Wednesday, December 16, 2020

ကိုဗစ် ကူးစက်မှုများ ဆက်လက်များပြားနေပါက မနိုင်မနင်းဖြစ်လာတော့မယ်လို့ ကျန်းမာရေးဝန်ကြီး သတိပေးပြီ

 ကိုဗစ် ကူးစက်မှုများ ဆက်လက်များပြားနေပါက မနိုင်မနင်းဖြစ်လာတော့မယ်လို့ ကျန်းမာရေးဝန်ကြီး သတိပေးပြီ

----------------------------------

ဒီဇင်ဘာ ၁၆






ကိုဗစ် ကူးစက်မှုများ ဆက်လက်များပြားနေပါက မနိုင်မနင်းဖြစ်လာတော့မယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေးပြောကြားလိုက်ပါတယ်။


ဝန်ကြီးဒေါက်တာမြင့်ထွေးက “  နိုင်ငံလူဦးရေနဲ့ နှိုင်းယှဉ်ပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာရှိတဲ့  နည်းပါးသော ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများနှင့် အထောက်အကူပြု ပညာရှင်တွေက ဝန်နှင့်အား မမျှစွာ နေ့မအား၊ ညမနားဆောင်ရွက်နေရတဲ့အတွက် COVID-19 ကူးစက်မှုများ ဆက်လက်များပြားနေပါက မနိုင်မနင်းဖြစ်လာမည့် အချက်ကို ပြည်သူတွေကို အသိပေးပြောကြားလိုပါတယ်” လို့ ဆိုပါတယ်။


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ကုသရေးဌာန (၁၄) ခု၏ စီမံခန့်ခွဲအုပ်ချုပ်မှု တာဝန်ခံဆရာဝန်ကြီးများနှင့် Videoconferencing စနစ်ဖြင့်တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။


#crd

The health minister has warned that if Kovis infection continues, it will become inevitable

 -----------------------------------

 December 16


 Union Minister for Health and Sports Dr Myint Htwe has warned that the Kovis infection will continue to escalate.


 Minister Dr Myint Htwe said: “Compared to the population of the country, there are few public health and medical doctors in the Ministry of Health and Sports.  Nurses and support staff work day and night to balance the load.  "I would like to inform the public that if the COVID-19 outbreak continues to spread due to night shifts, it will become inevitable."


 He was speaking at a meeting with the doctors in charge of the management of 14 COVID-19 clinics in Yangon Region through Videoconferencing.


 #crd

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...