Tuesday, November 24, 2020

ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူညီချက် RCEP ကြောင့် မြန်မာ့ ကုန်တွေ စျေးကွက်ပိုရလာနိုင်ခြေ

 ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူညီချက် RCEP ကြောင့် မြန်မာ့ ကုန်တွေ စျေးကွက်ပိုရလာနိုင်ခြေ

=================



ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး စာချုပ်ဖြစ်တဲ့ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP - အာဆက်ပ် မှာ မြန်မာနိုင်ငံက အဖွဲ့၀င် အဖြစ် လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီစာချုပ်မှာ ဖွံ့ဖြိုးပြီး နိုင်ငံတွေလည်း ပါတဲ့ အတွက် စျေးကွက်ပိုပြီး ရလာမယ်လို့ အစိုးရက မျှော်လင့်ထားပါတယ်။


ဒါပေမယ့် လက်ရှိ အချိန်မှာတော့ နိုင်ငံတကာ တန်း၀င် အရည်အသွေး အာမခံချက် မရှိတာကြောင့် တင်ပို့ ရောင်းချလို့ မရတဲ့ ထွက်ကုန်တွေ ရှိနေသေးတာကြောင့် အရည်အသွေးပိုင်းကို ကြိုပြင်ဖို့ လိုအပ်မယ်လို့ ဒေါက်တာ စိုးထွန်းက သုံးသပ်ပါတယ်။ အပတ်စဉ် စီးပွားရေး အစီအစဉ်အဖြစ်  တင်ပြထားပါတယ်။


ဒေါက်တာ စိုးထွန်း။    ။ ကျနော်တို့ လက်မှတ်ထိုးလိုက်တာတော့သိတယ်။ ကျန်တာတော့ မသိဘူး။ အဓိက ကတော့ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ အဟန့်အတားတွေ လျှော့ပေးဖို့ပေါ့နော်။ ကျန်တဲ့ အချက်တွေ အများကြီး ပါတာတော့ မတွေ့ဘူး။ ကြိုးနီ စနစ်တွေ ဖယ်ရှားပေးဖို့ ဆိုတာပေါ့နော်။


ဒါကတော့ မြန်မာနိုင်ငံကတော့ သိတဲ့ အတိုင်းဘဲ အာဆီယံမှာတောင်မှ ကျနော်တို့က နောက်ပိုင်းမှာ ရှိနေတာပေါ့နော်။ ဖွံ့ဖြိုးမှု နောက်ကျတယ်။ နောက် ကျနော်တို့ရဲ့ ထွက်ကုန်ကလည်း လယ်ယာ စိုက်ပျိုးရေးနဲ့ မွေးမြူရေး၊ ရေလုပ်ငန်း ထွက်ကုန်တွေ အဓိက ဖြစ်နေတယ်ပေါ့နော်။

ကျန်တဲ့ ရေထွက်ကုန် ပစ္စည်း ကောက်ပဲသီးနှံ အကုန်လုံးက ကုန်ကြမ်းကိုဘဲ တင်ပို့နေတာ။ သဘာ၀ ဓာတ်ငွေ့ ထွက်တယ်။ သို့သော်လည်းဘဲ ကုန်ကြမ်းကို ပိုက်နဲ့သွယ်ပြီးမှ သူများဆီ ပို့တယ်။ သူများဆီက ယူရီးယား မြေသြဇာတို့ ဘာတို့ ထွက်ပြီးမှ ကျနော်တို့က ပြန်၀ယ်ပြီး ပြန်တင်သွင်းတဲ့ ဟာမျိုးပေါ့နော်။


ဒီလိုမျိုး အခြေအနေမှာ လက်မှတ်ထိုးတာကတော့လည်း တဖက်က တွေးရင်တော့ နိုင်ငံရေး အရ ကောင်းတယ်ပေါ့။ နောက်တချက်ကတော့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရင် ကျနော်တို့ ဆီကို FDI (နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု) တွေ ပို၀င်မလား ပေါ့နော်။ တဖက်ကလည်း စိုးရိမ်တာကတော့ ကျနော်တို့ ဆီက ကုန်ကြမ်း ရှိတဲ့ အချိန်မှာ သူတို့တွေက အတားအဆီးတွေ ဖြေလျှော့ပေးလိုက်မယ် ဆိုရင် ကျနော်တို့မှာ ပြည်တွင်း လုပ်ငန်း လုပ်နေတဲ့ သူတွေများ ရပ်တည်ဖို့ အတွက် အခက်အခဲ ဖြစ်မလား။ အခုတောင် တဖြည်းဖြည်းနဲ့ ဒီပြသနာ တွေ့လာရပြီလေ။

