Saturday, November 21, 2020

တောင်းဆိုထားတဲ့ဆင်ဆာအတိုင်းမလုပ်ရင် Facebook ကိုဖြုတ်ချမယ်လို့ ဗီယမ်နမ်ခြိမ်းခြောက်

 #တောင်းဆိုတဲ့အတိုင်းဆင်ဆာမလုပ်ရင်Facebookကိုပိတ်မယ်လို့ဗီယက်နမ်ခြိမ်းခြောက်

နိုဝင်ဘာ ၂ဝ၊ ၂ဝ၂ဝ 

ဗွီအိုအေ (မြန်မာပိုင်း)




(zawgyi/unicode)


ဗီယက်နမ်ပြည်တွင်းနိုင်ငံရေးနဲ့ပတ်သက်ပြီး Facebook ပေါ်မှာ ရေးသားဖော်ပြနေကြတာတွေကို ပိုပြီးဆင်ဆာလုပ်ဖို့ ဗီယက်နမ်အစိုးရက ဖိအားပေးနေတဲ့အပေါ် Facebook က မလိုက်နာဘူးဆိုရင် ဗီယက်နမ်မှာ Facebook ကိုပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့အကြောင်း Facebook ကုမ္ပဏီရဲ့ အကြီးတန်းတာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။


ဗီယက်နမ်မှာ အစိုးရကိုဆန့်ကျင်တဲ့ ပြောဆိုရေးသားမှုတွေကို သိသိသာသာ ဆင်ဆာတည်းဖြတ်မှုတွေလုပ်ဖို့ ဗီယက်နမ်အစိုးရဘက်က ပြီးခဲ့တဲ့ ဧပြီလမှာ တောင်းဆိုခဲ့တာကို Facebook ကုမ္ပဏီဘက်က လိုက်နာခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရကိုဝေဖန်တဲ့ပို့စ်တွေကို ကန့်သတ်မှုတွေ ထပ်တိုးလုပ်ဖို့ ဗီယက်နမ်ဘက်က ပြီးခဲ့တဲ့ သြဂုတ်လမှာ နောက်တကြိမ်ထပ်ပြီးတော့ Facebook ကုမ္ပဏီကိုတောင်းဆိုခဲ့တယ်လို့ တာ၀န်ရှိသူတွေပြောပါတယ်။


ပြီးခဲ့တဲ့ ဧပြီလက ကျနော်တို့သဘောတူညီမှု ရခဲ့ကြပါတယ်။ Facebook ကုမ္ပဏီအနေနဲ့လည်း သဘောတူညီချက်မှာပါတဲ့အတိုင်း လိုက်နာခဲ့ပြီး၊ အဲဒီသဘောတူညီချက်အတိုင်း ဗီယက်နမ်အစိုးဘက်ကလည်း လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ Facebook ကုမ္ပဏီရဲ့ အမည်မဖော်လိုတဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ကန့်သတ်နေတာတွေကို ထပ်တိုးလုပ်သွားဖို့ ဗီယက်နမ်ဘက်က နောက်တကြိမ်ထပ်တောင်းဆိုလာပြီး၊ အဲဒီတောင်းဆိုမှုထဲမှာတော့ တကယ်လို့ ဒါကိုမလိုက်နာဘူးဆိုရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုတချို့လည်းပါ၀င်တယ်လို့ သူက ဆက်ပြောပါတယ်။ အဲဒီခြိမ်းခြောက်မှုထဲမှာတော့ Facebook ကို ဗီယက်နမ်နိုင်ငံမှာ လုံး၀အသုံးပြုလို့မရအောင် ပိတ်ပစ်သွားမယ်ဆိုတာပါ၀င်ပါတယ်။ Facebook ကုမ္ပဏီဟာ ဗီယက်နမ်စျေးကွက်ကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက် ဝင်ငွေရရှိတာလည်းဖြစ်ပါတယ်။


#Facebook #VietnamCensor #FreedomOfSpeech #SocialMedia #voaburmese #ဆိုရှယ်မီဒီယာ #လွတ်လပ်စွာပြောဆိုခွင့် #ဗီယက်နမ် #ဗွီအိုအေမြန်မာပိုင်း

...................................


(zawgyi/unicode)


ဗီယက်နမ်ပြည်တွင်းနိုင်ငံရေးနဲ့ပတ်သက်ပြီး Facebook ပေါ်မှာ ရေးသားဖော်ပြနေကြတာတွေကို ပိုပြီးဆင်ဆာလုပ်ဖို့ ဗီယက်နမ်အစိုးရက ဖိအားပေးနေတဲ့အပေါ် Facebook က မလိုက်နာဘူးဆိုရင် ဗီယက်နမ်မှာ Facebook ကိုပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့အကြောင်း Facebook ကုမ္ပဏီရဲ့ အကြီးတန်းတာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။


ဗီယက်နမ်မှာ အစိုးရကိုဆန့်ကျင်တဲ့ ပြောဆိုရေးသားမှုတွေကို သိသိသာသာ ဆင်ဆာတည်းဖြတ်မှုတွေလုပ်ဖို့ ဗီယက်နမ်အစိုးရဘက်က ပြီးခဲ့တဲ့ ဧပြီလမှာ တောင်းဆိုခဲ့တာကို Facebook ကုမ္ပဏီဘက်က လိုက်နာခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရကိုဝေဖန်တဲ့ပို့စ်တွေကို ကန့်သတ်မှုတွေ ထပ်တိုးလုပ်ဖို့ ဗီယက်နမ်ဘက်က ပြီးခဲ့တဲ့ သြဂုတ်လမှာ နောက်တကြိမ်ထပ်ပြီးတော့ Facebook ကုမ္ပဏီကိုတောင်းဆိုခဲ့တယ်လို့ တာဝန်ရှိသူတွေပြောပါတယ်။


ပြီးခဲ့တဲ့ ဧပြီလက ကျနော်တို့သဘောတူညီမှု ရခဲ့ကြပါတယ်။ Facebook ကုမ္ပဏီအနေနဲ့လည်း သဘောတူညီချက်မှာပါတဲ့အတိုင်း လိုက်နာခဲ့ပြီး၊ အဲဒီသဘောတူညီချက်အတိုင်း ဗီယက်နမ်အစိုးဘက်ကလည်း လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ Facebook ကုမ္ပဏီရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ကန့်သတ်နေတာတွေကို ထပ်တိုးလုပ်သွားဖို့ ဗီယက်နမ်ဘက်က နောက်တကြိမ်ထပ်တောင်းဆိုလာပြီး၊ အဲဒီတောင်းဆိုမှုထဲမှာတော့ တကယ်လို့ ဒါကိုမလိုက်နာဘူးဆိုရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုတချို့လည်းပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။ အဲဒီခြိမ်းခြောက်မှုထဲမှာတော့ Facebook ကို ဗီယက်နမ်နိုင်ငံမှာ လုံးဝအသုံးပြုလို့မရအောင် ပိတ်ပစ်သွားမယ်ဆိုတာပါဝင်ပါတယ်။ Facebook ကုမ္ပဏီဟာ ဗီယက်နမ်ဈေးကွက်ကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက် ဝင်ငွေရရှိတာလည်းဖြစ်ပါတယ်။


#Facebook #VietnamCensor #FreedomOfSpeech #SocialMedia #voaburmese #ဆိုရှယ်မီဒီယာ #လွတ်လပ်စွာပြောဆိုခွင့် #ဗီယက်နမ် #ဗွီအိုအေမြန်မာပိုင်း

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...