Tuesday, November 24, 2020

မြန်မာနိုင်ငံရဲ့ကိုဗစ်အတည်ပြုလူနာဦးရေသည်ကိုဗစ်ပိုးစတင်ဖြစ်ပွားသည့်တရုတ်နိုင်ငံကိုမီတော့မည်

 #မြန်မာနိုင်ငံရဲ့ကိုဗစ်အတည်ပြုလူနာဦးရေသည်ကိုဗစ်ပိုးစတင်ဖြစ်ပွားသည့်တရုတ်နိုင်ငံကိုမီတော့မည်

---------------------------------

ရန်ကုန်၊ နိုဝင်ဘာ ၂၄။



လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့် အတည်ပြုလူနာဦးရေ အရေအတွက်သည် ကိုဗစ်ကပ်ရော ဂါစတင်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံမှ လူနာအရေအတွက်နီးပါးသို့ ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။


နိုဝင်ဘာလ ၂၃ရက်နေ့ ညပိုင်းအချိန်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း ကိုဗစ်လူနာဦးရေသည် ၈၀၀၀၀ကျော်အထိ ရှိပြီဖြစ်ပါတယ်။


ကိုဗစ်ရောဂါပိုး စတင်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံမှာ အတည်ပြုလူနာဦးရေသည် ၈၆၀၀၀ကျော်ရှိပြီဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံအတွင်းမှာ လက်ရှိ ပိုးတွေ့ရှိမှုနှုန်းအတိုင်း ဆက်သွားနေမည်ဆိုပါက တရုတ်နိုင်ငံကို မီတော့မှာဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်များက သုံးသပ်ပြောဆိုနေကြပါတယ်။


“ကမ္ဘာ့အဖြစ်အများဆုံးနိုင်ငံ ၈၀စာရင်းမှာ မြန်မာက အဆင့် ၇၁မှာ ရပ်တည်နေပါတယ်။ ပိုးတွေ့လူနာ ၈၆၀၀၀ ကျော်ရှိတဲ့တရုတ်ကို မီတော့မှာဖြစ်ပါတယ်၊ အခုလို ပိုးတွေ့နှုန်းနဲ့ဆိုရင် မကြာခင်အချိန်မှာ မီတော့မှာဖြစ်ပါတယ်”လို့ ဒေါက်တာတင်ထွန်းဦးက ပြောဆိုထားပါတယ်။


ကမ္ဘာမှာ ကိုဗစ်-၁၉ ကပ်ရောဂါအများဆုံးဖြစ်ပွားမှုစာရင်းမှာ တရုတ်နိုင်ငံအနေနဲ့ အဆင့် ၆၈နေရာမှာ အတည် ပြုလူနာဦးရေ ၈၆၄၆၄ဦးဖြင့် ရပ်တည်နေပြီး မြန်မာနိုင်ငံသည် ကိုဗစ်လူနာ ၈၀၅၀၅ဦးရေဖြင့် အဆင့် ၇၁နေရာမှာ ရပ်တည်နေတယ်လို့ သတင်းများအရ သိရပါတယ်။

#crdMyanmaPlatform 

# The number of Kovis confirmed patients in Myanmar is close to that of China, where Kovis was first born

 ---------------------------------

 Yangon,  November 24


 Currently, the confirmed number of cases of Kovis-19 in Myanmar is close to the number of patients from China, where Kovis was first infected.


 As of the evening of November 23, the number of Kovis patients in Myanmar had risen to more than 80,000, according to the Ministry of Health and Sports.


 With more than 86,000 confirmed cases in China, where the virus was first reported, health experts say it could catch up with China if the current rate of infection in Burma continues.


 "Myanmar ranks 71st in the list of the 80 most common countries in the world," he said.  It will soon catch up with China, which has more than 86,000 infected people.  With this infection rate, it will be available soon, ”said Dr Tin Tun Oo.


 China ranks 68th in the world with 86,464 confirmed cases, while Myanmar ranks 71st with 80,505 cases of Kovis.

 #crdMyanmaPlatform

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...