Saturday, November 21, 2020

ရွေးကောက်ပွဲနောက်ဆက်တွဲအမှုပေါင်း(၉၀၀)နီးပါးUSDPတိုင်ကြား

 ရွေးကောက်ပွဲနောက်ဆက်တွဲ အမှုပေါင်း (၉၀၀) နီးပါး USDP ပါတီတိုင်ကြားထား

~~~~~~~~~~

■ နိုဝင်ဘာလ (၈) ရက်နေ့ကကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လက်ရှိအချိန်ထိ  ရဲအရေးပိုင်အမှု ၁၁၀ ကျော်၊ ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ ကန့်ကွက်လွှာပေါင်း (၇၅၀) ကျော် တိုင်ကြားထားတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးက မနေ့ကပြောလိုက်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့  ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားနေတဲ့ ကိစ္စတွေကို ကော်မရှင်က ဘယ်လိုဆုံးဖြတ်မလဲဆိုတာ စောင့်ကြည့်နေပြီး သက်ရောက်မှုတိုင်းမှာ တူညီတဲ့ တန်ပြန်သက်ရောက်မှုရှိတယ်လို့ ရွေးကောက်ပွဲရလဒ်အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူတွေကိုပြောကြားတဲ့ မိန့်ခွန်းမှာ ဦးသန်းဌေးက ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။

မဲစာရင်းဖောင်းပွမှုတွေ၊ မဲမသမာမှုတွေ ရှိခဲ့တာကြောင့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ရပ်တွေကို လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးပေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတောင်းဆိုထားပါတယ်။

ရွေးကောက်ပွဲကာလအတွင်း တရားမမျှတမှုဖြစ်ပေါ်ခဲ့တာတွေအတွက် အစွန်းဆုံးအထိရောက်အောင် ရေဆုံးမြေဆုံး ကန့်ကွက်သွားမယ်လို့ ပါတီဒုဥက္ကဋ္ဌ ဦးခင်ရီကလည်းပြောထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကတော့ ရွေးကောက်ပွဲတရားမမျှတဘူးဆိုတာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲဖြစ်တယ်လို့ နိုဝင်ဘာလ(၁၁) ရက်နေ့က ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလာဒ်အရ ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီက (၃၉၆) နေရာရပြီး USDP ပါတီက (၃၃)နေရာ အနိုင်ရထားပါတယ်။

(unicode)

~~~~~~~~

(zawgyi)

~~~~~~~~

The USDP has filed nearly 900 election-related cases

 ~~~~~~~~~~

 More than 110 police cases have been reported so far in connection with the November 8 election.  Than Htay, chairman of the USDP, said yesterday that he had lodged more than 750 complaints against the election commission.

 In a public address on the outcome of the election, Than Htay said the commission was watching to see how the commission would resolve disputes over the 2020 election and that all effects had the same effect.

 Voter list inflation;  Due to vote rigging,  The Union Solidarity and Development Party (USDP) has demanded that an independent commission of inquiry be set up to investigate the actions of the Union Election Commission.

 Khin Yee, the party's vice-chairman, has said he will do his utmost to oppose any irregularities during the election.

 U Myint Naing, a member of the Union Election Commission, told a news conference on November 11 that the election was unfounded.

 According to the 2020 election results, the NLD won 396 seats in the Pyidaungsu Hluttaw and the USDP won 33 seats.

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...