Saturday, November 21, 2020

NLDရွေးကောက်ပွဲအနိုင်ရအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးထိုက်ဇော်သေနတ်ပစ်ခံရသေဆုံ

#NLDရွေးကောက်ပွဲအနိုင်ရအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးထိုက်ဇော်သေနတ်ပစ်ခံရသေဆုံး

===============================




ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် အမှတ်(၁) ရှမ်းပြည်နယ်အမျိုးသားလွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် နေအိမ်ကို ဒီကနေ့ နိုဝင်ဘာလ (၂၁)ရက်နေ့ ည ၆ နာရီခွဲ အချိန်က သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့လို့ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးထိုက်ဇော်ဟာ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တိန်ရွာမှာ နေထိုင်သူဖြစ်ပြီး သူရဲ့ နေအိမ် အတွင်းမှာ နေထိုင်စဉ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ ကနဦး သတင်းကြားသိရပါတယ်။

လက်ရှိမှာတော့ ဘယ်သူဘယ်ဝါတွေက ပစ်ခတ်တယ်ဆိုတာကို မတွေ့ရသေးပါဘူး။ အခုသေဆုံးသွားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ SNLD က ကိုယ်စားလှယ်လောင်းကို ၅၄ မဲနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ထပ်မံရရှိတဲ့ သတင်းအချက်အလက်များကို ဆက်လက်တင်ပြသွားပါမယ်။

#crdDVB

#BreakingNews

 #NLD election winner U Htike Zaw shot dead

 ==============================

 Northern Shan State  The National League for Democracy (NLD), which won the Shan State National Assembly seat in Kyaukme District No. 1, opened fire on the home of National Assembly member Htike Zaw at 6:30 pm on November 21, according to locals.

 The deceased National Assembly member U Htike Zaw was arrested in Kyaukme Township.  Naung Pein Village Tract;  According to initial reports, he was shot while living in his home in Pintin village.

 It is unknown at this time what he will do after leaving the post.  The deceased National Assembly member defeated the SNLD candidate by 54 votes in the 2020 general election.

 More information will follow.

 #crdDVB

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...