Tuesday, November 24, 2020

ကိုဗစ်ကြောင့်၂၄နာရီအတွင်း(၁၉) ယောက်သေဆုံး၊ လူနာသစ် (၁၇၀၀) ကျော်တိုး

 #ကိုဗစ်ကြောင့်၂၄နာရီအတွင်း(၁၉) ယောက်သေဆုံး၊ လူနာသစ် (၁၇၀၀) ကျော်တိုး

~~~~~~~~~~



■ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးတဲ့သူ စုစုပေါင်း (၁၇၈၄) ယောက် ရှိသွားပါပြီ။


ဒီကနေ့ နိုဝင်ဘာလ (၂၄) ရက်နေ့ ထုတ်ပြန်ချက်စာရင်းမှာ သေဆုံးတဲ့သူ (၁၉) ယောက် တိုးလာတာဖြစ်ပြီးတော့ သေဆုံးတဲ့သူတွေထဲမှာ (၁၂) ယောက်ဟာရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။


ဒီကနေ့ တစ်ရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာသစ် (၁၇၃၁) ယောက် တိုးလာတာပါ။


မြန်မာနိုင်ငံမှာ ဆောင်းရာသီကူးပြောင်းချိန်ဖြစ်တာမို့ ရောဂါပြန့်ပွားမှု ပိုဖြစ်နိုင်တယ်လို့လည်း ကျန်းမာရေးဌာနက သတိပေးထားပါတယ်။


လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း (၈၂၂၃၆) ယောက် ရှိသွားပြီဖြစ်ပြီးတော့ ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း (၆၀၉၆၅) ယောက် ရှိပါပြီ။


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူ အများဆုံးရှိတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ (၇၁) နိုင်ငံမြောက်ဖြစ်ပြီးတော့ အာဆီယံနိုင်ငံတွေထဲမှာတော့ တတိယမြောက်နိုင်ငံဖြစ်ပါတယ်။

Kovis kills 19 in 24 hours  More than 1,700 new patients

 ~~~~~~~~~~

 According to the Ministry of Health and Sports, a total of 1,784 people have died from the coronavirus in Myanmar.


 The death toll rose to 19 on Tuesday, and 12 of the deaths were due to the virus.


 Today, 1,731 new cases of coronavirus have been reported.


 The Department of Health warns that the disease is more likely to spread in Myanmar due to the winter transition.


 So far, a total of 8,236 people have been infected in Myanmar and a total of 60,965 have recovered.


 Myanmar is the 71st country in the world with the highest number of cases of coronavirus and the third largest in ASEAN.

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...