Friday, November 27, 2020

တင်ဒါဝင်ပြိုင်မည့် ကုမ္ပဏီခြောက်ခုပိုင်ရှင်များသည် NLD ရွေးကောက်ပွဲအောင်နိုင်ရေး ဝန်းရံကူညီသူများ ဖြစ်ကြောင်း ထန်တလန်မြို့နယ် ပါတီဥက္ကဋ္ဌက ထောက်ခံပေးသည့်စာ အွန်လိုင်းတွင် ထွက်ပေါ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု ချင်းပြည်နယ် NLD ပါတီရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီထုတ်ပြန်

 တင်ဒါဝင်ပြိုင်မည့် ကုမ္ပဏီခြောက်ခုပိုင်ရှင်များသည် NLD ရွေးကောက်ပွဲအောင်နိုင်ရေး ဝန်းရံကူညီသူများ ဖြစ်ကြောင်း ထန်တလန်မြို့နယ် ပါတီဥက္ကဋ္ဌက ထောက်ခံပေးသည့်စာ အွန်လိုင်းတွင် ထွက်ပေါ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု ချင်းပြည်နယ် NLD ပါတီရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီထုတ်ပြန်

ချင်းပြည်နယ် NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်နှင့် အွန်လိုင်းတွင် ပျံ့နှံနေသည့် ထန်တလန်မြို့နယ် NLD ပါတီဥက္ကဋ္ဌ လက်မှတ်ရေးထိုးထားသည့် စာအား တွေ့ရစဉ်
ချင်းပြည်နယ် NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်နှင့် အွန်လိုင်းတွင် ပျံ့နှံနေသည့် ထန်တလန်မြို့နယ် NLD ပါတီဥက္ကဋ္ဌ လက်မှတ်ရေးထိုးထားသည့် စာအား တွေ့ရစဉ်

ချင်းပြည်နယ်ပညာရေးဦးစီးဌာနမှဖွင့် လှစ်မည့်တင်ဒါများ၌ ပါဝင်ယှဉ်ပြိုင်ရာတွင် တစ်စိတ်တစ်ပိုင်းအ ထောက်အကူဖြစ်စေရန်အလို့ငှာ ရည်ရွယ်ကြောင်း ယူဆနိုင်ဖွယ်ရှိသော ထန်တလန်မြို့နယ် ပါတီအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ လက်မှတ်ထိုးထားသည့်စာသည် ဆိုရှယ်မီဒီယာပေါ်တွင် ယမန်နေ့ ညပိုင်းမှစတင်၍ ရောက်ရှိပျံ့နှံ့ခဲ့ကြောင်း၊ ပြည်နယ်အောင်နိုင်ရေးကော်မတီက မြို့နယ်အောင်နိုင်ရေး ကော်မတီများထံ အောက်တိုဘာ၂ ရက်က ပေးပို့ထားသည့်စာတွင် အနှောင်အဖွဲ့ပါနိုင်သည့် မည်သည့်ရန်ပုံငွေမျိုးကိုမဆို လက်ခံခြင်းမပြုရန် အတိအလင်း ညွှန်ကြားထားပြီဖြစ်ကြောင်း ချင်းပြည်နယ် NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကနဦးစုံ စမ်းတွေ့ရှိချက်များကို ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီသို့ တင်ပြထားပြီးဖြစ်ကြောင်း၊ စာပါလက်မှတ်ရေးထိုးသူ ထန်တလန်မြို့နယ် NLD ပါတီဥက္ကဋ္ဌအား ပြည်နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်နိုင်ရန် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ တာဝန်ရှိသူများ၏ ညွှန်ကြားချက်အရ ပြည်နယ်ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီအနေဖြင့် ပြည်နယ်ပါတီဥက္ကဋ္ဌထံ ဖြစ်စဉ်ကိုလွှဲပြောင်း အကြောင်းကြားထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သူတို့လည်း ဝန်ခံတယ်။ သူတို့ကတော့ Statement ပေါ့။ သူတို့က Request တော့မဟုတ်ဘူး။ ပြောချင်တာက သူတို့ကပေးပါဆိုပြီး တောင်းတဲ့စာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ တွေ့တာပေါ့။ ဒီလို ဒီလို လုပ်ပါတယ်။ အဲဒီလူတွေ ဒီကုမ္ပဏီတွေ ဟုတ်ပါတယ်။ ဆိုတဲ့ဟာမျိုး ဖော်ပြချက်အနေနဲ့ တက်တယ်လို့ ပြောတယ်။ ဖြစ်စဉ်အသေးစိတ်ကတော့ မနက်ဖြန် ပြည်နယ်ပါတီစည်းကမ်းထိမ်းသိမ်းရေးကနေ စစ်ဆေးသွားဖို့တော့ ရှိတယ်။ ကာယကံရှင်လက်မှတ် ထိုးတဲ့သူတွေကလည်း ဝန်ခံတဲ့အတွက်ကြောင့်မို့ ပါတီဗဟိုကို တင်ထားတယ်။ ပါတီ ဗဟိုကတော့ ပြည်နယ်ပါတီ စည်းကမ်းထိန်းသိမ်းရေးကနေ လိုအပ်သလိုစစ်ဆေးပါဆိုပြီး ညွှန်ကြားထားတာရှိပါတယ်။ လောလောဆယ် ပါတီအနေနဲ့ကတော့ ဒီလိုဖြစ်ရပ်မျိုးကို လုံးဝလက်မခံနိုင်ဘူး” ဟု ချင်းပြည်နယ်ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဝင် ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။

ထို့ပြင် ချင်းပြည်နယ်အစိုးရအနေဖြင့်လည်း ယခုဖြစ်စဉ်ပါတင်ဒါရောင်းချမှုနှင့် ပတ်သက်၍ တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီသာ စနစ်တကျဆောင်ရွက်သွားရန် ပါတီ၏သဘောထားကို အသိပေးကြောင်း ချင်းပြည်နယ် NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ သတင်းထုတ်ပြန် ချက်တွင် ပါရှိသည်။

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...