Tuesday, November 24, 2020

လူမှောင်ခိုတွေခိုးသွင်းတဲ့မြန်မာ၅၀နီးပါးထိုင်းအာဏာပိုင်တွေဖမ်းဆီး

 #လူမှောင်ခိုတွေခိုးသွင်းတဲ့မြန်မာ၅၀နီးပါးထိုင်းအာဏာပိုင်တွေဖမ်းဆီး

==========



ကိုဗစ်ကပ်ရောဂါကာလ ၀င်ထွက်သွားလာမှုတွေ ပိတ်ထားတဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ် ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်မှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၀ နီးပါး ဖမ်းဆီးခံရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။


ကပ်ရောဂါကူးစက်မှုတွေကြောင့် လုံခြုံရေးတင်းကြပ်ထားတဲ့ ကမ်ချနဘူရီခရိုင် ဘုရားသုံးဆူဒေသမှာ တရားမ၀င် နယ်စပ်တောလမ်းကနေ ၀င်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ ဒီကနေ့ အစောပိုင်းမှာပဲ ဖမ်းဆီးမိခဲ့တာပါ။ ထိုင်းနိုင်ငံနယ်စပ်မှာ လူမှောင်ခိုပွဲစားတွေ လာခေါ်မှာကို စောင့်ဆိုင်းနေကြတဲ့ မြန်မာနိုင်ငံသား ၅၀ နီးပါး ပါ၀င်တဲ့ အုပ်စု ၂ စုကို ကင်းလှည့်နေတဲ့ ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့တွေ တွေ့ရှိပြီး ဖမ်းဆီးမိခဲ့တာလို့လည်း AAC အလုပ်သမားကူညီရေးအဖွဲ့က ကိုရဲမင်းက ပြောပါတယ်။


"ကြားရတာ ဒီနေ့ ထူးခြားဖြစ်စဉ်ပေါ့နော်။ ထိုင်းနိုင်ငံထဲကို လူပွဲစားတွေနဲ့ ချိတ်ဆက်ပြီးတော့ ဖမ်းမိတာ မြန်မာပြည်သားအားလုံး လူပေါင်း ၄၇ ဦး ဖမ်းမိတယ်လို့ သိရတယ်။ တနေရာထဲမှာ ဖမ်းမိတာတော့ မဟုတ်ဘူး။ တဖွဲ့က တနေရာ၊ တဖွဲ့က တနေရာမှာ ဖမ်းမိတယ်။ နှစ်ဖွဲ့ပေါင်း ၄၇ ဦး ဒီနေ့တရက်ထဲ တပြိုင်နက်ထဲ ဖမ်းမိတယ်ဆိုတာသိရပါတယ်။"


ဖမ်းဆီးချိန်မှာ မြန်မာနိုင်ငံသားတချို့ ထွက်ပြေးသွားခဲ့ပေမဲ့ အမျိုးသမီးတွေနဲ့ မိသားစုတွေကတော့ အဖမ်းခံခဲ့ကြကြောင်းလည်း ဒေသခံနယ်ခြားစောင့်တပ်မှူး Lt. Supakit Sapcharoen က သတင်းထောက်တွေကို ပြောခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။


ကပ်ရောဂါကာလ နယ်စပ်ဒေသမှာ လုံခြုံရေး တင်းကြပ်ထားပေမဲ့ လူမှောင်ခိုပွဲစားတွေနဲ့ ထိုင်းနိုင်ငံထဲ ၀င်ရောက်ဖို့ ကြိုးစားသူတွေ ရှိနေဆဲဖြစ်တယ်လို့လည်း အလုပ်သမားရေးလှုပ်ရှားသူ ကိုရဲမင်းက ပြောပါတယ်။


