Friday, November 27, 2020

ရန်ကုန်နှင့်ချိတ်ဆက်မည့် အဓိကအမြန်လမ်းမကြီးနှစ်ခုအတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်မည်

 ရန်ကုန်နှင့်ချိတ်ဆက်မည့် အဓိကအမြန်လမ်းမကြီးနှစ်ခုအတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်မည်

---------------------------

ရန်ကုန်၊ နိုဝင်ဘာလ၂၇



ရန်ကုန်နှင့်ချိတ်ဆက်မည့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးအဆင့်မြှင့်တင်ခြင်းနှင့် ရန်ကုန်-ပုသိမ်-ငရုတ်ကောင်း အမြန်လမ်းမသစ်ဖောက်လုပ်ရေးတို့အတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန သတင်းများအရ သိရပါတယ်။


လက်ရှိ မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုလိုအပ်ချက်များရှိနေပြီး အစိုးရဘတ်ဂျက်ဖြင့် အကောင်အထည်ဖော်ရန် ကန့်သတ်ချက်များကြောင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ပိုမိုပါဝင်လာစေရန် ဖိတ်ခေါ်မည်ဖြစ်ကြောင်း သိရပါတယ်။


အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် အထူးအခွင့်အရေးတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေ၊ စည်းမျဉ်း စည်းကမ်းသစ်များကို ကျင့်သုံးမည်ဖြစ်ကြောင်း သိရပါတယ်။


ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးအဆင့်မြှင့်တင်ခြင်းနှင့် ရန်ကုန်-ပုသိမ်-ငရုတ်ကောင်း အမြန်လမ်းမသစ်ဖောက်လုပ်ရေးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနနှင့် KOICA Myanmar Office  တို့ ပူးပေါင်းဆောင်ရွက်သည့် Central Backbone Expressway in Myanmar စီမံကိန်းဖြစ်ကြောင်း သိရပါတယ်။

#crd


No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...