Saturday, November 28, 2020

မြန်မာနိုင်ငံရဲ့ ကိုဗစ်ဖြစ်ပွားမှုနှုန်း တရုတ်နိုင်ငံကို ကျော်တက်သွားပြီ

 မြန်မာနိုင်ငံရဲ့ ကိုဗစ်ဖြစ်ပွားမှုနှုန်း တရုတ်နိုင်ငံကို ကျော်တက်သွားပြီ

-------------------------------------

ရန်ကုန်၊ နိုဝင်ဘာ ၂၈။



မြန်မာနိုင်ငံရဲ့ ကိုဗစ်ဖြစ်ပွားမှုနှုန်းသည် ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံကို ကျော်တက်သွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။


ကိုဗစ်ရောဂါအများဆုံးဖြစ်ပွားသည့် ကမ္ဘာ့နိုင်ငံ ၈၀စာရင်းမှာ ယခင်က မြန်မာနိုင်ငံသည် အဆင့် ၇၁နေရာမှာ ရပ်တည်နေသော်လည်း ယခုအချိန်မှာ တရုတ်နိုင်ငံကို ကျော်တက်ပြီး အဆင့် ၆၈နေရာကို ရောက်ရှိနေတာဖြစ်ပါတယ်။


မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်ရောဂါဖြစ်ပွားသည့် အတည်ပြုလူနာဦးရေသည် နိုဝင်ဘာလ ၂၇ရက်နေ့ ညပိုင်းအချိန်အထိ ၈၆၆၃၃ဦးရှိကာ တရုတ်နိုင်ငံသည် ၈၆၄၉၅ဦးရှိတယ်လို့ သတင်းများအရ သိရပါတယ်။


ဒါ့ပြင် မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာသေဆုံးသူသည် ၁၈၆၅ဦးရှိကြောင်း သိရပြီး တရုတ်နိုင်ငံမှာ ကိုဗစ်ရောဂါဖြင့်သေဆုံးသူ ၄၆၃၄ဦးရှိကာ တရုတ်နိုင်ငံသည် အဆင့် ၇၀နေရာသို့ ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

Crd

Myanmar's Kovis incidence rate surpasses that of China


 -------------------------------------


 Yangon,  November 28



 According to the Ministry of Health, the incidence of Kovis in Myanmar has surpassed that of China, where the Kovis epidemic began.



 Myanmar was previously ranked 71st in the world with the highest incidence of Kovis, but is now 68th, ahead of China.



 As of the night of November 27, the number of confirmed cases of coronary heart disease in Myanmar was 86,633, compared with 86,495 in China.



 In Burma, 1,865 cases of Kovis were confirmed, compared with 4,634 in China, which dropped to 70th place.


 Crd

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...