a day out of the disease control situation in Kovis.



 “For now, we will depart from Rangoon Airport and look at Kyaik Htee Yoe from the sky.  From there, both Hpa-an and Zwekapin.  The beauty of Hpa-an  Then we will cross the beauty of Salween River and return to Yangon.  The round trip takes about an hour and a half.  The rest of the trips, such as the Bagan trip, have yet to be seen.  The journey will take time.  If the cost goes up over time and the price goes up, there will be fewer people to follow.  The main thing is the Side Seen Flight, which is an aerial tour rather than the destination.  It means we are back, ”said Naung Naung Han, chairman of the Myanmar Tourism Association.

Wednesday, December 16, 2020

ကိုဗစ် ကူးစက်မှုများ ဆက်လက်များပြားနေပါက မနိုင်မနင်းဖြစ်လာတော့မယ်လို့ ကျန်းမာရေးဝန်ကြီး သတိပေးပြီ

 ကိုဗစ် ကူးစက်မှုများ ဆက်လက်များပြားနေပါက မနိုင်မနင်းဖြစ်လာတော့မယ်လို့ ကျန်းမာရေးဝန်ကြီး သတိပေးပြီ

----------------------------------

ဒီဇင်ဘာ ၁၆






ကိုဗစ် ကူးစက်မှုများ ဆက်လက်များပြားနေပါက မနိုင်မနင်းဖြစ်လာတော့မယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေးပြောကြားလိုက်ပါတယ်။


ဝန်ကြီးဒေါက်တာမြင့်ထွေးက “  နိုင်ငံလူဦးရေနဲ့ နှိုင်းယှဉ်ပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာရှိတဲ့  နည်းပါးသော ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများနှင့် အထောက်အကူပြု ပညာရှင်တွေက ဝန်နှင့်အား မမျှစွာ နေ့မအား၊ ညမနားဆောင်ရွက်နေရတဲ့အတွက် COVID-19 ကူးစက်မှုများ ဆက်လက်များပြားနေပါက မနိုင်မနင်းဖြစ်လာမည့် အချက်ကို ပြည်သူတွေကို အသိပေးပြောကြားလိုပါတယ်” လို့ ဆိုပါတယ်။


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ကုသရေးဌာန (၁၄) ခု၏ စီမံခန့်ခွဲအုပ်ချုပ်မှု တာဝန်ခံဆရာဝန်ကြီးများနှင့် Videoconferencing စနစ်ဖြင့်တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။


#crd

The health minister has warned that if Kovis infection continues, it will become inevitable

 -----------------------------------

 December 16


 Union Minister for Health and Sports Dr Myint Htwe has warned that the Kovis infection will continue to escalate.


 Minister Dr Myint Htwe said: “Compared to the population of the country, there are few public health and medical doctors in the Ministry of Health and Sports.  Nurses and support staff work day and night to balance the load.  "I would like to inform the public that if the COVID-19 outbreak continues to spread due to night shifts, it will become inevitable."


 He was speaking at a meeting with the doctors in charge of the management of 14 COVID-19 clinics in Yangon Region through Videoconferencing.


 #crd

Tuesday, December 1, 2020

နေပြည်တော်ချစ်သူလမ်းကြား_သို့မဟုတ်- နေပြည်တော်ရဲ့အပူဒဏ်ကိုအံတုခံနိုင်ပြီးစားသောက်စရာပေါင်းစုံနဲ့စည်းကားနေတဲ့နေရာ

 

နေပြည်တော်ချစ်သူလမ်းကြား_သို့မဟုတ်-
နေပြည်တော်ရဲ့အပူဒဏ်ကိုအံတုခံနိုင်ပြီးစားသောက်စရာပေါင်းစုံနဲ့စည်းကားနေတဲ့နေရာ
=============
ဒီဇင်ဘာလ၁











