Monday, November 23, 2020

ရန်ကုန်_မန္တလေးအမြန်လမ်းတွင်၂၂ဘီးယာဉ်တိမ်းမှောက်ကာမီးလောင်မှုဖြစ်ပွားခဲ့

ရန်ကုန်_မန္တလေးအမြန်လမ်းတွင်၂၂ဘီးယာဉ်တိမ်းမှောက်ကာမီးလောင်မှုဖြစ်ပွားခဲ့

==========




မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စကားအင်း အမြန်လမ်း နယ်မြေအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၅၇ မိုင် ၄ ဖာလုံ နှင့် ၅ ဖာလုံ ကြားတွင် ယနေ့ (နိုဝင်ဘာ ၂၄ ရက်) နံနက် ၁ နာရီခန့်တွင် အရက်ဆီပေပါများ တင်ဆောင်လာသော ၂၂ဘီး တွဲကား ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက် မီးလောင်ကျွမ်းခဲ့ကြောင်း သိရပါသည်။

မီးလောင်မှု ဖြစ်စဉ်မှာ အရက်ဆီပေပါများ တင်ဆောင်လာသော ၂၂ ဘီးတွဲကား မော်တော်ယာဉ် တစ်စီး သည် မန္တလေး မှ နေပြည်တော် သို့ အသွား မိုင်တိုင် အမှတ် ၃၅၇ အရောက်တွင် အရှိန်လွန်ပြီး လမ်းဘေးကာရံ ထားသော သံဖရိန်များအား ဝင်တိုက်ကာ တိမ်းမှောက်ရာမှ ကားခေါင်းခန်းပိုင်း နှင့် အရက်ဆီပေပါတို့အား မီးလောင်ကျွမ်းခဲ့သည် ။

ထိုမီးလောင်မှုဖြစ်ပွားရာ နေရာသို့ မန္တလေးတိုင်းမီးသတ်ဦးစီးမှုးဌာန မှ ဒုတိယညွှန်ကြားရေးမှုး ဦးဌေးဝင်း ဦးဆောင်ကာ အုပ်ချုပ်မှုယာဉ် ၁ စီး ၊ အမရပူရမြို့နယ် မီးသတ်စခန်း မှ မီးငြိမ်းသတ်ယာဉ် ၄ စီး ၊ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၁ စီး ၊ ရေသယ်ယာဉ် ၁ စီး သန္ဓေအင်အား ၂၅ ဦး ၊ ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးမှုး လက်ထောက်ညွှန်ကြားရေးမှုး ဦးဇင်ထွန်း ဦးဆောင်ကာ အုပ်ချုပ်မှုယာဉ် ၁ စီး ၊ သန္ဓေအင်အား ၆ ဦး ၊ စဉ့်ကိုင်မြို့နယ် မီးသတ်စခန်း မှ ရေသယ်ယာဉ် ၁ စီး ၊ ပလိပ်နယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ် ၁ စီး ၊ သန္ဓေအင်အား ၈ ဦး တို့က ရေဂါလံ ၂၀၀၀၀ ခန့် နှင့် Foam အမြှုပ်ဆေးရည် ၃၅ ဂါလံ တို့ဖြင့် ငြိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၂ နာရီ ၁၅ မိနစ် အချိန်ခန့် တွင် မီးကို လုံးဝငြိမ်းသတ်နိုင်ခဲ့ပါသည် ။

ထိုမီးလောင်ကျွမ်းမှုကြောင့် တွဲကား ယာဉ်မောင်း မှာ တိမ်းရှောင် ထွက်ပြေးလျှက်ရှိပြီး တွဲကား ခေါင်းခန်း ၁၀ သိန်းခန့် နှင့် အရက်ဆီပေပါ အလုံး ၆၀ ကာလတန်ဖိုး ၁၈ သိန်း စုစုပေါင်း တန်ဖိုး ၂၈ သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာ နှင့် အသေအပျောက်မရှိကြောင်းလည်း သက်ဆိုင်ရာ မီးသတ်ဦးစီးဌာန မှ သိရှိရပါသည် ။

မီးလောင်မှု ဖြစ်စဉ် နှင့် ပါတ်သက်၍ တွဲကားယာဉ်မောင်း ( စုံစမ်းဆဲ ) အား တံတားဦးမြို့မရဲစခန်းမှ ( ပ-၁၇၃/၂၀၂၀ ) ရာဇသတ်ကြီးပုဒ်မ ၂၇၉ / ၂၈၅ တို့ဖြင့် အမှု့ဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရှိရပါသည် ။

22-wheeler overturned and caught fire on # Yangon-Mandalay Expressway

 ==========

 A 22-wheeler truck carrying alcohol bottles overturned at around 1 am today (November 24) between Yangon-Mandalay Expressway, Mile Post No. 357, Mile 4 Phalon and Mile 5 Phalon, Tada-U Township, Kyaukse District, Mandalay Region.

 The fire broke out when a 22-wheeler truck carrying alcohol pails overturned at Mile 357 on its way from Mandalay to Nay Pyi Taw, hitting the roadside rails and burning the hood and fuel pans.

 Deputy Director of the Mandalay Division Fire Department U Htay Win led an administrative vehicle to the scene.  Four fire engines from Amarapura Township Fire Station; one fire truck from Pyigyidagun Township Fire Station;  One tanker carries 25 people;  Kyaukse District Fire Chief and Assistant Director U Zin Tun led an administrative vehicle;  6 fetuses;  One water tanker from Sint Kaing Township Fire Station;  One water tanker from Palai area fire station;  Eight firefighters put out the blaze with about 20,000 gallons of water and 35 gallons of foam, which was contained at 2 a.m. and completely extinguished at about 2:15 p.m.

 As a result of the fire, the driver of the trailer was fleeing. About 10 lakh trailer cabins and 60 bottles of alcohol worth 18 lakh rupees worth a total of 28 lakh rupees were reported. No one was injured or killed, according to the fire department.

 It is learned that the Tada-U City Police Station has taken action against the driver of the trailer (still under investigation) under Section 279/285 of the Criminal Code (P-173/2020).


No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...