Tuesday, November 24, 2020

ထားဝယ်အထူးစီးပွားရေးဇုန်တွင်ဂျပန်ုနိုင်ငံမှပါဝင်ရင်းနှီးမြှုပ်နှံရန်ကမ်းလှမ်းမှုကိုမြန်မာအစိုးရက လက်ခံလိုက်ပြီ

 #ထားဝယ်အထူးစီးပွားရေးဇုန်တွင်ဂျပန်ုနိုင်ငံမှပါဝင်ရင်းနှီးမြှုပ်နှံရန်ကမ်းလှမ်းမှုကိုမြန်မာအစိုးရက လက်ခံလိုက်ပြီ

---------------------------------

နိုဝင်ဘာ ၂၄



ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်ုနိုင်ငံမှ ပါဝင် ရင်းနှီးမြှုပ်နှံရန်ကမ်းလှမ်းမှုကို မြန်မာအစိုးရက လက်ခံလိုက်ပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။



 မြန်မာအစိုးရက နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းဆောင်ရွက်မည့် G to G စနစ်ဖြင့် စီမံကိန်း ဖော်ဆောင်ရန်အတွက် နိုဝင်ဘာလ ၅ ရက်နေ့တွင် ဖိတ်ခေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဂျပန်အစိုးရမှ အဆိုပြုကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး မြန်မာအစိုးရဖက်ကလည်း စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ လျင်မြန်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ အဆိုပြုချက်ကို လက်ခံခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။



အဆိုပါ ထားဝယ် အထူးစီးပွားရေးဇုန်သည် ဟက်တာ ၂၀,၀၀၀ အကျယ်အဝန်းရှိပြီး ယင်း ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဆိပ်ကမ်းနှင့် စက်မှုလုပ်ငန်းများပါဝင်ပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ပြီးစီးပါက အရှေ့ တောင် အာရှတွင် အကြီးဆုံးစီးပွားရေးဇုန် ဖြစ်လာမည် ဖြစ်တယ်လို့ဆိုပါတယ်။

The Myanmar government has accepted an offer from Japan to invest in the Dawei SEZ

 ---------------------------------

 November 24


 The Myanmar government has accepted an offer from Japan to invest in the Dawei SEZ, according to the Ministry of Investment and Foreign Trade.


  The Japanese government invited the Myanmar government to launch a joint G to G project on November 5, and the Myanmar government has accepted the proposal to expedite the construction of the project.


 The 20,000-hectare Dawei SEZ, which includes ports and industries, will be the largest economic zone in Southeast Asia once the project is completed.

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...