Monday, November 7, 2022

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

 






▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင်ပေါင်းများစွာလာရောက်ဆင်နွှဲခဲ့ကြပြီး ပြိုင်ပွဲဝင် အလှမီးပုံးပျံပေါင်း ၇၀ ကျော်ကို တနင်္ဂနွေနေ့ကနေ လာမယ့် ၅ရက်အတွင်း လွှတ်တင်သွားမှာဖြစ်ကြာင်းသိရှိရပါတယ်


Monday, March 28, 2022

ပခုက္ကူမြို့ ၊ အခွန်ဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းရုံးကို PDF က ဝင်ရောက်စီးနင်းပြီး ဌာနဆိုင်ရာပစ္စည်းများကို ရှင်းလင်း၊ ဝန်ထမ်းများကို ပြည်သူနှင့်အတူ ရပ်တည်ရန် အသိပေ

 ပခုက္ကူမြို့ ၊ အခွန်ဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းရုံးကို PDF က ဝင်ရောက်စီးနင်းပြီး ဌာနဆိုင်ရာပစ္စည်းများကို ရှင်းလင်း၊ ဝန်ထမ်းများကို ပြည်သူနှင့်အတူ ရပ်တည်ရန် အသိပေး


ရန်ကုန်၊ မတ် ၂၈ 




မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ အခွန်ဦးစီးဌာနရုံးနှင့် မြန်မာ့အာမခံလုပ်ငန်းရုံးကို ယနေ့ မွန်းလွဲ ၁ နာရီတွင်  PDF တပ်ပေါင်းစုများက ဝင်ရောက်စီးနင်းပြီး ဌာနဆိုင်ရာ ပစ္စည်းများကို ရှင်း လင်းခြင်း၊ ဝန်ထမ်းများကို ပြည်သူနှင့်အတူ ရပ် တည် ရန် အသိပေး ပြောဆိုခဲ့ကြောင်း PDF တပ်ပေါင်းစုက သတင်းထုတ် ပြန်သည်။ 


RSO (PKU)၊ Earthquake people's defense force (UG)၊ Young Force (UG)၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန် ပခုက္ကူမြို့ရှိ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် အခွန်ဦးစီးဌာနကို  ဝင်ရောက်စီးနင်းပြီး ဌာနဆိုင်ရာ ပစ္စည်းများအားရှင်းလင်း ခြင်းနှင့် သိမ်းယူခြင်းများ ပြုလုပ်ကာ ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူနဲ့အတူရပ်တည်ရန်ပြောဆိုခဲ့ကြောင်း သိရှိရသည်။ 


ထိုသို့ပြုလုပ်နေစဥ် ရုံးဝန်ထမ်းများက စစ်တပ်ထံသို့ ဖုန်း ခေါ်ဆိုတိုင်ကြားရန် ပြုလုပ်သဖြင့် ဖုန်းများ သိမ်းဆည်းခဲ့ရကြောင်း၊  ထို့ပြင် ရုံးဝန်ထမ်းတစ်ဦးက လက်နက်လုယူရန် ကြိုးစားသည့်အတွက် ထိန်းသိမ်းပညာပေးခဲ့ရကြောင်း PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

Friday, May 21, 2021

စစ်ကောင်စီလက်အောက်ခံ UEC နှင့် ယနေ့တွေ့ဆုံပွဲသို့ ပါတီပေါင်း ၆၀ တက်ရောက်ခဲ့သော်လည်း ရွေးကောက်ပွဲများတွင် တစ်နေရာပင် အနိုင်မရဖူးသည့်ပါတီအများစုဖြစ်သည်။

 NLD ကို ဖျက်သိမ်းမည်ဟု စစ်ကောင်စီ၏ကော်မရှင်ထုတ်ပြော

---------------------------------------------------

ရွေးကောက်ပွဲမသမာမှုလုပ်ခဲ့သည့် ပုဂ္ဂိုလ်များကိုလည်း နိုင်ငံတော်သစ္စာဖောက်အဖြစ် အရေးယူမည်ဟု စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ကြုံးဝါးသည်


Myanmar Now


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို မှတ်ပုံတင်ပယ်ဖျက်၍ ပါတီခေါင်းဆောင်များကို နိုင်ငံတော်သစ္စာဖောက်အဖြစ် အရေးယူရန် ဆောင်ရွက်နေပြီဟု စစ်ကောင်စီက အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဌ ဦးသိန်းစိုးက ထုတ်ဖော်ပြောကြားလိုက် သည်။ 


မကြာမီတွင် ၂၀၂၀ ရွေးကောက်ပွဲမဲစာရင်းများစိစစ်မှု ပြီးစီးမည်ဖြစ်ကာ ရည်ရွယ်ချက်ရှိရှိ မဲမသမာမှုလုပ်ခဲ့သည့် NLD ပါတီကို အရေးယူမည်ဖြစ်ကြောင်း နေပြည်တော်၌ ယနေ့ (မေ ၂၁) ပြုလုပ်သည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 


“အဲဒီလို ဥပဒေနဲ့မညီ ကြိုတင်ကြံစည်ပြီးဆောင်ရွက်ခဲ့တဲ့ NLD ပါတီကို ကျွန်တော်တို့ မှတ်ပုံတင်ဖျက်ပစ်ရပါမယ်။ ဆောင်ရွက်ခဲ့တဲ့ပုဂ္ဂိုလ်တွေကို နိုင်ငံတော်သစ္စာဖောက်အနေနဲ့ ကျွန်တော်တို့ အရေးယူရမယ်။ စဉ်းစားဆောင်ရွက်နေပြီဖြစ်ပါတယ်”ဟု ဦးသိန်းစိုးက ပြောသည်။


၂၀၂၀ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအနိုင်ရစေရေးအတွက် NLD အစိုးရအဖွဲ့က မဲစာရင်းဖောင်းပွစေရန်၊ အထောက်အထားမခိုင်လုံဘဲ မဲပေးခွင့်ရစေရန်၊ ကြိုတင်မဲကို ၎င်းတို့ပါတီအတွက် အားသာချက်အဖြစ် အသုံးချရန် UEC ကို အုပ်ချုပ်ရေးဘက်မှ နည်းမျိုးစုံဖြင့် လွှမ်းမိုးချုပ်ကိုင်ရန် ကြိုတင်စီမံဆောင်ရွက်ခဲ့သည်ဟုလည်း ၎င်းက စွပ်စွဲပြောကြားခဲ့သည်။ 


“ပါတီတစ်ခုတည်းက အစိုးရအဖွဲ့နိုင်ဖို့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု ဦးသိန်းစိုးက ဆိုသည်။


၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်တွင် ၃၀၆ မြို့နယ်၌ မဲစာရင်းများစိစစ်ပြီးဖြစ်သဖြင့် NLD ပါတီနှင့် တာဝန်ရှိသူများကို အရေးယူမည့်အစီအမံမှာ မကြာမီဖြစ်လာမည်ဟု ဦးသိန်းစိုးက ဆိုသော်လည်း အတိအကျကိုမူ မသိရသေးပေ။


ယနေ့တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ပါတီများကိုလည်း ၂၀၂၀ ရွေးကောက်ပွဲ၌ ကြုံတွေ့ခဲ့ရသည့် မသမာမှုဆိုင်ရာအထောက်အထားများပေးရန် စစ်ကောင်စီ၏ UEC က တရားဝင်တောင်းခံခဲ့သည်။


၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပြီးနောက် စစ်တပ်ခေါင်းဆောင်က လက်မခံနိုင်ဟုဆိုကာ ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သား အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည်။


ထို့အပြင် UEC ကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး စစ်ဥပဒေချုပ်ဟောင်းဖြစ်သူ ဦးသိန်းစိုးကို ဥက္ကဋ္ဌတာဝန်ပေးအပ်ခဲ့သည်။ ဦးသိန်းစိုးမှာ မြန်မာ့ရွေးကောက်ပွဲသမိုင်းတွင် မဲမသမာမှုများစွာရှိသည်ဟု နာမည်ကျော်ခဲ့ပြီး စစ်ယူနီဖောင်းချွတ် အရပ်သားပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ အာဏာလွှဲပေးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို UEC ဥက္ကဌအဖြစ် ကြီးကြပ်ဖူးသူဖြစ်သည်။


စစ်ကောင်စီလက်အောက်ခံ UEC နှင့် ယနေ့တွေ့ဆုံပွဲသို့ ပါတီပေါင်း ၆၀ တက်ရောက်ခဲ့သော်လည်း ရွေးကောက်ပွဲများတွင် တစ်နေရာပင် အနိုင်မရဖူးသည့်ပါတီအများစုဖြစ်သည်။

မေ 21

#MCN




ပါတီကို ဖျက်သိမ်းမည်၊ တာဝန်ရှိသူများကို အရေးယူမည်ဟု UEC သတိပေးခံရသည့် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပါတီဝင်အများစုကို အာဏာသိမ်းပြီးကတည်းက စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားကာ ပုဒ်မမျိုးစုံဖြင့် အမှုဖွင့်ထားပြီးဖြစ်သည်။

Thursday, May 20, 2021

နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများအား ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော် ၊ မေ - ၂၀ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း နှင့် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း နှင့် အမှတ်(၁၉) အခြေခံပညာ အထက်တန်းကျောင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့ကို ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကျောင်းအုပ် ကြီးများ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံပြီး စာသင်ခန်းများပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ် ဆေးကြသည်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်းကျောင်းအသီးသီးမှ ဆရာ/ ဆရာမများ တွေ့ဆုံရာတွင် နေပြည်တော် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစိုးသိုက်နှင့် သက်ဆိုင်ရာ ကျောင်း အုပ်ကြီးများက အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေး စီစဉ်ထားရှိမှု၊ ကျောင်းသားနှင့်ဆရာ/ဆရာမအချိုး၊ စာသင်ခန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေးစီမံထားရှိမှု၊ ကျောင်းစာကြည့် တိုက် နှင့် ကျောင်းကျန်းမာရေး ဆေးခန်းအခြေအနေ၊ စာသင်ခန်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာသင်ခုံနေရာချထားမှု၊ စာသင်ချိန်များစီစဉ်ထားမှု၊ သင်ထောက်ကူပစ္စည်းများ ဆောင်ရွက်ထားမှုအခြေအနေ၊ ကျောင်းကြို/ပို့ ယာဉ်ပြေးဆွဲပေးမည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ရေး အတွက် အပူချိန်တိုင်းကိရိယာများ၊ လက်ဆေးဘေစင်နှင့် လက်ဆေးဆပ်ပြာများ၊ လက်သန့်ဆေးရည်၊ နှာခေါင်း စည်း (Mask)များ စီစဉ်ထားရှိမှု၊ သောက်သုံးရေရရှိနိုင်ရေးပြင်ဆင်ထားရှိမှု၊ သန့်စင်ခန်းများ ပြင်ဆင်ထားရှိမှု၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆရာ ဆရာမများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ကျောင်းများတွင် လိုအပ်သည့် အချက်များကို ရှင်းလင်း တင်ပြကြသည်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ ကျောင်းဆရာ ၊ ဆရာမများအနေဖြင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသား ကျောင်းသူများကို ပညာများတတ်မြောက် ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြားပေးစေလိုကြောင်း၊ ပိုမိုယဉ်ကျေးလိမ္မာပြီး စံပြကျောင်းသား၊ ကျောင်းသူများဖြစ်ပေါ်စေရေးနှင့် အောင်ချက်ရာခိုင်နှုန်းမြင့်မားရေး နှင့် သင်ကြားရာတွင် ကိုဗစ်-၁၉ စည်းကမ်း များနှင့်အညီ စနစ်တကျလိုက်နာ ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းနေအရွယ်ကလေးများကို ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းသား ကျောင်းသူများကို အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းများ၏လိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေး စေလိုကြောင်း ပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကျောင်းများဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင်ဆောင် ရွက်ထားရှိမှုအခြေအနေများနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိ မှု အခြေအနေများကို အခြေခံပညာအထက်တန်းကျောင်းအသီးသီးရှိ စာသင်ခန်းများအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရှိရသည်။

 နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများအား ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ၊ မေ - ၂၀






နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း နှင့် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း နှင့် အမှတ်(၁၉) အခြေခံပညာ အထက်တန်းကျောင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့ကို ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကျောင်းအုပ် ကြီးများ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံပြီး စာသင်ခန်းများပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ် ဆေးကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်းကျောင်းအသီးသီးမှ ဆရာ/ ဆရာမများ တွေ့ဆုံရာတွင် နေပြည်တော် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစိုးသိုက်နှင့် သက်ဆိုင်ရာ ကျောင်း အုပ်ကြီးများက အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေး စီစဉ်ထားရှိမှု၊ ကျောင်းသားနှင့်ဆရာ/ဆရာမအချိုး၊ စာသင်ခန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေးစီမံထားရှိမှု၊ ကျောင်းစာကြည့် တိုက် နှင့် ကျောင်းကျန်းမာရေး ဆေးခန်းအခြေအနေ၊ စာသင်ခန်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာသင်ခုံနေရာချထားမှု၊ စာသင်ချိန်များစီစဉ်ထားမှု၊ သင်ထောက်ကူပစ္စည်းများ ဆောင်ရွက်ထားမှုအခြေအနေ၊ ကျောင်းကြို/ပို့ ယာဉ်ပြေးဆွဲပေးမည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ရေး အတွက် အပူချိန်တိုင်းကိရိယာများ၊ လက်ဆေးဘေစင်နှင့် လက်ဆေးဆပ်ပြာများ၊ လက်သန့်ဆေးရည်၊ နှာခေါင်း စည်း (Mask)များ စီစဉ်ထားရှိမှု၊ သောက်သုံးရေရရှိနိုင်ရေးပြင်ဆင်ထားရှိမှု၊ သန့်စင်ခန်းများ ပြင်ဆင်ထားရှိမှု၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆရာ ဆရာမများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ကျောင်းများတွင် လိုအပ်သည့် အချက်များကို ရှင်းလင်း တင်ပြကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ ကျောင်းဆရာ ၊ ဆရာမများအနေဖြင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသား ကျောင်းသူများကို ပညာများတတ်မြောက် ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြားပေးစေလိုကြောင်း၊ ပိုမိုယဉ်ကျေးလိမ္မာပြီး စံပြကျောင်းသား၊ ကျောင်းသူများဖြစ်ပေါ်စေရေးနှင့် အောင်ချက်ရာခိုင်နှုန်းမြင့်မားရေး နှင့် သင်ကြားရာတွင် ကိုဗစ်-၁၉ စည်းကမ်း များနှင့်အညီ စနစ်တကျလိုက်နာ ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းနေအရွယ်ကလေးများကို ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းသား ကျောင်းသူများကို အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းများ၏လိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေး စေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကျောင်းများဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင်ဆောင် ရွက်ထားရှိမှုအခြေအနေများနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိ မှု အခြေအနေများကို အခြေခံပညာအထက်တန်းကျောင်းအသီးသီးရှိ စာသင်ခန်းများအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရှိရသည်။

အာဏာသိမ်းစစ်ကောင်စီက တစ်နေ့ ၇၀၀၀ ပေးပြီး တပ်မတော်သား သားသမီးတွေကို လုံခြုံရေးတာဝန် ထမ်းဆောင်ခိုင်း

 အာဏာသိမ်းစစ်ကောင်စီက တစ်နေ့ ၇၀၀၀ ပေးပြီး တပ်မတော်သား သားသမီးတွေကို လုံခြုံရေးတာဝန် ထမ်းဆောင်ခိုင်း

MCN





အသက် ၁၈ ပြည့်ပြီး အလုပ်အကိုင်မရှိတဲ့ တပ်မတော်သားတွေရဲ့ သားသမီးတွေကို လက်နက်ငယ် ရက်တို သင်တန်းပေးပြီး စားရိတ်ငြိမ်း တစ်နေ့ ၇၀၀၀ ကျပ်နဲ့  မြို့တွင်းလုံခြုံရေးတွေမှာ အာဏာသိမ်းစစ်ကောင်စီဘက်တာ ဝန်ထမ်းဆောင်ခိုင်းနေတယ်လို့ အာဏာဖီဆန်မှုလုပ်ဆောင်လာတဲ့ တပ်မတော်အရာရှိစစ်သည်တွေဆီကနေသိရပါတယ်။


အဲဒီအပြင် အငြိမ်းစားပေးလိုက်တဲ့ တပ်မတော်သားတွေကိုလည်း လုံခြုံရေးတာဝန်ထမ်းဆောင်ဖို့ လွန်ခဲ့တဲ့ လကတည်းက အာဏာသိမ်းစစ်ကောင်စီဘက်က ပြင်ဆင််နေခဲ့တာလို့ဆိုပါတယ်။ အကြမ်းမဖက် အာဏာဖီဆန်မှု CDM လုပ်ဆောင်လာခဲ့တဲ့ တပ်မတော်အရာရှိကြီး တစ်ယောက်က တပ်မတော်သားတွေရဲ့ သားသမီးတွေကို လက်ရှိမှာ စစ်ပွဲဖြစ်နေတဲ့နေရာဒေသတွေကို မပို့သေးဘဲ မြို့တွင်းက စာသင်ကျောင်းတွေ ဆေးရုံတွေနဲ့ ရပ်ကွက်လုံခြုံရေးလိုနေရာမျိုးတွေမှာ တာဝန်ချထားမှုတွေလုပ်ဆောင််နေတာလို့ဆိုပါတယ်။


အပြင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုအမှန်မသိကြသလို အလုပ်အကိုင်မရှိတော့ဘဲ စားဝတ်နေရေးခက်ခဲလာတာကြောင့် အခုလိုဝင်ရောက်လုပ်ကိုင်နေတာလို့ဆိုပါတယ်။ စစ်ခေါင်းဆောင်ပိုင်းတွေက နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ တပ်တွင်းလုံခြုံရေးတင်းကြပ်ထားပြီး သတင်းအမှောင်ချထားတဲ့အတွက်ကြောင့် အပြင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာအမှန်ကို သိရှိသူနည်းတယ်လို့ အခုရက်ပိုင်းအတွင်းမှ CDM လုပ်လာတဲ့တပ်မတော်သားတစ်ယောက်က ဒီဗွီဘီသတင်းဌာနကိုပြောဆိုပါတယ်။ 


အာဏာသိမ်းမှုကို မကြိုက်တဲ့ တပ်မတော်သားအများအပြားလဲရှိနေပြီး အမိန့်ဆိုတဲ့အရာအောက်မှာ လူအခွင့်အရေးအရဆုံးရှုံးနေမှုတွေကို မကြိုက်တာကြောင့် တပ်ကိုစွန့်ခွါဖို့လုပ်ဆောင်နေတဲ့သူတွေအများအပြားရှိနေတယ်လို့ မတ်လအတွင်းက CDM လုပ်လာခဲ့တဲ့ တပ်မတော်အရာရှိတစ်ယောက်ကပြောပါတယ်။ 


လူအများစုက တပ်ကနေထွက်လာခဲ့တဲ့ တပ်မတော်သားတွေကို  NLD ပါတီကိုထောက်ခံသူလို့ပြောဆိုကြပြီး မထွက်ခွါတဲ့သူတွေကို တပ်မတော်ကိုထောက်ခံသူ လိုပြောဆိုကြတာတွေက ပြည်သူနဲ့ပူးပေါင်းချင်တဲ့ တပ်မတော်သားတွေအတွက်အခက်တွေ့စေပြီး ပါတီတစ်ခု လူတစ်စုအတွက်မဟုတ်ဘဲ အာဏာရှင်စနစ်ကိုအတူတကွ တိုက်ထုတ်ရမယ်ဆိုတဲ့အတွေးမျိုးတွေ ပြောဆိုမှုတွေရှိသင့်တယ်လို့ဆိုပါတယ်။