MCN။    ။ စျေးကွက်ကို ဖွင့်လိုက်တဲ့ အခါမှာ ဒီ နိုင်ငံတကာ စျေးကွက်ကို ၀င်ရတော့မယ် ဆိုပြီးတော့များ ပိုပြီးတော့ ပြုပြင်ပြောင်းလဲမှု ပေါ့နော် မြန်မာနိုင်ငံဘက်က လုပ်ငန်းရှင်တွေက အဲလိုများ အတွေးအခေါ် ပြောင်းလဲသွားနိုင်ပါလား မြန်မာ့ စီးပွားရေး လုပ်ငန်းမှာ။


ဒေါက်တာ စိုးထွန်း။    ။ ကျနော်တို့ မြင်တာကတော့ လက်ရှိ အနေအထားမှာတော့ ကျနော်တို့ ဆီက ခုန ပြောသလိုပေါ့ ပြိုင်ရမယ်ဆိုတဲ့ အသိစိတ်လေးကတော့ ရှိတာတာပေါ့နော်။ ငါတို့ဟာ နိုင်ငံတကာနဲ့ ယှဉ်နိုင်အောင် လုပ်ရမယ်။ အသိစိတ်ဘဲ ရှိတယ်။ လက်တွေ့ကျတော့ ကျနော်တို့မှာ လိုအပ်ချက် ရှိတာကိုး။ ပြောင်းချင်စိတ်တော့ ရှိတယ်။ သို့သော်လည်း ပြောင်းချင်ပေမယ့် ကျနော်တို့မှာ ရှိတဲ့ ကိုယ့်ရဲ့ Capacity (စွမ်းဆောင်ရည်) ပေါ့ ဆိုပါတော့ ကျနော်တို့ရဲ့ ငွေကြေး အင်အား၊ နောက် ကျနော်တို့မှာ ရှိတဲ့ နည်းပညာ၊ ကျနော်တို့မှာ ရှိတဲ့ အတွေ့အကြုံ ဒါတွေကတော့ ကျနောတို့ လိုတယ်လို့ မြင်တာပေါ့နော်။


စိတ်တော့ ကျနော်တို့မှာ ရှိလာကြတယ် တော်တော်များများက။ အထူးသဖြင့်တော့ လူငယ်တွေပေါ့နော်။ ဒီနောက်ပိုင်း ကျနော်တို့က နည်းပညာ ခေတ်လည်း ဖြစ်လာတော့ အကြမ်းဖျဉ်း အားဖြင့်တော့ Social Media တွေ သုံးတယ်၊ အင်တာနက်တွေ အလွယ်တကူ သုံးတယ်၊ ဖုန်းတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးလာတဲ့ အချိန်မှာတော့ ကျနော်တို့ မျက်စိကတော့ ပွင့်လာတာပေMCN။    ။ စျေးကွက်ဖွင့်လိုက်ပြီ အခွန်ပေးစရာမလိုတော့ဘူး ဆိုပေမယ့် အရည်အသွေးပိုင်း အရ အတားအဆီးများ ဖြစ်လာနိုင်ပါသလားရှင့်။ မြန်မာနိုင်ငံရဲ့ အဓိက စျေးကွက် ဖြစ်တဲ့ တင်ပို့ကုန်တွေ ကိစ္စမှာရော။


ဒေါက်တာ စိုးထွန်း။    ။ တကယ်တန်း ကျနော်တို့ Point Out လုပ်ချင်တာတော့ အစိုးရ ထိုးရမယ့် လက်မှတ် ရှိတယ်။ ဘာလဲ ဆိုရင် ကျနော်တို့ တရုတ်နိုင်ငံကို အဓိက တင်ပို့တယ်ပေါ့နော်။ ဒါ ကျနော်တို့က အရင်တုန်းက လက်မှတ်ထိုးထားတာ AQSIQ ပေါ့နော် ပိုးမွှားနဲ့ ပတ်သက်တာပေါ့။ အခုက GACC ခေါ်တာပေါ့။ အဲဒီဟာ လက်မှတ် အရင်ထိုးရမယ်။ ကျနော်တို့ဆီမှာ ၂၀၁၅ တုန်းက ဆန်ကို ထိုးနိုင်တယ်။ အခုတော့ ဆန်ကွဲကို ထပ်ထည့်တယ်။ အဲဒီ တမျိုးဘဲ ထိုးလို့ ရသေးတယ်။ ကျန်တဲ့ဟာ အားလုံးက အရည်အသွေးနဲ့ ပတ်သက်တာ AQSIQ ရော GACC ရော လက်မှတ် မထိုးထားဘူး။ မထိုးထားတဲ့ အတွက်ကြောင့် မို့လို့ ကျနော်တို့ အနေနဲ့ တရား၀င် တင်ပို့တဲ့ နေရာမှာ အခက်အခဲ ရှိတယ်။


