Wednesday, November 25, 2020

မြန်မာ_ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးကျင်းပပြုလုပ်

 #မြန်မာ_ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးကျင်းပပြုလုပ်

==========

နိုဝင်ဘာ၂၅



မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးကိုမြန်မာနိုင်ငံ၊ မောင်တောမြို့၊ အမှတ်(၁)လူဝင်/ထွက်စစ်ဆေးရေးစခန်း (POE)တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၄)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူးဒုတိယရဲမှူးကြီးဇော်လင်းအောင်ဦးဆောင်သောကိုယ်စားလှယ် ၇ ဦးနှင့် အမှတ်(၂) ဘင်္ဂလားဒေ့ရ်ှနယ်ခြားစောင့်တပ်(တက္ကနာ့ဖ်)မှ တပ်ရင်းမှူးLt.Col. Mohammad Faisal Hasan Khan ဦးဆောင်သောကိုယ်စားလှယ် ၁၀ ဦးပါဝင်သောအဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။

 အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ကနှစ်နိုင်ငံနယ်နိမိတ် မြန်မာနိုင်ငံဘက်မှ ခြံစည်းရိုးကာရံမှုတွင် နယ်ခြားမှတ်တိုင် ၆၅ နှင့် ၆၆ တို့နှင့်ပတ်သက်၍ မိမိနယ်မြေအတွင်း၌သာကာရံထားသည့်အခြေအနေအားလည်းကောင်း၊ ARSA အကြမ်းဖက်အုပ်စုသည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်တွင် အခြေပြုလှုပ်ရှား၍ မြန်မာ့လုံခြုံရေးအဖွဲ့များအားအလစ်အငိုက် ဝင်ရောက်တိုက်ခိုက်နေမှုအခြေအနေများ၊ ARSA အကြမ်းဖက်အုပ်စု၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မောင်တောမြို့နယ်၊ လိပ်ရကျေးရွာအနီးအရပ်သားပိုင် မော်တော်ယာဉ် ၁ စီးမိုင်းထိ၍ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့မှုအခြေအနေအား Video Clip နှင့် ဓာတ်ပုံများပြသ၍လည်းကောင်းဆွေးနွေးခဲ့ပြီးနယ်စပ်ခြံစည်းရိုးအနီးလာရောက်ပစ်ခတ်မှုများ၊  မိုင်းထောင်သည့်ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းအချက်အလက်များဖလှယ်ဆွေးနွေးခဲ့ပါသည်။

 ဆက်လက်ဆွေးနွေးရာတွင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံပိုင်နက်ကိုအသုံးပြုတိုက်ခိုက်နေသည့် ARSA အကြမ်းဖက်အုပ်စုအားနှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရှင်းလင်းချေမှုန်းနိုင်ရေး၊ နယ်စပ်တွင် ထူးခြားဖြစ်စဉ် ဖြစ်ပေါ်မှုများနှင့် အပြစ်မဲ့ပြည်သူများကိုခြိမ်းခြောက်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းတို့မှ ကာကွယ် တားဆီးနိုင်ရေးအတွက် သတင်းအချက်အလက်များကိုအချိန်နှင့်တစ်ပြေးညီဆက်သွယ်ပေးပို့ရေး၊ ယခုဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၉ ဦးသည် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ ငါးဖမ်းစက်လှေဖြင့် တရားမဝင် ဝင်ရောက်လာမှုကိုနှစ်နိုင်ငံသဘောတူစာချုပ်များနှင့်အညီလူသားချင်းစာနာထောက်ထားမှု၊ အပြစ်မဲ့ပြည်သူများဖြစ်၍ လူ့အခွင့်အရေးဆိုင်ရာများအားလေးစားလိုက်နာသောအားဖြင့် စနစ်တကျ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်းဆွေးနွေးပြီး ၎င်းတို့ ၉ ဦးနှင့်အတူဖမ်းဆီးရမိလှေများ/ ပါရှိပစ္စည်းများကိုပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။

