Thursday, December 17, 2020

ပထမဆုံးအကြိမ်ပျံသန်းမည့် အပျော်စီးလေယာဉ်ခရီးစဉ် အတွက် ရန်ကုန်-ကျိုက်ထီးရိုး-ဘားအံ ကို ဒီဇင်ဘာ ၂၀ ရက်တွင် ပြေးဆွဲမည်

 ပထမဆုံးအကြိမ်ပျံသန်းမည့် အပျော်စီးလေယာဉ်ခရီးစဉ် အတွက် ရန်ကုန်-ကျိုက်ထီးရိုး-ဘားအံ ကို ဒီဇင်ဘာ ၂၀ ရက်တွင် ပြေးဆွဲမည်

-------------------------------

နေပြည်တော် ဒီဇင်ဘာ ၁၈




မြန်မာနိုင်ငံ တွင် ပထမဆုံးအကြိမ်ပျံသန်းမည့် အပျော်စီးလေယာဉ်ခရီးစဉ် Non Landing Sightseeing Flights Tour ဖြင့် ပထမဆုံးခရီးစဉ်ဖြစ်သည့် ရန်ကုန်-ကျိုက်ထီးရိုး-ဘားအံ ခရီးစဉ်ကို လာမည့်ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် စတင်ပျံသန်းပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။


ကိုဗစ်ကာလ နိုင်ငံအတွင်း ရောဂါထိန်းချုပ်နိုင်မှုအခြေအနေများအရ တစ်နေ့တာ အပန်းဖြေလိုသူ များအတွက် ကိုဗစ်ကာလတွင် ပထမဆုံးစီစဉ်ဆောင်ရွက်သည့် အပျော်စီးလေယာဉ်ခရီးစဉ်ဖြင့် ကောင်းကင် မှ ဝေဟင်မြင်ကွင်းများကို ကြည့်ရှုခံစားနိုင်ရန်အတွက် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းမှ စ၍ ရန်ကုန်လေဆိပ်မှစတင်ထွက်ခွာကာ ကျိုက်ထီးရိုး- ဘားအံ(ဇွဲကပင်တောင်) ခရီးစဉ်ကို အချိန်တစ်နာရီခွဲခန့် ဖြင့် အသွားအပြန်ခရီးစဉ်ကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


“ အခုလောလောဆယ်ကတော့ ရန်ကုန်လေဆိပ်ကနေစတင်ထွက်ခွာပြီး ကျိုက်ထီးရိုးကို ကောင်းကင်ကနေလှည့်ပတ်ပြီး ကြည့်ရှုမယ်။ အဲ့ကနေဆက်ပြီး ဘားအံက ဇွဲကပင်တောင်ရော၊ ဘားအံမြို့အလှရော၊ ပြီးတော့ သံလွင်မြစ်အလှကို ဖြတ်ပြီး ရန်ကုန်ကိုပြန်လာပါမယ်။ အသွားအပြန်ခရီးစဉ် ကတစ်နာရီခွဲလောက်ကြာပါမယ်။ ကျန်တဲ့ခရီးစဉ်တွေ ဥပမာ ပုဂံခရီးစဉ်တွေက အခြေအနေကြည့်ရဦးမှာ ပေါ့။ ခရီးဝေးတော့ အချိန်ကြာမယ်၊ အချိန်ကြာရင် ကုန်ကျစရိတ်တွေပိုများလာပြီး ဈေးနှုန်းတွေကြီးမြင့်သွား ရင် လိုက်စီးမဲ့သူတွေလဲ နဲနိုင်တာကြောင့် မဆွဲသေးပါဘူး။ အဓိက ကတော့ ခရီးကိုရောက်ဖို့ထက် ဝေဟင်က နေ လှည့်ပတ်ကြည့်ရှုမဲ့ Side Seen Flight ခရီးစဉ်ဆိုတော့ အနိမ့်ပျံသွားရမှာပါ။ ရောက်ပြန်သဘောပေါ့” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌဦးနောင်းနောင်းဟန်က ပြောသည်။

Yangon-Kyaik Htee Yoe-Hpa-an to launch first pleasure flight on December 20


 -------------------------------


 Nay Pyi Taw, 18 December



 The first Yangon-Kyaik Htee Yoe-Hpa-an flight will be launched on the morning of December 20 with the first Non-Landing Sightseeing Flights Tour in Myanmar, according to the Myanmar Association of Travel Agents.



 From Kyaik Htee Yoe-Hpa-An (Zwekapintaung), the first round-trip flight from Kyaik Htee Yoe to Hpa-an (Zwekapintaung) will be operated for one hour and a half from the morning of December 20 for those who want to enjoy a day out of the disease control situation in Kovis.



 “For now, we will depart from Rangoon Airport and look at Kyaik Htee Yoe from the sky.  From there, both Hpa-an and Zwekapin.  The beauty of Hpa-an  Then we will cross the beauty of Salween River and return to Yangon.  The round trip takes about an hour and a half.  The rest of the trips, such as the Bagan trip, have yet to be seen.  The journey will take time.  If the cost goes up over time and the price goes up, there will be fewer people to follow.  The main thing is the Side Seen Flight, which is an aerial tour rather than the destination.  It means we are back, ”said Naung Naung Han, chairman of the Myanmar Tourism Association.

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...