၂ နိုင်ငံ ပိုးမွှားနဲ့ ပတ်သက်တာ လက်မှတ်ထိုးရဲ့လားပေါ့နော်။ အဲဒီ Certificate ကိုတော့ ထုတ်ရမယ်။ ဆိုတော့ အဲဒီ သဘောတူညီချက်ကို အရင်ထိုးဖို့ လိုတယ်။ ခုနထဲမှာ ပါတဲ့ အတိုင်းပေါ့နော် ကျနော်တို့ ကုန် များများ ပို့နိုင်အောင်က တရား၀င် ပို့ဖို့ အတွက်က ကျနော်တို့က ခုန ပြောတဲ့ အရည်အသွေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေ လက်မှတ် ရေးထိုးဖို့တော့ ကျနော်တို့ အနေနဲ့ ဦးစားပေး လိုတာပေါ့နော်။

ဒုတိယ အချက်ကတော့ ကျနော်တို့တွေက စိုက်ပျိုး ထုတ်လုပ်တဲ့ နေရာမှာ အဓိက ကတော့ ကျနော်တို့ရဲ့ လယ်သမားတွေ အနေနဲ့ မျိုးစေ့နဲ့ ပတ်သက်တာ မျိုးနဲ့ ပတ်သက်တာ စိုက်ပျိုးတဲ့ စနစ်ပေါ့နော် ဒါမျိုးတွေမှာ လိုအပ်ချက် ကလေးတွေ ရှိနေတာပေါ့။


ဒါတွေကလည်း ကျနော်တို့ မြင်တာက အစိုးရ ကနေ ဦးဆောင်ပြီးတော့မှ ကျနော်တို့ ပုဂ္ဂလိက အသင်းအဖွဲ့တွေရော လယ်သမားတွေ မွေးမြူရေး သမားတွေ ကျနော်တို့တွေ အားလုံး ပူးပေါင်းပြီးတော့မှ ပြင်ဆင်ဖို့တော့ လိုတယ်။ Value Added မပို့နိုင်ရင် တောင်မှ ထွက်ကုန်တွေ ပေါ့နော် လယ်ယာ စိုက်ပျိုးရေး ထွက်ကုန်၊ မွေးမြူရေး ထွက်ကုန်တွေကို ကျနော်တို့ အနေနဲ့ တရား၀င် တင်ပို့လို့ ရအောင် ကျနော်တို့ ဆောင်ရွက်ဖို့တော့ လိုတာပေါ့နော်။ အဲဒီ အတွက် ကျနော်တို့ ပြင်ဆင်ဖို့လည်း လိုပါတယ်။


MCN။    ။ ဆိုတော့ နောက်တခုက မြန်မာနိုင်ငံမှာ သီလဝါ အပါအ၀င် ဆရာတို့လည်း လက်ရှိ လုပ်နေကြတဲ့ ကားထုတ်လုပ်ရေးပေါ့နော်။ တစိတ်တပိုင်း ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ ဟာတွေ ရှိပါတယ်။ ဒီ ကားထုတ်လုပ်ငန်း စက်မှု လုပ်ငန်းတွေဟာဆိုရင် အခွန် သက်သာခွင့် ဆိုတဲ့ဟာပေါ်မှာ အဓိက မူတည်ပြီးတော့ လာလုပ်ကြတာ ဆိုတော့ အခွန်သက်သာခွင့် အားသာချက်ကြောင့် လာပြီး လုပ်တဲ့ လုပ်ငန်းတွေ ဆုံးရှုံးနိုင်ခြေ ရှိပါလားရှင့်။


