Friday, November 27, 2020

ပုဂံဘုရားများ ဒီဇင်ဘာ(၅)ရက်နေ့ နောက်ပိုင်း ပြန်လည်ဖွင့်လှစ်နိုင်ဖွယ်ရှိ

 ပုဂံဘုရားများ ဒီဇင်ဘာ(၅)ရက်နေ့ နောက်ပိုင်း ပြန်လည်ဖွင့်လှစ်နိုင်ဖွယ်ရှိ

------------------------------

နိုဝင်ဘာ၊ ၂၇




ပုဂံကဘုရားတွေကို ဒီဇင်ဘာ(၅)ရက်နေ့ နောက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်ဖို့ အလားအလာရှိတယ်လို့ ပုဂံ အာနန္ဒာဘုရား ဂေါပကအဖွဲ့ဝင် ဦးဇော်ဝင်းချိုက Myanma Platform Media ကို ပြောပါတယ်။


"လာလောဆယ်တော့ မဖွင့်သေးပါဘူး။ ဖွင့်မယ့်ရက်ကိုတော့ အတိအကျမပြောသေးပါဘူး။ ဒါပေမယ့် ဒီဇင်ဘာ(၅)ရက်နေ့ နောက်ပိုင်းကိုတော့ ဖွင့်ဖို့အဆင့်သင့်လုပ်ထားဆိုပြီး တာဝန်ရှိသူတွေက ပြောထားတာလေးတွေတော့ ရှိပါတယ်။ (၅)ရက်နေ့ နောက်ပိုင်းမှာတော့ ဖွင့်ဖို့ အလားအလာရှိပါတယ်။" လို့ ဦးဇော်ဝင်းချိုက ပြောပါတယ်။


ပုဂံကဘုရားတွေ ပြန်လည်ဖွင့်လှစ်ပါက ကိုဗစ်-၁၉ စည်းကမ်းချက်များနဲ့အညီ ဖူးမြှော်နိုင်ဖို့အတွက် စီမံချက်တွေ ရေးဆွဲထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။


"ဘုရားတွေမှာ လက်ဆေးကန်တွေထားမယ်။ ဝင်ပေါက်ထွက်ပေါက်တွေ သတ်မှတ်မယ်။ Mask မတပ်ရင်ပေးမဝင်ဘူး။ လက်ကိုလည်း မဖြစ်မနေ ဆေးရမယ်။လူဦးရေကန့်သတ်ဖို့တွေ လူဦးရေ ကန့်သတ်တဲ့နေရာမှာ တစ်ချိန်ကို လူ၅၀ ဝန်းကျင်လောက် ဖူးမြှော်နိုင်ဖို့ စီစဉ်ထားတယ်။ အဲ့ဒီလူ၅၀ ပြန်ထွက်ရင် နောက်ထပ် ၅ဝပြန်ဝင်ပေါ့။ အဲ့လိုမျိုးတော့စဉ်းစားထားပါတယ်။ ဒါမျိုးတွေကို ကိုယ့်ဘုရားအလိုက် စီစဉ်ထားတာတွေ ရှိပါတယ်။ ဒါမျိုးတွေကို ဂေါပကအဖွဲ့တွေက ဘုရားလုံခြုံရေးနဲ့ ပူးပေါင်းပြီး လုပ်သွားလို့ရတယ်။ ဂေါပကမရှိတဲ့ ဘုရားတွေကိုတော့ မီးသတ်တပ်ဖွဲ့တို့ ကြက်ခြေနီတို့နဲ့ ပေါင်းပြီး ပညာပေးအစီစဉ်တွေ လုပ်သွားဖို့ရှိတယ်။"လို့ ဦးဇော်ဝင်းချိုက ထပ်လောင်းပြောကြားပါတယ်။

Crd

Bagan Pagodas are likely to reopen after December 5


 -------------------------------


 November  27



 Zaw Win Cho, a member of the Bagan Ananda Pagoda Board of Trustees, told Myanmar Platform Media that the pagodas in Bagan are likely to reopen after December 5.



 "It is not open yet. The exact date has not been announced, but officials have said it is ready to open after December 5. It is expected to open after the 5th."  Zaw Win Cho said.



 Plans have been drawn up for the reopening of the pagodas in Bagan in accordance with the rules of Kovis-19.



 "The pagodas will have hand basins. The entrances and exits will be set. If you don't wear a mask, you will not be allowed to enter. You will have to wash your hands.  Zaw Win Cho added.


 Crd

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...