Saturday, November 21, 2020

ခိုးဝင်မြန်မာ၁၂ဦးထိုင်းရဲဖမ်းဆီး

 #ခိုးဝင်မြန်မာ၁၂ဦးထိုင်းရဲဖမ်းဆီး



(Zawgyi / Unicode)


ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်သူ မြန်မာ ၁၂ ဦးကို ဖမ်းဆီးထားကြောင်း ထိုင်းအာဏာပိုင်တွေ ပြောဆိုချက်ကို ကိုးကားပြီး Bangkok Post သတင်းက ရေးပါတယ်။


ထိုင်းနိုင်ငံ ဖူးခက်မှာ အလုပ်လုပ်ဖို့ ခိုးဝင်တာမှာ တဦးကို ဘတ် ၆,၅၀၀ နှုန်းနဲ့ ထိုင်းပွဲစားတဦးကို ပေးခဲ့ရပါတယ်။


စနေနေ့ မနက် ၁ နာရီ ဝန်းကျင်လောက်မှာ ထိုင်း-မြန်မာ နယ်စပ်ကို ဖြတ်ပြီး ဝင်လာသူတစုကို စစ်တပ်၊ နယ်စပ်ရဲ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ဒေသခံတွေပါတဲ့ အဖွဲ့တခုက တွေ့ခဲ့တာပါ။ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေကို လိုက်ပြီး ဖမ်းတာမှာတော့ ရာဘာစိုက်ခင်းတွေထဲကို ဝင်ပြေးကြပေမယ့် နောက်ဆုံးမှာတော့ အားလုံးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးတာမှာတော့ သူတို့နဲ့ တနယ်တည်းသား တဦးကနေတဆင့် ထိုင်းပွဲစားကို ချိတ်ဆက်ပြီး ထိုင်းကိုဝင်ဖို့ ပွဲစားခအဖြစ် တဦးကို ဘတ် ၆,၅၀၀ ပေးခဲ့ရတယ်လို့ ပြောကြပါတယ်။


ခိုးဝင် မြန်မာနိုင်ငံသားတွေအတွက် ကားတစီးလွှတ်ပေးပြီး ဖူးခက်က ထိုင်းအလုပ်ရှင်ထံ ပို့ပေးမယ်လို့ ထိုင်းပွဲစားက ကတိပေးထားတဲ့အကြောင်းလည်း ပြောပါတယ်။


#ThaiBurmaBorder #MyanmarMigrant #IllegalMigrant #Phukhet #ထိုင်း-မြန်မာနယ်စပ် #မြန်မာရွှေ့ပြောင်းအလုပ်သမား #တရားမဝင်အလုပ်သမား #ရွှေ့ပြောင်းအလုပ်သမား #လူမှောင်ခိုကူးမှု

----------------------

crdVOA

Thai police arrest 12 Burmese smugglers


 (Zawgyi / Unicode)


 The Bangkok Post quoted Thai authorities as saying that 12 Burmese illegal immigrants had been arrested.


 He was paid 6,500 baht to a Thai broker for smuggling to work in Phuket, Thailand.


 At around 1 am on Saturday, a group of people crossing the Thai-Burmese border were detained by the army and police.  Border Police  It was found by a group of immigration and local people.  They chased people crossing the border and ran into rubber plantations, but eventually caught all of them.  Interrogation of the arrested Burmese nationals revealed that they had to contact a Thai broker through a neighbor and pay a broker 6,500 baht to enter Thailand.


 He said a Thai broker had promised to release a car for the smuggled Burmese and deliver it to a Thai employer in Phuket.


 #ThaiBurmaBorder #MyanmarMigrant #IllegalMigrant #Phukhet #Thai-Burma border #Burmese migrant workers #Illegal workers #Migrant workers #Colidation

 -----------------------

 crdVOA

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...