လက်ရှိအချိန်ထိ တပ်ထဲကနေထွက်ခွါလာတဲ့ တပ်မတော်သားအရာရှိ ထောင်နဲ့ချီ ရှိနေပြီး တချို့တပ်မတော်သားတွေကို လူငယ်တွေကို စစ်သင်တန်းတွေ ပြန်လည်ဝေမျှနေပါတယ်။


ဓာတ်ပုံ - ပုံဟောင်း

#dv

ရန်ကုန်မက်ခရို ကုန်တိုက်မှာ ပေါက်ကွဲမှုဖြစ်ပွား


 ရန်ကုန်မက်ခရို ကုန်တိုက်မှာ ပေါက်ကွဲမှုဖြစ်ပွား


ရန်ကုန်၊ စက်ဆန်းမှာရှိတဲ့ မက်ခရိုကုန်တိုက်ရဲ့ ကားပါကင်မှာ ဒီနေ့မွန်းလွဲပိုင်း ၂ နာရီကျော်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ကုန်တိုက်ရဲ့ ကားပါကင်မှာပေါက်ကွဲမှုဖြစ်ပွားတာ ဟုတ်မှန်ကြောင်း အတည်ပြုပေမယ့် အသေးစိတ်အခြေအနေကိုတော့ ပြောခွင့်မရှိကြောင်း ကုန်တိုက်ဘက်က ဘီဘီစီကို ပြောပါတယ်။ 

ပေါက်ကွဲမှုကြောင့် ကုန်တိုက်အတွင်း ဈေဝယ်သူများအပါအဝင် မည်သူကိုမှ အပြင်ကိုဝင်ထွက်ခွင့်မပေးထားဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်းရောက်ရှိနေပြီလို့ သိရပါတယ်။ 

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ပျက်စီးဆုံးရှုံးမှုကိုလည်းမသိရှိရသေးပါဘူး။

မက်ခရိုကုန်တိုက်ဟာ မေ ၂၁ ရက်ကစလို့ ဈေးဝယ်လာရောက်သူတွေအားလုံး ယာဉ်မောင်းလိုင်စင် ဒါမှမဟုတ် မှတ်ပုံတင် တို့ကို လုံခြုံရေးဂိတ်မှာ ပြသပြီးမှ ဈေးဝယ်စင်တာထဲကို ဝင်ရောက်ခွင့်ပြုမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။ 

အဲဒီကြေညာချက် လူမှုကွန်ရက်မှာပျံ့နှံ့လာပြီးနောက်တစ်ရက်မှာ ခုလို ပေါက်ကွဲမှုဖြစ်ပွားတာဖြစ်ပါတယ်။

ဒီမတိုင်ခင်ကလည်း မက်ခရိုစီးပွားရေးလုပ်ငန်းစုဟာ စစ်တပ်နဲ့ဆက်နွှယ်တဲ့လုပ်ငန်းဖြစ်တာကြောင့် လူမှုရေးပြစ်ဒဏ်(Social Punishment) ပေးသင့်ကြောင့် ရေးသားပြောဆိုမှုတွေရှိတဲ့အပေါ် မက်ခရိုကုန်တိုက်ဘက်က ဘယ်အဖွဲ့အစည်းနဲ့မှ မသက်ဆိုင်တဲ့ ပုဂ္ဂိလက စီးပွားရေးလုပ်ငန်းစုသာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းကြေညာချက်ထုတ်ပြန်ထားပါတယ်။ 


Photo-Social Media


#Copy

Friday, April 30, 2021

နေပြည်တော်_ရာဇဌာနီလမ်းနှင်းဆီဝိုင်းအနီးမီးလောင်မှုဖြစ်ပွား

 နေပြည်တော်_ရာဇဌာနီလမ်းနှင်းဆီဝိုင်းအနီးမီးလောင်မှုဖြစ်ပွား

============


မေ ၁


     1.5.2021 နံနက် 7:30 am အချိန်တွင် နေပြည်တော်-ရာဇဌာနီလမ်း နှင်းဆီဝိုင်းအနီး ပါရမီရှင်သင်္ဃန်းဆိုင်အားမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါမီးလောင်မှုအားသက်ဆိုင်ရာမီးသက်ကားများဖြင့်အချိန်မီမီးငြိမ်းသက်ခဲ့မှူကြောင့်ဘေးဘယ်ညာအိမ်များအားမီးကူးစက်မှုမရကြောင့်ဘေးဘယ်ညာအိမ်များအားမီးကူးစက်မှုမရှိပဲမီးငြိမ်းနိုင်ခဲ့ပါတယ်ခင်ဗျာ_မီးလောင်မှူကြောင့်ပါရမီရှင်သင်္ဃ



န်းဆိုင်အပေါ်ထပ်မီးလောင်သွားခဲ့ပြီးဆုံးရှုံးမှုတန်ဘိုးအားမသိရသေးကြောင်းနှင့်မည်သည့်အကြောင်းကြောင့်မီးလောင်သည်ကိုမသိရသေးကြောင်းသိရှိရပါတယ်


 #MCN

Sunday, March 7, 2021

ကျော်သူ_နာရေးကူညီမှုအသင်းနှင့်ဒေါ်ဇီးကွက်အားပုဒ်မ၅၀၅ကဖြင့်အမှုဖွင့်

 #ကျော်သူ_နာရေးကူညီမှုအသင်းနှင့်ဒေါ်ဇီးကွက်အားပုဒ်မ၅၀၅ကဖြင့်အမှုဖွင့်

============

မတ်လ ၇




            ကျော်သူ(နာရေးကူညီမှူအသင်း)နှင့်ဒေါ်ဇီးကွက်အားပြည်တွင်းပြည်ပအလှူငွေများအားအလွဲသုံးစားလုပ်၍ ဝန်ထမ်းများ CDM လုပ်စေရန်အတွက် ထောက်ပံ့မှုပေးခြင်း CDM ရေးကူညီမှုအသင်းအလှူငွေများဖြင့်ထောက်ပံ့ပေးခြင်း CDM လုပ်ရန်လှုံ့ဆော်ခြင်းများကြောင့် ပုဒ်မ ၅၀၅(က) ဖြင့်အမှုဖွင့်ထားပြီး ဖမ်းဆီးရမိအရေးဆောင်ရွက်နေကြောင်းမြဝတီရုပ်မြင်သံကြားမှသတင်းရရှိ///