ဒေါက်တာ စိုးထွန်း။     ။ ဒါလည်း ဖြစ်တယ်။ အခုလောလောဆယ်တောင်မှ ကျနော်တို့က အရင်တုန်းက အခွန် ပြည်ပက တင်သွင်းတယ်ဆိုရင် သူတို့က အခွန် အကောက် များတယ်ပေါ့နော်။ ပြည်တွင်းမှာ ထုတ်လုပ်ရင် သူတို့က အခွန်ဆောင်ဖို့ မရှိဘူးဆိုတော့ ကားထုတ်လုပ်တဲ့ သူတွေ ဒီကို လာကြတယ်။ ကား ထုတ်လုပ်တဲ့သူတွေ ရွှေ့လာတာပေါ့နော်။ စီးပွားရေး သမားရဲ့ သဘောမှာ ရင်းနှီးမြှုပ်နှံသူရဲ့ သဘောမှာ သူတို့ အတွက် Incentive - မက်လုံး ပိုများတဲ့ ဟာကို ရင်းနှီးမြှုပ်နှံမှုပိုလုပ်ကြတာပေါ့နော်။


အခု ပြောတဲ့ အတားအဆီးတွေ ဖြေလျှော့ပေးမယ် အခွန်တွေ ဖြေလျှော့ပေးလိုက်ရင် ကျနော်တို့ FDI (နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု) တွေကလည်း လက်ရှိ လုပ်နေတဲ့သူ တချို့ကလည်း နောက်ပြန်ဆုတ်သွားနိုင်တယ်။


ပြီးခဲ့တဲ့ လပိုင်းမှာတောင်မှ ကျနော်တို့က နိုင်ငံတော် အစိုးရက နေပြီးတော့ ကားနဲ့ ပတ်သက်တဲ့ အကောက်ခွန် လျှော့ချပေးတယ် တ၀က်။ နောက် ကညန မှတ်ပုံတင်ကြေးပေါ့နော် ၅၀ ရာခိုင်နှုန်း လျှော့ချလိုက်တော့ ကျနော်တို့ ဆီကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး လာတွေ့တယ်။ သူတို့က ကာထုတ်လုပ်တဲ့ စက်ရုံ လုပ်နေတာ တိုရိုတာ စက်ရုံ ဆောက်နေတာ။ အဲတော့ သူတို့က စိုးရိမ်ပြီးတော့မှ ကျနော်တို့ ဆီလည်း လာတွေ့တယ်၊ အစိုးရလည်း သွားတွေ့ဖို့ လုပ်နေတယ်။ အဓိက ကတော့ ကျနော်တို့ ဆီမှာ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့ ဂျပန် ကုမ္ပဏီတွေ ဆက်လုပ်ရမလား မလုပ်ရလား ကျနော်တို့ သဘောထား လာတောင်းတာပေါ့။ ဒါလည်း အဆိုးနဲ့ အပြစ်မှာ တခု ပါတာပေါ့။


MCN။    ။ လောလောဆယ် အပိုင်းမှာ ဆရာတို့ ရေရှည် အတွက် စိုးရိမ်ချက် ဘယ်လောက် ရှိပါလဲရှင့်။


ဒေါက်တာ စိုးထွန်း။   ။ ကျနော်တို့ကတော့ ဘာဘဲ ပြောပြော ပုဂ္ဂလိက လုပ်ငန်း လုပ်တဲ့ သူတွေကတော့ ပြည်ပက လူတွေ ၀င်လာမယ့် နောက်တခါ အတားအဆီးတွေ ဖြေလျှော့ပေးလိုက်မယ် ဆိုရင်တော့ ကျနော်တို့ ရပ်တည်နိုင်ဖို့ အတွက် စိုးရိမ်မှုတော့ ရှိကြတာပေါ့။ ဒါ လုပ်ငန်း အမျိုးအစား အလိုက် အကုန်လုံးမှာတော့ စိုးရိမ်မှု ပူပန်မှု ရှိကြပါတယ်။ အသေးစိတ်ပေါ့နော် ဘယ်လောက်များ ထိခိုက်မှု ရှိမလား ဆိုတာတော့လည်း ကျနော်တို့ အနေနဲ့ သေချာတော့ မသိဘူး။ အနည်းနဲ့ အများတော့ စိုးရိမ်မှုတော့ ရှိကြပါတယ်။


MCN။   ။ ဒေါက်တာ စိုးထွန်းကို ကျေးဇူးတင်ပါတယ်ရှင်။


ဒေါက်တာ စိုးထွန်း။    ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်။

#crdVOA

RCEP, the world's largest trade agreement, could boost Burmese markets

 =================


 Myanmar joins ASEAN to sign regional multilateral economic cooperation agreement (RCEP), the world's largest trade agreement.  The government hopes to gain more markets as developed countries include the agreement.


