Thursday, November 26, 2020

ပုဂ္ဂလိကဆေးရုံများနှင့်ဆေးခန်းများတွင်COVID_19ကာကွယ်ဆေးများထိုးနှံနိုင်ရန် အမြန်ဆုံးခွင့်ပြုပေးသွားမည်

 #ပုဂ္ဂလိကဆေးရုံများနှင့်ဆေးခန်းများတွင်COVID_19ကာကွယ်ဆေးများထိုးနှံနိုင်ရန်

အမြန်ဆုံးခွင့်ပြုပေးသွားမည်

============

နိုဝင်ဘာ၊ ၂၆



ပုဂ္ဂလိကဆေးရုံများနဲ့ ဆေးခန်းတွေမှာ COVID-19 ကာကွယ်ဆေးများ ထိုးနှံနိုင်ဖို့အတွက် အမြန်ဆုံးခွင့်ပြုပေးသွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။


 မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး စီမံချက်အတွက် COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီရဲ့ ပထမအကြိမ်အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက ယခုလို ထည့်သွင်းပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။


"ပုဂ္ဂလိကဆေးရုံများနဲ့ ဆေးခန်းများက COVID-19 ကာကွယ်ဆေးများ ထိုးနှံနိုင်ရန်အတွက်ကိုလည်း စနစ်တကျလမ်းညွှန်ချက်များ အမြန်ဆုံးချမှတ်ကာ ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ခွင့်ပြုရာမှာ အာနိသင်မပြည့်ဝတဲ့ ကာကွယ်ဆေးများ မဖြစ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့ အပါအဝင် နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။


 မြန်မာနိုင်ငံမှာ ထိုးနှံအသုံးပြုရန် COVID-19 ကာကွယ်ဆေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြုသော (သို့မဟုတ်) သက်ဆိုင်ရာနိုင်ငံရဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့အစည်း (FDA) များမှ တရားဝင် အသိအမှတ်ပြုထားသော (သို့မဟုတ်) သက်ဆိုင်ရာ ကာကွယ်ဆေးထုတ်လုပ်တဲ့ နိုင်ငံများမှ အရေးပေါ်သုံးစွဲခွင့် (Emergency use authorization) ရရှိထားသော ကာကွယ်ဆေးများကိုသာ အသုံးပြုခွင့်ပေးမှာဖြစ်ပြီး အခြားသော အရည်အသွေးနဲ့ အာနိသင် အာမခံချက်မရှိတဲ့ ကာကွယ်ဆေးများကို လုံးဝအသုံးပြုခွင့် ပေးမှာမဟုတ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#crd

COVID_19 Vaccination in private hospitals and clinics

 Permission will be granted as soon as possible

 ============

 November  26


 The Union Minister for Health and Sports, Dr Myint Htwe, said the COVID-19 vaccine would be available in private hospitals and clinics as soon as possible.


  The Union Minister made the remarks at the first meeting of the COVID-19 Vaccine Coordinating Management Committee for the Myanmar COVID-19 vaccine project.


 "The Ministry of Health and Sports, in collaboration with the relevant departments and organizations, including the Ministry of Home Affairs and the Customs Department, will work with the Ministry of Health and the Ministry of Health to ensure that private hospitals and clinics receive the COVID-19 vaccine as soon as possible."  Union Minister Dr Myint Htwe said.


  He added that the COVID-19 vaccine for vaccination in Myanmar would only be given to vaccines that have been approved by the World Health Organization or the Food and Drug Administration (FDA) of the respective countries or the emergency use authorization of the relevant vaccine-producing country, and that no other quality or efficacy vaccine is allowed.

 #crd

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...