#mcn #ကျော်သူ #နာရေးကူညီမှုအသင်း #ပုဒ်မ၅၀၅က

Sunday, January 10, 2021

ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာမှ သက်တမ်း နှစ် ၁၀၀ ရှိ ရွှေကျင်ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွား

 ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာမှ သက်တမ်း နှစ် ၁၀၀ ရှိ ရွှေကျင်ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွား

-----------------------------------

ချောင်းဆုံ ၊ ဇန်နဝါရီ (၉)








မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာရှိ ရွှေကျင် ဘုန်းကြီးကျောင်းတွင် လေအေးစက် အပူလွန်ကဲရာမှ ဇန်နဝါရီ(၉)ရက် မွန်းလွဲ (၁)နာရီခန့်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သိရပါတယ်။


အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ မော်လမြိုင်မြို့မှ မီးသတ်ယာဉ် (၃)စီး၊ ချောင်းဆုံမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၁)စီး၊ မုဒွန်းနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ချောင်းဆုံမြို့နယ် ကျေးရွာပိုင် ရေသယ်ယာဉ် (၃)စီးနှင့် ပရဟိတအသင်းများမှ ရေသယ်ယာဉ် (၁၀)စီး တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြရာ မွန်းလွဲ( ၂:၃၀) နာရီတွင် မီးငြိမ်းသွားကြောင်း သိရပါတယ်။


မီးလောင်ကျွမ်းမှုကြောင့် အလျား(၂၀ × ၃၀)ပေရှိ သည့် သက်တမ်း နှစ်တစ်ရာခန့်ရှိ ရှေးဟောင်း နှစ်ထပ် ကျောင်းဆောင် မီးလောင်ဆုံးရှုံး သွားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရပါတယ်။

Saturday, January 9, 2021

ပုသိမ်မြို့က သာသနာ့ဓမ္မဂုဏ်ရည်ဘုန်းကြီးကျောင်းကို တာဝန်ရှိသူတွေ ချိတ်ပိတ်

 ပုသိမ်မြို့က သာသနာ့ဓမ္မဂုဏ်ရည်ဘုန်းကြီးကျောင်းကို တာဝန်ရှိသူတွေ ချိတ်ပိတ်

---------------------

ဇန်နဝါရီ ၉ 









ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၄ ရပ်ကွက်က သာသနာ့ဓမ္မဂုဏ်ရည် ဘုန်းကြီးကျောင်းကို ဒေသခံ အာဏာပိုင်းတွေနဲ့ တာဝန်ရှိသူတွေလာ ရောက်ပြီး ချိတ်ပိတ်တာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြည်မြို့မှာ ဖမ်းမိတဲ့ ရခိုင်ပြည်နယ်က အထောက်အထားမဲ့ဝင်ရောက် လာသူတွေကို လိုက်ပို့တဲ့ ဘုန်းကြီးကားပိုင်တဲ့ ဆရာတော် ဥူးက္ကန္ဒယ သတင်းသုံးတဲ့ကျောင်းဖြစ်လို့ ခုလိုချိတ်ပိတ်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။


ချိတ်ပိတ်ခံရတဲ့ ကျောင်းမှာ သတင်းသုံးနေတဲ့ သံဃာတော်တွေနဲ့ သီလရှင် ဆရာလေးတွေက တော့ အခြားကျောင်းတွေက သတင်းသုံးဖို့အတွက် လက်မခံတာကြောင့် ကျောင်းရှေ့ မျက်နှာစာ လမ်းဘေးမှာ နေ့လည် ၁၁ နာရီလောက်ထဲက သီတင်းသုံးနေကြပါတယ်။


ကျောင်းရှေ့မျက်နှာစာလမ်းဘေးမှာ သီတင်းသုံး နေတဲ့ သံဃာတွေကို ရပ်ကွက်တာဝန်ရှိသူက လာရောက်ပြီး အဆင်ပြေမဲ့နေရာ ရွှေ့ပြောင်းဖို့ လာရောက်ပြောချိန်မှာ လူစုလူဝေးပုံစံဖြစ်ပေါ်ခဲ့ပါတယ်။


နေ့လည်ပိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူးနဲ့ တာဝန်ရှိသူတွေ ရောက်လာပြီး ကျောင်းတံခါးပိတ်ပြီး ချိတ်ပိတ်တဲ့လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာပါ။


ချိတ်ပိတ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ပြီးချိန်မှာတော့ ကျောင်းရဲ့ရှေ့မျက်နှာစာ လမ်းဘေးမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို အမျိုးသား ၁ ဦးက လာရောက်ပြီး ရပ်ကွက်ထဲမှာ ဘုန်းကြီးကျောင်း ၈ ကျောင်း ရှိတဲ့အထဲက အဆင်ပြေမည့် ကျောင်းတွင် သီတင်းသုံးလို့ ရအောင် စီစဉ်ပေးမည်ဖြစ်ကြောင်း လာရောက် ပြောဆိုခဲ့ပါတယ်။


ဘုန်းကြီးကျောင်း ချိတ်ပိတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေက စုပေါင်းအလှူငွေနဲ့ တည်ဆောက်ခဲ့တဲ့ ကျောင်းဖြစ်တာမလို့ ပြစ်မှု ကျူးလွန်တဲ့ ဆရာတော်ကိုသာ အရေးယူတာမျိုးတွေပြုလုပ်စေချင်ပြီး ကျောင်းကိုတော့ ကျန်ရှိနေတဲ့ သံဃာတော်တွေ သီတင်းသုံးလို့ရအောင် ဖွင့်ပေးစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးအားဓားဖြင့်ခုတ်၍မြစ်ထဲခုန်ချ

 ဘိုကလေးစျေးလမ်းအတွင်း အမျိုးသားတစ်ဦးက လူနှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့် တိုက်ခိုက်ကာ ရန်ကုန်မြစ်အတွင်း ခုန်ချထွက်ပြေးမှုကို ရဲတပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီးခဲ့







ခရီးသည် ၅၀ ဦးလိုက်ပါလာတဲ့ ဘိုးအင်း ၇၃၇ လေယာဉ် အင်ဒိုနီးရှားက ထွက်ခွာပြီးနောက် ပျက်ကျဟုသတင်းထွက်ပေါ်

 ခရီးသည် ၅၀ ဦးလိုက်ပါလာတဲ့ ဘိုးအင်း ၇၃၇ လေယာဉ် အင်ဒိုနီးရှားက ထွက်ခွာပြီးနောက် ပျက်ကျဟုသတင်းထွက်ပေါ်

