Saturday, January 9, 2021

ခရီးသည် ၅၀ ဦးလိုက်ပါလာတဲ့ ဘိုးအင်း ၇၃၇ လေယာဉ် အင်ဒိုနီးရှားက ထွက်ခွာပြီးနောက် ပျက်ကျဟုသတင်းထွက်ပေါ်

 ခရီးသည် ၅၀ ဦးလိုက်ပါလာတဲ့ ဘိုးအင်း ၇၃၇ လေယာဉ် အင်ဒိုနီးရှားက ထွက်ခွာပြီးနောက် ပျက်ကျဟုသတင်းထွက်ပေါ်

-----------------------------------

ဇန်နဝါရီ ၉








ခရီးသည် ၅၀ လိုက်ပါလာတဲ့ ဘိုးအင်း ၇၃၇ ခရီးသည်လေယာဉ်တစ်စင်း အင်ဒိုနီးရှား ဂျာကာတာမြို့တော်ကနေ ထွက်ခွာသွားပြီးနောက် မကြာခင် ပေ ၁၀၀၀၀ ကျော်ကနေ ထိုးကျသွားတယ်လို့ သတင်းတွေက ဆိုပါတယ်။ အဆိုပါလေယာဉ်ဟာ ဂျာကာတာလေဆိပ်ကနေ ထွက်ခွာသွားပြီးနောက် ပင်လယ်ပြင်ထဲ ကျရောက်ပြီး ပျောက်ကွယ်သွားတယ်လို့ သိရပါတယ်။


Sriwijaya Air လေယာဉ်ဟာ ယနေ့ စနေနေ့က ဂျာကာတာမြို့တော်က ထွက်ခွာသွားပြီးနောက် လေယာဉ်ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ ဒေသခံသတင်းဌာနတွေက ဆိုပါတယ်။ အဆိုပါလေယာဉ်ဟာ ကာလီမန်တန်ပြည်နယ်အနောက်ပိုင်းရှိ ပွန်တီယာနက်ကို ထွက်ခွာလာတဲ့လေယာဉ်လို့ သိရပြီး လေယာဉ်ပေါ်မှာ ခရီးသည် ၅၆ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၆ ဦး လိုက်ပါလာကြောင်း သိရပါတယ်။


ဘိုးအင်း B737-500 လို့ယူဆရတဲ့ လေယာဉ်ဟာ လေဆိပ်ကထွက်ခွာပြီး လေးမိနစ်အကြာမှာပဲ ပေ ၁၀၀၀၀ အမြင့်ကနေ ပျက်ကျခဲ့တယ်လို့ ယူဆထားပါတယ်။


ကယ်ဆယ်ရေးသမားတွေဟာ မြို့တော်မြောက်ဘက်သမုဒ္ဒရာအတွင်း အပျက်အစီးတွေ ရှာတွေ့ခဲ့ကြပြီးနောက် ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေအတွက် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။


Sriwijaya Air SJ182 ဘိုးအင်းလေယာဉ် ရေဒါက ပျောက်သွားပြီးနောက် ဂျာကာတာပင်လယ်အော်မှာ ကယ်ဆယ်ရေးသမားတွေ ပထမဆုံး အပျက်အစီးတွေ ရှာတွေ့ခဲ့ပါတယ်။ ဒီအပျက်အစီးတွေဟာ ဘိုးအင်း ၇၃၇ လေယာဉ်က ဖြစ်ကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ လေကြောင်းလိုင်းတာဝန်ရှိသူတွေက ဆိုပါတဘ်။


အင်ဒိုနီးရှား လေကြောင်းလိုင်း Sriwijaya Air က အမျိုးသားရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့၊ အမျိုးသား ပို့ဆောင်ရေးလုံခြုံရေးကော်မတီတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်နေပြီး တရားဝင်ထုတ်ပြန်ချက်မတိုင်ခင် သတင်းတွေ ရသလောက်စုဆောင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...