Tuesday, November 24, 2020

မန္တလေး မစိုးရိမ်တိုက်သစ်ရှိ ဓမ္မသီတဂူကျောင်းမှ သံဃာ ၇ပါးမှာ ကိုဗစ်ပိုးထပ်မံတွေ့ရှိ

မန္တလေး မစိုးရိမ်တိုက်သစ်ရှိ ဓမ္မသီတဂူကျောင်းမှ သံဃာ ၇ပါးမှာ ကိုဗစ်ပိုးထပ်မံတွေ့ရှိ
---------------------------------
မန္တလေး၊ နိုဝင်ဘာ ၂၄။


မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ရှိ ဓမ္မသီတဂူကျောင်းဆောင်မှ သံဃာအချို့ အနံ့ပျောက်ရာမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သံဃာ ၇ပါးမှာ ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိခဲ့တယ်လို့ မစိုးရိမ်တိုက်သစ်-မန္တလေးရဲ့ သတင်းများ အရ သိရပါတယ်။

နိုဝင်ဘာလ ၂၃ရက်နေ့က မစိုးရိမ်တိုက်သစ်ရှိ ဓမ္မသီတဂူကျောင်းဆောင်မှ သံဃာ ၂ပါးမှာ အနံ့ပျောက်ခြင်းများ ရှိခဲ့သည့်အတွက် မန္တလေးအထွေထွေဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးစစ်မှုများပြုလုပ်ခဲ့ရာက ကိုဗစ်ပိုး တွေ့ရှိ ခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ပိုးတွေ့ရှိခဲ့သည့် သံဃာ ၂ပါး သီတင်းသုံးသော ဓမ္မသီတဂူကျောင်းဆောင်မှ သံဃာများကို ရော ဂါပိုးရှိမရှိ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ သံဃာအပါး ၂၀ရှိသည့်အနက် ၅ပါးမှာ ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည့်အတွက် စုစုပေါင်း ၇ဦး ရောဂါကူးစက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယခုလ နိုဝင်ဘာလဆန်းပိုင်းအတွင်းကစတင်ပြီး မစိုးရိမ်တိုက်သစ်ရှိ ကျောင်းဆောင်အချို့မှ သံဃာအချို့မှာ ရောဂါပိုးတွေ့ရှိခဲ့ရာက အနံ့ပျောက်သည့် သံဃာများ ရှိလာခဲ့သည့်အနက် ပိုးတွေ့သံဃာများကို ထပ်မံတွေ့ရှိခဲ့ ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
Crd myanmarplatform
Kovis Poe was found in seven monks at Dhamma Sitagu Monastery in Mandalay's new Masoyein Temple
 ---------------------------------
 Mandalay  November 24

 Mandalay  According to a report from Ma Soyein New Temple-Mandalay, some monks at the Dhamma Sitagu Monastery in Masoyein New Monastery were found to be infected with the Kovis virus after seven monks were found to have lost their odor.

 On November 23, two monks from the Dhamma Sitagu Monastery in the new monastery were found to have lost their odor and were taken to Mandalay General Hospital for medical examination.

 A total of seven out of 20 monks were found to be infected with the Kovis virus, and two of the 20 monks were tested positive for the virus.

 Since the beginning of this month, some monks in some monasteries in the new monastery have been diagnosed with the virus, which has led to the discovery of infected monks.
 Crd myanmarplatform

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...