-----------------------------------

ဇန်နဝါရီ ၉








ခရီးသည် ၅၀ လိုက်ပါလာတဲ့ ဘိုးအင်း ၇၃၇ ခရီးသည်လေယာဉ်တစ်စင်း အင်ဒိုနီးရှား ဂျာကာတာမြို့တော်ကနေ ထွက်ခွာသွားပြီးနောက် မကြာခင် ပေ ၁၀၀၀၀ ကျော်ကနေ ထိုးကျသွားတယ်လို့ သတင်းတွေက ဆိုပါတယ်။ အဆိုပါလေယာဉ်ဟာ ဂျာကာတာလေဆိပ်ကနေ ထွက်ခွာသွားပြီးနောက် ပင်လယ်ပြင်ထဲ ကျရောက်ပြီး ပျောက်ကွယ်သွားတယ်လို့ သိရပါတယ်။


Sriwijaya Air လေယာဉ်ဟာ ယနေ့ စနေနေ့က ဂျာကာတာမြို့တော်က ထွက်ခွာသွားပြီးနောက် လေယာဉ်ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ ဒေသခံသတင်းဌာနတွေက ဆိုပါတယ်။ အဆိုပါလေယာဉ်ဟာ ကာလီမန်တန်ပြည်နယ်အနောက်ပိုင်းရှိ ပွန်တီယာနက်ကို ထွက်ခွာလာတဲ့လေယာဉ်လို့ သိရပြီး လေယာဉ်ပေါ်မှာ ခရီးသည် ၅၆ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၆ ဦး လိုက်ပါလာကြောင်း သိရပါတယ်။


ဘိုးအင်း B737-500 လို့ယူဆရတဲ့ လေယာဉ်ဟာ လေဆိပ်ကထွက်ခွာပြီး လေးမိနစ်အကြာမှာပဲ ပေ ၁၀၀၀၀ အမြင့်ကနေ ပျက်ကျခဲ့တယ်လို့ ယူဆထားပါတယ်။


ကယ်ဆယ်ရေးသမားတွေဟာ မြို့တော်မြောက်ဘက်သမုဒ္ဒရာအတွင်း အပျက်အစီးတွေ ရှာတွေ့ခဲ့ကြပြီးနောက် ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေအတွက် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။


Sriwijaya Air SJ182 ဘိုးအင်းလေယာဉ် ရေဒါက ပျောက်သွားပြီးနောက် ဂျာကာတာပင်လယ်အော်မှာ ကယ်ဆယ်ရေးသမားတွေ ပထမဆုံး အပျက်အစီးတွေ ရှာတွေ့ခဲ့ပါတယ်။ ဒီအပျက်အစီးတွေဟာ ဘိုးအင်း ၇၃၇ လေယာဉ်က ဖြစ်ကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ လေကြောင်းလိုင်းတာဝန်ရှိသူတွေက ဆိုပါတဘ်။


အင်ဒိုနီးရှား လေကြောင်းလိုင်း Sriwijaya Air က အမျိုးသားရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့၊ အမျိုးသား ပို့ဆောင်ရေးလုံခြုံရေးကော်မတီတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်နေပြီး တရားဝင်ထုတ်ပြန်ချက်မတိုင်ခင် သတင်းတွေ ရသလောက်စုဆောင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Tuesday, January 5, 2021

တရုတ်က မှာထားတဲ့ လေအိတ်ရထားတွဲဆိုင်းများ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ

 တရုတ်က မှာထားတဲ့ လေအိတ်ရထားတွဲဆိုင်းများ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ

---------------------

ဇန်နဝါရီ ၅







တရုတ်နိုင်ငံမှ မှာယူကာသယ်ဆောင်လာသည့် လေအိတ်ရထား တွဲဆိုင်း(၂၈)ဆိုင်းသည် ရန်ကုန်သီလဝါ (MITT)ဆိပ်ကမ်းသို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့တွင် စတင်ရောက်ရှိကြောင်း သိရပါတယ်။


အဆိုပါလေအိတ်ရထားတွဲဆိုင်းများသည် လူစီးရထားတွဲဆိုင်းများဖြစ်ပြီး ရိုးရိုးတန်း (၁၄)တွဲ အထက်တန်း(၁၄)တွဲပါဝင် ကြောင်း သိရပါတယ်။


 မြန်မာ့မီးရထား တာဝန်ရှိသူများအဖွဲ့မှ အဆိုပါတွဲဆိုင်းများကိုအဆင့်ဆင့် လက်ခံသယ်ယူကာ မြစ်ငယ်အလုပ်ရုံသို့ ပို့ဆောင်၍ ရထားလမ်းပိုင်းများတွင် ပြေးဆွဲနိုင်အောင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Airbags ordered by China arrive at Thilawa port


 ---------------------


 January 5



 Twenty-eight train carriages ordered from China arrived at Yangon Thilawa (MITT) Port on 5 January 2021.



 These air bag train stops are passenger train stops and consist of 14 regular trains and 14 senior trains.



 It is learned that the Myanmar Railways officials will take the trailers in stages and take them to Myit Nge Workshop to continue running on the railway tracks.

Friday, December 25, 2020

မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်အဖြစ် ရွှေလီမြို့နှင့် မူဆယ်မြို့တို့တွင် စတင်အကောင်ထည်ဖော်သွားမည်

 မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်အဖြစ် ရွှေလီမြို့နှင့် မူဆယ်မြို့တို့တွင် စတင်အကောင်ထည်ဖော်သွားမည်

---------------------------

နေပြည်တော် ဒီဇင်ဘာ 



မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်အဖြစ် တရုတ်နိုင်ငံ၊ ရွှေလီမြို့နှင့် မြန်မာဘက်ခြမ်းတွင် မူဆယ်ဘက်ခြမ်း၊ ကျင်စန်းကျော့နယ်စပ်ဂိတ်အနီး မြေနေရာတို့တွင် စီမံကိန်းဆောင်ရွက်သွားရန် သတ်မှတ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


ယခင်က အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ တရုတ်အစိုးရအနေဖြင့် စီးပွားရေးဇုန်အတွင်း ဇုန်ငယ် ငါးခုထည့်သွင်းရန် အဆိုပြုခဲ့သော်လည်း လက်ရှိတွင် ဗဟိုဇုန်နှင့် ပူးပေါင်းဆောင်ရွက်ဇုန်ကိုသာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အကောင်ထည်ဖော်မည့် ဗဟိုစီးပွားရေးဇုန်ကို မြန်မာနိုင်ငံဘက်ခြမ်း မူဆယ်မြို့၊ ကျင်စန်းကျော်ဂိတ်အနီးနှင့် တရုတ်နိုင်ငံဘက်ခြမ်း ရွှေလီမြို့တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြေနေရာအကျယ်အဝန်းအတိအကျကို ထပ်မံ အတည်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။


