Saturday, November 21, 2020

တောင်ကြီးမြို့တွင်မင်္ဂလာဆောင်ညစာစားပွဲပြင်ဆင်ထားသည့်စားသောက်ဆိုင်တစ်ခုအား ဝင်ရောက်စစ်ဆေးခဲ့ပြီးယစ်မျိုးပုဒ်မဖြင့်အမှုဖွင့်

#တောင်ကြီးမြို့တွင်မင်္ဂလာဆောင်ညစာစားပွဲပြင်ဆင်ထားသည့်စားသောက်ဆိုင်တစ်ခုအား

#ဝင်ရောက်စစ်ဆေးခဲ့ပြီးယစ်မျိုးပုဒ်မဖြင့်အမှုဖွင့်

=====================================

 


21 NOVEMBER 2020


ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၊ မင်္ဂလာလမ်းရှိ စားသောက်ဆိုင် တစ်ခုတွင် မင်္ဂလာဆောင် ညစာစားပွဲအတွက် ပြင်ဆင်ထားချိန် သက်ဆိုင်ရာ တာဝန်ရှိသူ အဖွဲ့စုံတို့က ဝင်ရောက် စစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့မှ တရားလိုပြုလုပ်၍ ယစ်မျိုးပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်တွင် ပိုးတွေ့လူနာ တွေ့ရှိမှု ပိုမိုများပြားလာသဖြင့် နိုဝင်ဘာလ ၂၀ ရက် မွန်းလွဲပိုင်းအချိန်တွင် သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ရဲတပ်ဖွဲ့ဝင်များ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် ပိုးတွေ့အတည်ပြုလူနာနှင့် ထိတွေ့သူများအား လိုက်လံခေါ်ဆောင်ခြင်း၊ လမ်းကိုဆေးဖြန်းခြင်း၊ Mask ပေးဝေခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် ဇောတိက (၁) လမ်းထိပ်တွင် ပြင်ဆင်ထားသော မင်္ဂလာဆောင် မော်တော်ယာဉ်ကို မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။


အဆိုပါ မင်္ဂလာဦးရပ်ကွက်၊ မင်္ဂလာလမ်းတွင်ရှိသော စားသောက်ဆိုင်သည် ပိုးတွေ့လူနာနေအိမ်ရှိသော ဇောတိက (၁) လမ်းထိပ်တွင် ရှိသဖြင့် ဆိုင်အတွင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများဖြင့် ဝင်ရောက် စစ်ဆေးကြည့်ရာ မင်္ဂလာဆောင် ညစာစားပွဲအတွက် စားပွဲဝိုင်း (၁၀) ဝိုင်း စာအတွက် ပြင်ဆင်ထားသည်ကို တွေ့ရှိရကြောင်း သိရသည်။


ထို့နောက် ညစာစားပွဲ လာရောက်သူများ မတွေ့ရသဖြင့် ပစ္စည်းများကို သိမ်းဆည်းစေပြီး အထောက်အထားများကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။


ယင်းဆိုင်သည် စည်ပင်ဌာနကို အခွန်ဆောင်ထားသော်လည်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ယစ်မျိုးခွန် ဆောင်ထားခြင်း မတွေ့ရသဖြင့် တစ်ဆိုင်လုံးတွင် ရှိသော အရက်ပုလင်းများ၊ ဘီယာပုလင်းများကို စုစည်း၍ တောင်ကြီးနယ်မြေ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သက်သေများ ရှေ့မှောက်တွင် ရှာဖွေပုံစံများဖြင့် ရေးသွင်းခဲ့ပြီး သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ဖြစ်စဉ်ကို တောင်ကြီးမြို့နယ် မြေရဲစခန်းတွင် ဆိုင်ပိုင်ရှင်အား ရဲတပ်ဖွဲ့မှ တရားလိုပြုလုပ်၍ ယစ်မျိုးခွန် ဥပဒေတို့ဖြင့် အမှုဖွင့်ထားရှိပြီး၊ တရားရုံး စွဲတင်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

A restaurant serving a wedding dinner in Taunggyi

 # Inspected and charged under the liquor section

 ====================================

  21 NOVEMBER 2020


 Southern Shan State  တောင်ကြီးမြို့၊  Mingalar Oo Ward  Police in riot gear stormed a restaurant on Mingalar Road in preparation for a wedding dinner while police prepared a case.


 The incident took place in Taunggyi.  Due to the increasing number of infected patients in Mingalar Oo ward, on the afternoon of November 20, the relevant General Administration Department,  Development Department  Police, traffic police;  A joint team consisting of volunteers from the Department of Health and the Ministry of Health is working to track down and treat those who have been exposed to the virus.  Spraying the road;  During the distribution of masks, a wedding vehicle was seen at the top of Zawtika 1 Road.


 The Mingalar Oo ward;  The restaurant on Mingalar Road is located at the top of Zawtika 1 Road, where the infected person lives.


 After that, no one was present at the dinner, so the items were confiscated and the evidence was checked.


 The shop was taxed by the Development Department, but no liquor tax was paid to the General Administration Department.  The beer bottles were collected and confiscated by Taunggyi police in front of witnesses.


 The incident took place at the Taunggyi Township Police Station and the shop owner was prosecuted by the police and charged under the liquor tax law.  It is learned that they are working to sue in court.

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...