   နေပြည်တော်ချစ်သူလမ်းကြား(သို့)နေပြည်တော်ရဲ့အပူဒဏ်ကိုအံတုခံနိုင်ပြီးအေးချမ်း‌သာယာကာပွဲ‌ေစျးတန်းအလားစား‌ေသာက်ဆိုင်များနှင့်စည်ကားနေတဲ့နေရာလေးဖြစ်ပါတယ်။
   အားလပ်ရက်မိသားစုတွေ၊ဒါမှမဟုတ်သူငယ်ချင်းများနှင့်ချစ်သူစုံတွေပျော်ပျော်ပါးပါးစားသောက်ပြီးပျော်ရွှငတွေပျော်ပျော်ပါးပါးစားသောက်ပြီးပျော်ရွှင်မဲ့နေရာလေးဖြစ်ပါတယ်။
  အရင်ကဌင်းနေရာလေးမှာချစ်သူစုံတွဲအနားယူတဲ့သူတွေကိုလူရမ်းကားများကလုယက်မှုတွေရန်ရှာမှူတွေရှိခဲ့တဲ့နေရာလေးဖြစ်ပေမဲ့ ယခုတော့လူစည်ကားစွာရှိနေသလို အပန်းဖြေလာကြတဲ့ပြည်သူများကိုလုံခြုံရေးရှိရေးချပြီးကာကွယ်မှုပေးထားတဲ့နေရာလေးဖြစ်ပါတယ်။
     ဖြေသွားနိုင်ကြပါကြောင်းသတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။
(မိမိစားသောက်ပြီးတဲ့အမှိုက်လေးတွေကိုတော့ပြန်သိမ်းပေးခြင်းဖြင့ကူညီပါ)

ချစ်သူလမ်းကြားတွင်တစ်စုံတစ်ခုဖြစ်ပါကအရေးပေါ်ဖုန်းနံပါတ်များ

09459110022
09442129772
09420741932
067433029
09420737458
09690627855

ဒုတိယ​မြောက်ရင်​သွေး​လေးကိုလွယ်ထားရပြီဖြစ်တဲ့ အဆို​တော်ချမ်းချမ်း

 ဒုတိယ​မြောက်ရင်​သွေး​လေးကိုလွယ်ထားရပြီဖြစ်တဲ့ အဆို​တော်ချမ်းချမ်း

------------------------------

ဒီ ၁






"ဘဝမှာ ပထမဆုံးသမီးလေးဂဂါၤကို ကိုယ်ဝန်ဆောင်ပြီး ၆နှစ်ကျော်အကြာမှာအခုတော့ ဒုတိယအကြိမ်အဖြစ် နောက်ထပ်ရင်သွေးလေးကိုအောင်မြင်စွာနဲ့ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါပြီ။

Covid ကာလမှာသမီးလေး အထီးကျန်စွာနဲ့အိမ်ထဲမှာ ပျင်းနေတာ ကိုမြင်ရတာစိတ်မချမ်းသာခဲ့ဘူး။ အမြဲတမ်းမောင်လေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ်လိုချင်တယ်လို့အမေ့သမီးလေးတောင်းဆိုခဲ့တာဒီနှစ်တော့အဆိုးထဲကအကောင်းပါပဲ" လို့ အဆိုတော်ချမ်းချမ်းကသူမရဲ့ပေ့ချ်ကနေ အသိပေးထားတာဖြစ်ပါတယ်။

#crd

၂၂ကြိမ်အောင်ဘာလေသိနး်တသောင်းခွဲဆုရှင်ထွပေါ်

၂၂ကြိမ်‌ေမြာအောင်ဘာလေသိန်းတသောင်းခွဲဆုရှင်ထွက်ပေါ်

==========

ဒီဇင်ဘာ ၁



ဒေါ်အိအိမော် ဝေါမြို့နယ် မိုးယံ #AW ဆိုင်မှ ကံထူးခဲ့တာဖြစ်ပါတယ်။(၂၂) ကြိမ်မြောက် အောင်ဘာလေ သိန်းတစ်သောင်းခွဲဆုရှင်ပေါ်ထွက်လာပါပြီ။

ဒေါ်အိအိမော် ဝေါမြို့နယ် မိုးယံ #AW ဆိုင်မှ ကံထူးခဲ့တာဖြစ်ပါတယ်။

#crd

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...