“ နယ်စပ်စီးပွားရေးဇုန်ကို မြန်မာဘက်ကတော့ မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးဆိုပြီးတော့ ရွေးချယ်ထားတာပေါ့။ သို့သော်လည်း တရုတ်ဘက်ကတော့ ရွှေလီနဲ့ မြန်မာဘက်ခြမ်းက မူဆယ်တို့မှာ နှစ်ခုတည်းလုပ်မယ်ဆိုပြီး အဆိုပြုထားတာပါ။ အရင်ကတော့ သူတို့ဘက်က နေရာငါးခုလောက်လုပ်မယ်ဆို ပြီးအဆိုပြုထားတာကနေ အခု နေရာနှစ်ခုမှာပဲ စလုပ်မယ်ဆိုပြီး လုပ်နေတာပါ။ Core Zone အဖြစ် တရုတ် ဘက်မှာက ကျယ်ဂေါင်နဲ့ ဝမ်တိန်ဘက်မှာလုပ်ဖို့နဲ့ မြန်မာဘက်ခြမ်းက မူဆယ်၊ ကျင်စန်းကျော့ဘက်မှာမှာ လုပ်ဖို့ ဆောင်ရွက်နေတာပါ။ မြန်မာဘက်ခြမ်းကတော့ ဆောင်ရွက်နိုင်မဲ့ မြေနေရာအတိုင်းအတာတွေကို စစ်ဆေးဆောင်ရွက်ပြီးသွားပြီ။ ကျန်တဲ့မြေအမျိုးအစားခွဲခြားမှုတွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဆက်လုပ်သွားမှာပါ။” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

Myanmar-China border economic cooperation zone will be established in Shweli and Muse


 ---------------------------


 Nay Pyi Taw, December


 




 China-Myanmar border economic cooperation zone  Shweli and Muse on the Burmese side;  According to the Ministry of Commerce, the project is scheduled to be carried out on land near the Kyin San Kyaw border gate.



 Previously, the Chinese government had proposed five sub-zones in the economic zone, but now only the central zone and co-operation zone will be implemented.  The Central Economic Zone will be located in Muse, Myanmar.  It will be implemented near Kyin San Kyaw Gate and Shweli on the Chinese side, and the exact size of the land will be confirmed.



 “On the Burmese side, the border economic zone is Muse.  Chin Shwe Haw  It was chosen as Kan Pike Ti.  However, China has proposed to do both in Shweli and Muse on the Burmese side.  Previously, they proposed to work in five places, but now they are working in two places.  The core zone will be built on the Chinese side with Kyi Gaung and the Wanding side.  We are working on the Kyin San Kyaw side.  The Burmese side has already inspected the extent of land available.  The rest of the land classification will be done by the Shan State government. ”  Khin Maung Lwin, assistant secretary at the Ministry of Economy and Trade, said.

Friday, December 18, 2020

ရန်ကုန်ရှိ ပန်းခြံများကို ခရစ်စမတ်နှင့် နှစ်သစ်ကူးကာလ ဒီဇင်ဘာ ၂၁ ရက်မှ ၃၁ ရက်နေ့အထိ ယာယီပိတ်မည်

 ရန်ကုန်ရှိ ပန်းခြံများကို ခရစ်စမတ်နှင့် နှစ်သစ်ကူးကာလ ဒီဇင်ဘာ ၂၁ ရက်မှ ၃၁ ရက်နေ့အထိ ယာယီပိတ်မည်

------------------------------

ဒီဇင်ဘာ ၁၉







ကိုဗစ်ထိန်းချုပ်ရန်အတွက် ရန်ကုန်ရှိ ပန်းခြံများကို ခရစ်စမတ်နှင့် နှစ်သစ်ကူးကာလ ဒီဇင်ဘာ ၂၁ ရက်မှ ၃၁ ရက်နေ့အထိ ယာယီပိတ်ထားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက  ထုတ်ပြန်လိုက်ပါတယ်။


လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြန့်ပွားမှုကာကွယ်နိုင်ရန် အပန်းဖြေသူ များပြားစွာ လာရောက်မှုရှိခဲ့သည့် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံကို ဒီဇင်ဘာ ၇ ရက်မှစတင်ပြီး ဝင်ရောက်ခွင့်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။


ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း အများပြည်သူအပန်းဖြေ အနားယူနိုင်သည့် ပန်းခြံပေါင်း ၆၁ခုရှိပြီး ရန်ကုန် အရှေ့ပိုင်းခရိုင်တွင် ၁၅ခု၊ ရန်ကုန်အနောက်ပိုင်းခရိုင်တွင် ၁၉ခု၊ ရန်ကုန်တောင်ပိုင်းခရိုင်တွင် ၁၄ခုနှင့် ရန်ကုန်မြောက်ပိုင်းခရိုင်တွင် ၁၃ခုရှိကြောင်း သိရပါတယ်။

Parks in Yangon will be temporarily closed for Christmas and New Year from December 21 to 31


 -------------------------------


 December 19



 The Yangon City Development Committee has announced that parks in Rangoon will be temporarily closed from December 21 to 31 during the Christmas and New Year period to control Kovis.



 The Mahabandula Park in Rangoon's Kyauktada Township, which is currently attracting a large number of tourists to prevent the spread of the Kovis-19 virus, has been closed indefinitely since December 7.



 There are 61 public parks within the Yangon Development Zone, including 15 in Yangon East District;  19 in Yangon Western District;  There are 14 in Yangon Southern District and 13 in Yangon North District.

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားပြန်ဆွဲတဲ့ ကိုအောင်ကြီးအမှု ရဲချုပ်အနေဖြင့် ငြင်းချက်ထုတ်ရန် အမိန့်ချ

 မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားပြန်ဆွဲတဲ့ ကိုအောင်ကြီးအမှု ရဲချုပ်အနေဖြင့် ငြင်းချက်ထုတ်ရန် အမိန့်ချ

-----------------------------

နေပြည်တော်၊ ဒီဇင်ဘာ ၁၈။



မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားပြန်ဆွဲလိုက်တဲ့ ကိုအောင်ကြီးအမှုကို နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်အနေဖြင့် ငြင်းချက်ထုတ်ရန်အတွက် ယနေ့ ဒီဇင်ဘာလ ၁၈ ရက်တွင် အမိန့်ချလိုက်ကြောင်း သိရသည်။


