Saturday, November 21, 2020

မကွေးတိုင်းမှ နှစ်ပေါင်း ၂၈၂ နှစ်သက်တမ်းသည် အုံတုံပင်(မနောရမ္မာ) ရွှေကျောင်းတော်ကြီး အား ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်း

 မကွေးတိုင်းမှ နှစ်ပေါင်း ၂၈၂ နှစ်သက်တမ်းသည် အုံတုံပင်(မနောရမ္မာ) ရွှေကျောင်းတော်ကြီး အား ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်း

---------------------------------------

နိုဝင်ဘာ ၂၁





မကွေးတိုင်းမှ နှစ်ပေါင်း ၂၈၂ နှစ်သက်တမ်းသည် အုံတုံပင်(မနောရမ္မာ) ရွှေကျောင်းတော်ကြီး အား ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်လိုက်ပါတယ်။


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ သနပ်ပင်အုပ်စု၊ ဗိမ္မာန်မကျေးရွာရှိ မြန်မာနှစ် ၁၁၀၀ ပြည့်(ခရစ်နှစ် ၁၇၃၈)တွင် ဆောက်လုပ်ခဲ့ပြီး ယခုအချိန်အထိ ၂၈၂ နှစ် သက်တမ်းကြာမြင့်ပြီဖြစ်သည့် အုံတုံပင်(မနောရမ္မာ) ရွှေကျောင်းတော်ကြီးသည်နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ ပျက်စီးယိုယွင်း လာပြီး ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသည့်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွန်မှာကြားချက်နှင့်အညီ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါ မနောရမ္မာရွှေကျောင်းတော်ကြီးသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ ပခုက္ကူမှ မြိုင်သို့သွားရာကားလမ်း၏ လက်ယာဘက်အတွင်း ၁ မိုင်ခန့် အကွာ ဗိမ္မာန်မရွာတွင်တည်ရှိပြီး ကျောင်းဒကာများမှာ ထိုစဉ်က ဗိမ္မာန်မရွာနှင့်ကပ်လျက် စိန့်ကန်(စဉ့်ကန်)ဟု အမည်ရှိခဲ့သော ရွာမှဖြစ်သည်။ မနောရမ္မာ(စိတ်နှလုံးပျော်မွေ့ဖွယ်ရာကျောင်း)၊ ဒေသအခေါ် အုံတုံကျောင်းကို ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်းဖြစ်သော မဟာဓမ္မရာဇာဓိပတိလက်ထက်တွင် ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကျောင်းဆောက်လုပ်စဉ်က အဆောင်ပေါင်း ၁၂ ဆောင်ရှိပြီး အရှေ့အနောက် အခန်း ၁၇ ခန်းနှင့် တောင်မြောက်သည် ၁၃ ခန်းရှိခဲ့ကြောင်း၊ အခန်းများသည် လေးတောင်ခန်းများဖြစ်ပြီး ယခုအခါ အရှေ့အနောက် ၆ ခန်းနှင့် တောင်မြောက် ၅ ခန်းသာ ကျန်ရှိတော့ကြောင်း သိရှိရသည်။ ကျောင်းကြီး၏ အမိုးမျက်နှာကြက်နံရံများ၊ တိုင်များ၊ စာတိုက်သတ္တာများ၊ ကျောင်းအမိုးပျဉ်ချပ်များမှာ ရွှေများကို အသုံးပြုထားပြီး အချို့နေရာများ၌ မသမာသူများ၏ ခိုးယူမှုကြောင့် ပျောက်ဆုံးမှုများရှိခဲ့ကြောင်း၊ မြန်မာတို့၏ ရွှေဇဝါရေး၊ ပန်းပုနှင့် သရိုးပန်းချီအနုပညာ လက်ရာတို့ကို ကျောင်းအတွင်း လေ့လာနိုင်ပြီး သံဃာတော်များဖျားနာသည့်အခါ ချွေးထုတ်သည့် ချွေးဇရုန်းအိမ်လည်းပါရှိကြောင်း သိရပါတယ်။

The 282-year-old Ohn Ton Pin (Manawrammar) Golden Temple in Magway Division has been restored to its original condition.

 -----------------------------------------

 November 21


 The 282-year-old Ohn Ton Pin (Manawrammar) Golden Temple in Magway Division has been restored to its former glory, according to Tatmadaw News.


 Magway Region  Pakokku District  Myaing Township  Thanapin Group  The construction of the 282-year-old Ohn Ton Pin (Manawramma) Golden Temple in Bimmanma Village (1738 A.D.) is still in disrepair over the years and needs to be rebuilt.


 The Manawrama Golden Temple is located in Magway Region.  Pakokku District  It is located in Bimmanma Village, about 1 mile on the right side of the road from Pakokku to Myaing in Myaing Township.  Manawramma (a school for the happy heart);  The local monastery was donated during the reign of the last king of the Nyaungyan dynasty, Mahadhammaraja Dhipati.  The rooms are four-story rooms and now there are only six rooms in the east, west and five in the north-south.  The roof and ceiling of the school.  Pillars  Post Offices  The roof of the school is made of gold, and in some places it has been lost due to theft by unscrupulous people.  Burma's gold rush;  Sculptures and sculptures can be explored inside the school, and there is also a sweatshop where monks sweat when they are sick.

#crdMyanmarPlatform

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...