"အခုလို ခိုး၀င်လာကြတဲ့အကြောင်းရင်းက လူပွဲစားတွေကတဆင့် မြန်မာဘက်မှာ မြန်မာပွဲစား ထိုင်းဘက်ကဆို ထိုင်းပွဲစားတွေက ခေါ်ကြတယ်။ ထိုင်းဘက်မှာ အလုပ်တွေကောင်းတယ်။ အထောက်အထား မရှိလည်း လုပ်လို့ ရတယ်ဆိုပြီး အဲဒီလို မက်လုံးတွေပေးပြီးခေါ်ကြတာ ကမ်ချနဘူရီဘက်မှာက ရာသီပေါ်သီးနှံစိုက်ချိန် ကြံခင်းတွေ၊ နာနတ်ခင်းတွေ၊သစ်သီး၀လံနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေပေါ့၊ သီးနှံပေါ်ရင်ပေါ်သလို လူလိုလေ့ရှိတယ်။ တချို့လည်း အလုပ်တကယ်ရှိတယ်။ တချို့လည်း အလုပ်တကယ်မရှိတာ။ တချို့လည်း အလုပ်ကရှိတယ်။ ပုံမှန်အလုပ်မရှိဘူး။ အမျိုးမျိုးနဲ့ မြန်မာပြည်သားတွေကို ပုံစံမျိုးစုံနဲ့ လူပွဲစားတွေကမြူဆွယ်ပြီးခေါ်ကြတာ။"


နယ်စပ်အ၀င်အထွက် ပိတ်ထားတာကို မသိခဲ့သလို၊ ထိုင်းနိုင်ငံမှာ ပုံမှန်အတိုင်း အလုပ်လုပ်နိုင်ပြီလို့ ပွဲစားတွေက ပြောဆိုခဲ့တာကြောင့် အကျိုးဆောင်ခ ထိုင်းဘတ်ငွေ ၁၈,၀၀၀ အထိပေးပြီး လာခဲ့တာလို့လည်း ဖမ်းဆီးခံရသူ မြန်မာအမျိုးသမီးတဦးက ထွက်ဆိုခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။ ဖမ်းဆီးခံရသူတွေကိုတော့ ကပ်ရောဂါကာလ အရေးပေါ်ဥပဒေ ချိုးဖောက်မှု၊ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှုတွေနဲ့ အရေးယူမှာ ဖြစ်ကြောင်းလည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတ၀န်းက လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံသားတွေနဲ့ ဆက်စပ်တဲ့ လူမှောင်ခိုမှုတွေ ရှိနေတဲ့ ထိုင်းနိုင်ငံကတော့ tire 2 စောင့်ကြည့်အဆင့်မှာ ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။

 #မြန်မာရွှေ့ပြောင်းလုပ်သား #လူမှောင်ခိုကူးမှု 

Thai authorities arrest nearly 50 Burmese smugglers

 ==========


 VOA Burmese correspondent Ma Aye Aye Mar reports on the arrest of nearly 50 Burmese illegal immigrants in Thailand's Kanchanaburi province, which borders Burma during the Kovis epidemic.


 Earlier today, Thai security forces arrested a Burmese national who had entered the country illegally through a forest road in the Three Pagodas area of ​​Kanchanaburi province, which is under tight security due to an epidemic.  A Min, a member of the AAC Workers' Assistance Group, said the Thai Border Guard Force (BGF) had arrested two groups of nearly 50 Burmese nationals who were waiting to be picked up by smugglers at the Thai border.


 "I heard it was a strange incident today. It is reported that 47 Burmese nationals were arrested in connection with brokers in Thailand. Not all were arrested in one place. One group was arrested in one place and another group was arrested in another place.


 Some Burmese nationals escaped during the arrests, but the women and their families were arrested, according to a local BGF commander.  According to Thai media reports, Supakit Sapcharoen told reporters.


 Despite the tight security along the border during the epidemic, labor activist Ko Ye Min said there were still smugglers and people trying to enter Thailand.


 "The reason for the smuggling is that Thai brokers are called on the Burmese side by the Thai brokers on the Burmese side. The Thai side is doing good work without any documents.


 I did not know that the border was closed.  A Burmese woman has been arrested for allegedly paying as much as 18,000 baht in brokerage fees after brokers said she was able to work normally in Thailand, according to Thai media, citing Thai authorities.  Those arrested were charged with violating the emergency law during the epidemic.  Thai authorities have said they will crack down on illegal border crossings.  The US State Department released a global report on human trafficking in June listing Burma as one of the lowest-performing countries in the world in terms of ineffective anti-trafficking efforts.  Thailand, which has been linked to human trafficking involving Burmese nationals, is still included in the tire 2 watchdog.

  # Myanmar Migrant Workers # Human Trafficking

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...