Tuesday, November 24, 2020

စမ်းချောင်းမြို့နယ်ရှိ SPIRITS Fashion Accessories မှ ဝန်ထမ်း ၉ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိ

 စမ်းချောင်းမြို့နယ်ရှိ SPIRITS Fashion Accessories မှ ဝန်ထမ်း ၉ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိ

---------------------------------

ရန်ကုန်၊ နိုဝင်ဘာ ၂၄။



ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် SPIRITS Fashion Accessories မှ ဝန်ထမ်း ၉ဦး မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


အဆိုပါ SPIRITS Fashion Accessories ဆိုင်မှ ဝန်ထမ်း ၁၅၄ဦးကို နိုဝင်ဘာလ ၁၈ရက်နေ့ကစတင်ကာ Quarantine Center မှာထားရှိပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ဆက်လက်ပြီး အနံ့မရသော အမျိုးသားဝန်ထမ်းမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းကြောင့် ကျန်ရှိသော primary contact များအား စစ်ဆေးရာ ၉ဦးမှာ ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။


ဒါ့ပြင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသည့် ဆိုင်ဝန်ထမ်းများအားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး စစ်ဆေးမှု များ ထပ်မံပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Nine employees of SPIRITS Fashion Accessories in Sanchaung Township were diagnosed with Kovis

 ---------------------------------

 Yangon,  November 24


 Yangon Division  According to a press release, nine employees of SPIRITS Fashion Accessories in Sanchaung Township were infected with the virus.


 The SPIRITS Fashion Accessories store has 154 employees at the Quarantine Center since November 18.


 A national staff member who was found to be infected with the virus was diagnosed with the virus, and nine of the remaining primary contacts were tested for the virus.


 In addition, all staff members infected with the Kovis virus are in good health and will undergo further tests.

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...