Wednesday, November 25, 2020

အလုပ်အကိုင်အခွင့်အလမ်း၃၃၀၀ခန့်ဖန်တီးပေးနိုင်မည့်လုပ်ငန်းသစ်၆ခုကိုရင်းနှီးမြှုပ်နှံမှု

 #အလုပ်အကိုင်အခွင့်အလမ်း၃၃၀၀ခန့်ဖန်တီးပေးနိုင်မည့်လုပ်ငန်းသစ်၆ခုကိုရင်းနှီးမြှုပ်နှံမှု

ကော်မရှင်ခွင့်ပြု

-------------------------

နိုဝင်ဘာ ၂၆





အလုပ်အကိုင်အခွင့်အလမ်း ၃,၃၀၀ ခန့် ဖန်တီးပေးနိုင်မည့် လုပ်ငန်းသစ် ၆ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကခွင့်ပြုလိုက်ကြောင်းသိရပါတယ်။


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို Video Conferencing စနစ်ဖြင့်   ကျင်းပပြုလုပ်ခဲ့ပြီး  အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကာအစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း(၅)ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့မှ လုပ်ငန်းသစ်(၆)ခုကိုခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။


အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၇၃.၈၂၀) သန်းနှင့် ကျပ် (၆၇၃ .၂၀၀) သန်းရှိပြီးပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃,၃၀၀) နေရာကိုဖန်တီးပေးနိုင်မည် ဖြစ်ကြောင်းသိရပါတယ်။


၂၀၂၀ ပြည့်နှစ် အောက်တိုဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကာ နိုင်ငံ/ဒေသပေါင်း (၅၁)ခုမှ စီးပွားရေးကဏ္ဍ (၁၂)ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံ ထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆.၁၄%) ဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆.၀၅%) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၅၆%) ဖြင့် လည်းကောင်းရင်းနှီးမြှုပ်နှံထားကြောင်းသိရပါတယ်။

#crdMyanmaPlatform #News #Domestic

# Invest in six new ventures that will create about 3,300 jobs

 Commission approval

 -------------------------

 November 26


 The Myanmar Investment Commission has approved six new projects that will create about 3,300 jobs.


 The 15th meeting of the Myanmar Investment Commission was held by video conferencing. The meeting was attended by Union Minister U Thaung Tun, Chairman and members of the Myanmar Investment Commission.  Agriculture;  Six new ventures were allowed in the manufacturing and other services sectors.


 The total investment of these businesses is US $ 73.820 million and 673.2 million kyats, which will create 3,300 jobs for local workers.


 By the end of October 2020, the largest investors were Singapore, Malaysia and Thailand.  The People's Republic of China and Thailand accounted for the largest share of investment in 12 sectors from 51 countries / regions, accounting for 26.14% of total investment in the power sector.  26.05% of total investment in the oil and gas sector;  It also invested 14.56% of the total investment in the manufacturing sector.

 #crdMyanmaPlatform #News #Domestic

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...