 However, Dr Soe Tun said that at present, there are still products that cannot be exported due to the lack of international quality assurance, so the quality needs to be improved.  It is presented as a weekly business plan.


 Dr. Soe Tun  :  I know we signed.  I do not know the rest.  The key is to reduce trade barriers.  I do not see many other points.  To get rid of red tape.


 This is, as you know, Myanmar is lagging behind even in ASEAN.  Development is lagging behind.  Our products are also used in agriculture and livestock.  Fishery products are the main ones.

 All other fishery products are exported as raw materials.  Natural gas is produced.  However, the raw material is piped and then sent to others.  We buy back urea after importing urea fertilizer from others.


 In such a situation, signing is politically motivated.  Another point is that if we can cooperate with them, will more FDI (foreign direct investment) come to us?  On the other hand, I am worried that if they remove the barriers when we have the raw materials, will it be difficult for our local businesses to survive?  Even now, this problem is slowly emerging.

 MCN.  :  When the market is opened, there will be more reforms to enter this international market. Can Burmese businessmen change their mindsets in the Burmese business community?


 Dr. Soe Tun  :  What we see in the current situation is that we have a sense of competition.  We have to compete internationally.  There is only consciousness.  In practice, we have a need.  I want to change.  However, if we want to change, but we have our capacity, our financial strength,  Then we have the technology.  We have the experience that we need.


 Mentally, we have a lot of them.  Especially young people.  Since then, we have also entered the age of technology, so we generally use social media.  The Internet is easy to use;  As mobile phones became more widely used, our eyes widened. MCN  :  Once the market is open and there is no need to pay taxes, can there be quality barriers?  What about Myanmar's main export market?


 Dr. Soe Tun  :  What we really want to point out is that the government has a signature.  After all, we mainly export to China.  This is what we have previously signed about AQSIQ regarding germs.  Now it is called GACC.  It must be signed first.  We can grow rice in 2015.  Now add the cracked rice.  You can only hit that one.  The rest are not signed by either AQSIQ or GACC in terms of quality.  Because it is not injected, it is difficult for us to export legally.


 Did the two countries sign the pact?  That certificate must be issued.  So we need to sign that agreement first.  As mentioned earlier, in order for us to be able to export more goods, we need to prioritize the signing of quality agreements.

 Secondly, the main thing we do in farming is that our farmers have a seed-based farming system.


 We see this as a government-led initiative, and we need to work together with our private organizations, farmers and ranchers.  Even if we can't export value added, we can still export agricultural products.  We need to make sure that we can export livestock products legally.  We also need to prepare for that.


 MCN.  :  So the next thing is the car production that teachers, including Thilawa, are currently doing in Myanmar.  Some are locally produced.  Since these car manufacturing industries are mainly dependent on tax relief, is it possible for businesses to lose business due to the advantage of tax relief?


 Dr. Soe Tun  :  This is also the case.  Even now, if we used to import taxes from abroad, they have high taxes.  If they make it locally, they don't have to pay taxes, so car manufacturers come here.  Car manufacturers are moving.  In the business sense, investors are more likely to invest in incentives.


 If these barriers are eased and taxes are eased, some of our current FDI (foreign investors) may fall behind.


 Even last month, we, the government, reduced the car tax by half.  Then, when the registration fee was reduced by 50%, the Japanese Ambassador to Burma came to see us.  They are building a factory and they are building a Toyota factory.  So they came to us only after they were worried.  The government is also planning to visit.  The main thing is that we are asking whether Japanese companies that invest in us should continue or not.  That, too, is a sin and a sin.


 MCN.  :  How concerned are you about the long term at the moment?


 Dr. Soe Tun  :  We, the private sector, are worried that we will be able to stand on our own two feet if foreigners are allowed to enter again.  Depending on the type of business, there are concerns.  We do not know for sure how much damage will be caused.  There are more or less worries.


 MCN.  :  Thank you Dr. Soe Tun


 Dr. Soe Tun  :  I thank you too.

 #crdVOA

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...