“ဒီနေ့အခြေအနေကတော့ အဆိုလွှာမှာအကျအပေါက် အတိမ်းအစောင်းမရှိဘူးလို့တရားသူကြီးက သုံးသပ်ပါတယ်။ အကျအပေါက်အတိမ်းအစောင်းမရှိတဲ့အတွက်ကြောင့် တရားမမှုတွေရဲ့ထုံးစံအရ ငြင်းချက်စာကို တစ်ဘက်ကိုထုတ်ရတယ်။ ထုတ်ရတဲ့အခါမှာ အဆိုလွှာနဲ့ တွဲပြီးထုတ်ရတယ်။ အဲ့ဒီနေ့မှာ ငြင်းဆိုမယ်ဆိုလို့ရှိရင် ခင်ဗျားသော်လည်းကောင်း၊ ခင်ဗျားရဲ့ ကိုယ်စားလှယ်သော်လည်းကောင်း၊ ခင်ဗျားရဲ့ ရှေ့နေသော်လည်းကောင်း လာပြီးတော့ ချေပလွှာတင်ပါဆိုပြီးတော့ အဲ့ဒါထုတ်ရမှာပေါ့။ အဲ့ဒါထုတ်ဖို့အတွက် အခုအမိန့်ချလိုက်ပြီ။” ဟု ကိုအောင်ကြီး၏ ရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။


ယနေ့တွင် တရားလိုကိုအောင်ကြီးက မြန်မာနိုင်ငံတပ်ဖွဲ့ဆီမှ နစ်နာကြေးကျပ်သိန်း ၅၀၀၀ ရလိုမှုဖြင့် တရားစွဲသောအမှုကို ပထမဆုံးနေ့အဖြစ် နစ်နာမှုအတွက်တင်ပြစာများကို တရားသူကြီး စိစစ်လက်ခံပြီး နောက်ရုံးချိန်းတွင် တရားစွဲခံရသည့်အဖွဲ့အစည်းကို ဆင့်ခေါ်မည်ဖြစ်ကြောင်း သိရသည်။


“ကျွန်တော်အနေနဲ့က နစ်နာမှုတွေအများကြီးပါပဲ။ ကျွန်တော့်ဂုဏ်သိက္ခာ၊ ကျွန်တော်မိသားစုရဲ့ ဂုဏ်သိက္ခာ ထိခိုက်နစ်နာပါတယ်။ တစ်ခုချင်းပြောရင် ပြောလို့တောင်ကုန်မှာမဟုတ်ပါဘူး”ဟု တရားလို ကိုအောင်ကြီးက ပြောသည်။


ကိုအောင်ကြီးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး သံသယတရားခံအဖြစ် ဖမ်းဆီးခဲ့ပြီး တရားရုံးက ကိုအောင်ကြီးအပြစ်မရှိကြောင်း ဆုံးဖြစ်ခဲ့သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နစ်နာမှုအတွက် နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ko Aung Gyi, who sued the Myanmar Police Force, has been ordered to file a counterclaim


 -----------------------------


 Nay Pyi Taw  December 18


 Ko Aung Gyi's case against the Myanmar Police Force  Dakkhin District Court  The Chief of Police issued an order today, December 18.



 "The situation today is that there are no gaps in the motion," he said.  Because there are no gaps, it is customary for a lawsuit to be filed on the other side.  When it comes out, it has to be attached to the proposal.  If you refuse on that day, you or  Your representative;  Your lawyer will have to come and file a counterclaim.  An order has now been issued to produce it. ”  Aung Gyi's lawyer  Attorney Khin Maung Zaw said.



 Today, the first day of the lawsuit filed by the plaintiff, Aung Gyi, will be summoned by the judge to summon the plaintiff at the next court hearing.



 "I have suffered a lot," he said.  My reputation  It hurts my family's reputation.  If we talk about it one by one, we will not stop talking about it, ”said prosecutor Aung Gyi.



 Aung Gyi was arrested by the Burmese police on suspicion of being involved in the Victoria case, and the court ruled that Aung Gyi was not guilty of any crime.  The petition was filed in the Dakkhin District Court.

ကျွန်းစုမြို့နယ် ဝဲကျွန်းအနီးတွင် ၂၆ ပေရှည်သည့် ဝေလငါးမန်းတစ်ကောင် သေဆုံးလျက်တွေ့ရှိ

 ကျွန်းစုမြို့နယ် ဝဲကျွန်းအနီးတွင် ၂၆ ပေရှည်သည့် ဝေလငါးမန်းတစ်ကောင် သေဆုံးလျက်တွေ့ရှိ







Thursday, December 17, 2020

မန္တလေးခရိုင် Lockdown ကို ပြန်လည်ဖြေလျော့လိုက်ပြီ

 မန္တလေးခရိုင် Lockdown ကို ပြန်လည်ဖြေလျော့လိုက်ပြီ

-----------------------------

ဒီဇင်ဘာ ၁၈






မန္တလေးခရိုင်တွင် ချမှတ်ထားသည့်  Lockdown ကို  ပြန်လည်ဖြေလျော့လိုက်ပြီလို့ မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။


တိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့ ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရမှ ပြည်သူသို့ တင်ပြခြင်းတွင်   ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။


မန္တလေး ခရိုင်အတွင်း ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်နေ့အထိ Lockdown ချထားတာဖြစ်ပြီး လက်ရှိတွင် Stay at Home ကာလသတ်မှတ်ခြင်းကို ဆက်လက်မဆောင်ရွက်သော်လည်း ပြည်သူများအနေဖြင့် COVID-19 ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ နေထိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပန်ကြားထားပါတယ်။


COVID-19 ရောဂါ ထိန်းချုပ်နိုင်ရန် မန္တလေးခရိုင်တွင် ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်ထိ နှစ်ပတ်ကြာ Stay at Home ကာလ သတ်မှတ်ခဲ့ပြီး  စည်းကမ်းမလိုက်နာသူ ၁၃၀၀၀ ကျော်ကို ဒဏ်ရိုက်အရေးယူခဲ့ပြီး ဒဏ်ကြေးငွေ ၆၆ သန်းကျော်ရရှိခဲ့တယ်လို့ဆိုပါတယ်။

Mandalay District Lockdown has been released


 -----------------------------


 December 18



 The Mandalay Region government has announced that the lockdown in Mandalay District has been lifted.



 COVID-19 protection issued by the regional government on 18 December.  Control  The treatment is included in the report submitted by the Mandalay Region Government to the public.



 The lockdown has been in place in Mandalay District from December 5 to 18, and although the current Stay at Home period has not been extended, the people have been asked by the regional government to abide by the COVID-19 protection guidelines.



 More than 13,000 non-compliant people were fined and fined more than 66 million kyat for a two-week stay at home in Mandalay district from December 5 to 18 to control COVID-19.

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...