Wednesday, November 25, 2020

ယခု ပညာသင်နှစ် တစ်နှစ်အောက်မည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ ကျောင်းများ ပြန်ဖွင့်နိုင်ရန် အစီအစဉ်များ‌ ရေးဆွဲနေ

 ယခု ပညာသင်နှစ် တစ်နှစ်အောက်မည် ဆိုခြင်းမှာ မဟုတ်မှန်ဘဲ ကျောင်းများ ပြန်ဖွင့်နိုင်ရန် အစီအစဉ်များ‌ ရေးဆွဲနေ

-------------------------

နိုဝင်ဘာ ၂၆



ယခုပညာသင်နှစ် တစ်နှစ်အောက်မည် ဆိုသည်မှာ မဟုတ်မှန်ဘဲ ကျောင်းများပြန်ဖွင့်နိုင်ရန်အတွက် အစီအစဉ်များ ရေးဆွဲနေပြီး ကျောင်းများ ပြန်ဖွင့်ရန် ကိုဗစ်ကူးစက်မှုအပေါ် မူတည်နေတယ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။


စာသင်ကျောင်းများပြန်ဖွင့်ရန် လောလောဆယ်တွင် အစီအစဉ်များကို ရေးဆွဲနေပြီး ပညာရေးဝန်ကြီး ဌာနက အသိပေးသွားမည်ဖြစ်ကာ ဖွင့်နိုင် မဖွင့်နိုင် ချက်ချင်းပြော၍ မရခြင်းမှာ ကိုဗစ်ကူးစက်မှုအပေါ် မူတည်နေပြီး ယခုလက်ရှိတွင် စောင့်ကြည့်ဆဲ ကာလဖြစ်နေသောကြောင့် လောလောဆယ် အစီအစဉ် ဆွဲခြင်းများပြုလုပ်နေကာ ထုတ်ပြန်မည့် အချိန်ကို အသိပေးမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။


ပညာရေးဝန်ကြီးဌာနသည် စာသင်ကျောင်းများ ပိတ်ထားရသောကြောင့် အခြေခံပညာအတန်းများ၏ သင်ရိုးညွှန်းတမ်းများကို ရုပ်သံလိုင်းများမှ တစ်ဆင့်ထုတ်လွှင့် ပြသရန် စီစဉ်နေပြီး Free to Air ရုပ်သံမီဒီယာများဖြစ်သည့် MRTV, MRTV-4, Sky Net, Myanmar Eduction Channel,MNTVနှင့် မြဝတီရုပ်သံမီဒီယာများတွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း များ၏ သင်ရိုးညွှန်းတမ်းများအား ထုတ်လွှင့်ပြသရန် စီစဉ်နေကြောင်း သိရသည်။ ထို့အပြင် လျှပ်စစ်မီးနှင့် တီဗီမရှိသည့် ဒေသများတွင် ရေဒီယိုများမှ တစ်ဆင့် ပို့ချပေးသွားမည်ဖြစ်တယ်လို့ဆိုပါတယ်။


လက်ရှိတွင် MRTV နှင့် Myanmar Education Channel တို့တွင် ယခင်က ရေးဆွဲပြီးသားဖြစ်သည့် သင်ရိုးညွှန်းတမ်းများကို ထုတ်လွှင့်ပြသလျက်ရှိပြီး တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများ ကို ကိုဗစ်ကပ်ရောဂါပျံ့နှံ့မှုကြောင့် နှစ်လနီးပါး နောက်ကျပြီးမှ ဇူလိုင် ၂၁ ရက်တွင် အထက်တန်းများကို စတင်ဖွင့်လှစ်ခွင့်ပြုခဲ့သော်လည်း  ဖွင့်လှစ်ပြီး ရက်သတ္တပတ်အကြာတွင် အလယ်တန်းနှင့် မူလတန်းများကို ဖွင့်လှစ်ရန် ကနဦးက စီစဉ်ထားခဲ့သော်လည်း သြဂုတ်လအတွင်း ရခိုင်ပြည်နယ်တွင် ကိုဗစ်ပြည်တွင်းကူးစက်မှုများ ပျံ့နှံ့လာခဲ့သောကြောင့် တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းများ ပြန်လည်ပိတ်ခဲ့ရခြင်းဖြစ်ပါတယ်။

#crd

It is not true that the current school year is less than one year, and plans are being made to reopen schools


 -------------------------


 November 26



 It is not true that the current school year will be less than one year, but plans are being made to reopen schools, and the reopening of schools will depend on the virus, according to the Department of Basic Education.



 Plans for the reopening of schools are currently being worked out, and the Ministry of Education will be notified as soon as possible.



 Due to the closure of schools, the Ministry of Education is planning to broadcast the curriculum of basic education classes on TV channels.  It is reported that the curriculum of middle and primary school is planned to be broadcast.  It will also be broadcast on radios in areas where there is no electricity and no TV.



 Currently, MRTV and Myanmar Education Channel broadcast the same curriculum, and schools across the country were allowed to reopen high schools on July 21, almost two months later due to the outbreak of the Kovis epidemic.


 #crd

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...