Sunday, January 10, 2021

ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာမှ သက်တမ်း နှစ် ၁၀၀ ရှိ ရွှေကျင်ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွား

 ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာမှ သက်တမ်း နှစ် ၁၀၀ ရှိ ရွှေကျင်ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွား

-----------------------------------

ချောင်းဆုံ ၊ ဇန်နဝါရီ (၉)








မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာရှိ ရွှေကျင် ဘုန်းကြီးကျောင်းတွင် လေအေးစက် အပူလွန်ကဲရာမှ ဇန်နဝါရီ(၉)ရက် မွန်းလွဲ (၁)နာရီခန့်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သိရပါတယ်။


အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ မော်လမြိုင်မြို့မှ မီးသတ်ယာဉ် (၃)စီး၊ ချောင်းဆုံမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၁)စီး၊ မုဒွန်းနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ချောင်းဆုံမြို့နယ် ကျေးရွာပိုင် ရေသယ်ယာဉ် (၃)စီးနှင့် ပရဟိတအသင်းများမှ ရေသယ်ယာဉ် (၁၀)စီး တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြရာ မွန်းလွဲ( ၂:၃၀) နာရီတွင် မီးငြိမ်းသွားကြောင်း သိရပါတယ်။


မီးလောင်ကျွမ်းမှုကြောင့် အလျား(၂၀ × ၃၀)ပေရှိ သည့် သက်တမ်း နှစ်တစ်ရာခန့်ရှိ ရှေးဟောင်း နှစ်ထပ် ကျောင်းဆောင် မီးလောင်ဆုံးရှုံး သွားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရပါတယ်။

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...