 ဘင်္ဂလားဒေ့ရ်ှနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်မှ ဆွေးနွေးရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၉ ဦးပြန်လည်လွှဲပြောင်းပေးမှုကိုကျေးဇူးတင်ပါကြောင်း၊ ၎င်းတို့ ဘင်္ဂလားဒေ့ရ်ှနယ်ခြားစောင့်တပ်အနေဖြင့်လည်းနယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့တွင် အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်သတင်းများရရှိကဖလှယ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာဘက်မှ ဆွေးနွေးပြောကြားချက်များကိုအထက်တာဝန်ရှိသူများထံဆက်လက်တင်ပြမည်ဖြစ်ကြောင်းပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီးတွေ့ဆုံဆွေးနွေးမှုသည် နေ့လယ် ၁၂ နာရီခွဲတွင် ပြီးဆုံးခဲ့ကြောင်းသိရှိရပါသည်။


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးကျင်းပပြုလုပ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးကိုမြန်မာနိုင်ငံ၊ မောင်တောမြို့၊ အမှတ်(၁)လူဝင်/ထွက်စစ်ဆေးရေးစခန်း (POE)တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် အလံတင် အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၄)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူးဒုတိယရဲမှူးကြီးဇော်လင်းအောင်ဦးဆောင်သောကိုယ်စားလှယ် ၇ ဦးနှင့် အမှတ်(၂) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(တက္ကနာ့ဖ်)မှ တပ်ရင်းမှူးLt.Col. Mohammad Faisal Hasan Khan ဦးဆောင်သောကိုယ်စားလှယ် ၁၀ ဦးပါဝင်သောအဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။

 အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ကနှစ်နိုင်ငံနယ်နိမိတ် မြန်မာနိုင်ငံဘက်မှ ခြံစည်းရိုးကာရံမှုတွင် နယ်ခြားမှတ်တိုင် ၆၅ နှင့် ၆၆ တို့နှင့်ပတ်သက်၍ မိမိနယ်မြေအတွင်း၌သာကာရံထားသည့်အခြေအနေအားလည်းကောင်း၊ ARSA အကြမ်းဖက်အုပ်စုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် အခြေပြုလှုပ်ရှား၍ မြန်မာ့လုံခြုံရေးအဖွဲ့များအားအလစ်အငိုက် ဝင်ရောက်တိုက်ခိုက်နေမှုအခြေအနေများ၊ ARSA အကြမ်းဖက်အုပ်စု၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မောင်တောမြို့နယ်၊ လိပ်ရကျေးရွာအနီးအရပ်သားပိုင် မော်တော်ယာဉ် ၁ စီးမိုင်းထိ၍ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့မှုအခြေအနေအား Video Clip နှင့် ဓာတ်ပုံများပြသ၍လည်းကောင်းဆွေးနွေးခဲ့ပြီးနယ်စပ်ခြံစည်းရိုးအနီးလာရောက်ပစ်ခတ်မှုများ၊  မိုင်းထောင်သည့်ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းအချက်အလက်များဖလှယ်ဆွေးနွေးခဲ့ပါသည်။

 ဆက်လက်ဆွေးနွေးရာတွင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ကိုအသုံးပြုတိုက်ခိုက်နေသည့် ARSA အကြမ်းဖက်အုပ်စုအားနှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရှင်းလင်းချေမှုန်းနိုင်ရေး၊ နယ်စပ်တွင် ထူးခြားဖြစ်စဉ် ဖြစ်ပေါ်မှုများနှင့် အပြစ်မဲ့ပြည်သူများကိုခြိမ်းခြောက်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းတို့မှ ကာကွယ် တားဆီးနိုင်ရေးအတွက် သတင်းအချက်အလက်များကိုအချိန်နှင့်တစ်ပြေးညီဆက်သွယ်ပေးပို့ရေး၊ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၉ ဦးသည် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ ငါးဖမ်းစက်လှေဖြင့် တရားမဝင် ဝင်ရောက်လာမှုကိုနှစ်နိုင်ငံသဘောတူစာချုပ်များနှင့်အညီလူသားချင်းစာနာထောက်ထားမှု၊ အပြစ်မဲ့ပြည်သူများဖြစ်၍ လူ့အခွင့်အရေးဆိုင်ရာများအားလေးစားလိုက်နာသောအားဖြင့် စနစ်တကျ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်းဆွေးနွေးပြီး ၎င်းတို့ ၉ ဦးနှင့်အတူဖမ်းဆီးရမိလှေများ/ ပါရှိပစ္စည်းများကိုပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။

 ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်မှ ဆွေးနွေးရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၉ ဦးပြန်လည်လွှဲပြောင်းပေးမှုကိုကျေးဇူးတင်ပါကြောင်း၊ ၎င်းတို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အနေဖြင့်လည်းနယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့တွင် အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်သတင်းများရရှိကဖလှယ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာဘက်မှ ဆွေးနွေးပြောကြားချက်များကိုအထက်တာဝန်ရှိသူများထံဆက်လက်တင်ပြမည်ဖြစ်ကြောင်းပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီးတွေ့ဆုံဆွေးနွေးမှုသည် နေ့လယ် ၁၂ နာရီခွဲတွင် ပြီးဆုံးခဲ့ကြောင်းသိရှိရပါသည်။

# Myanmar-Bangladesh Border Guard Battalion Commander-in-Chief Flag-raising Meeting Held

 ==========

 November 25

 Burma-Bangladesh Border Guard Battalion Commander-in-Chief Flag-raising Meeting  Maungdaw Township  Immigration Checkpoint No. (1) (POE) 2020  It was held on November 25 at 11:30 am Myanmar Standard Time.  The Myanmar-Bangladesh Border Guard Force (BGF) Battalion Commander-in-Chief Flag-raising Meeting  Lt. Col. Zaw Lin Aung, Deputy Police Chief of the 4th Border Guard Force (BGF) led by 7 representatives and Lt. Col. Lt. Col. from the 2nd Border Guard Force (BGF) Bangladesh Bangladesh  A 10-member delegation led by Mohammad Faisal Hasan Khan attended.

  At the meeting, the leader of the Myanmar delegation briefed on the situation of border fences 65 and 66 on the Burmese side of the border between the two countries.  The ARSA terrorist group, which is based on the Bangladesh side, has been infiltrating the Burmese security forces.  On November 17, a mine was detonated by the ARSA terrorist group in Maungdaw Township.  Three civilians, including children, were killed and six others were injured when a civilian vehicle hit a landmine near Leikya village. Video clips and photos were used to show the shooting near the border fence.  Information was exchanged on landmines.

  The two sides also agreed to work together to eradicate the ARSA terrorist group that is using the territory of Bangladesh to fight for peace and stability in the border areas between the two countries.  Extraordinary events on the border and intimidation of innocent civilians;  Real-time communication of information to prevent landmines;  Nine Bangladeshi nationals have been charged with illegally entering Burma through a fishing boat in accordance with bilateral agreements.  It was discussed that the extradition was carried out out of respect for human rights because they are innocent civilians, and the seized boats and their belongings were returned with the nine of them.

  The head of the Bangladeshi delegation thanked the nine Bangladeshis for the extradition.  They said that the Bangladesh Border Guard Force will cooperate in security and stability in the border area.  We will exchange as soon as we receive information about terrorism.  The Myanmar side reiterated that it would continue to present its discussions to higher officials, and the meeting ended at 12:30 pm.


 Battalion Commander-in-Chief Meeting of Myanmar-Bangladesh Border Guard Forces

 Burma-Bangladesh Border Guard Battalion Commander-in-Chief Flag-raising Meeting  Maungdaw Township  Immigration Checkpoint No. (1) (POE) 2020  It was held on November 25 at 11:30 am Myanmar Standard Time.  The Myanmar-Bangladesh Border Guard Force (BGF) Battalion Commander-in-Chief Flag-raising Meeting  Lt. Col. Zaw Lin Aung, Deputy Police Chief of the 4th Border Guard Force, and Lt. Col. Col.Col., Commander of the 2nd Border Guard Force (BGF), Bangladesh.  A 10-member delegation led by Mohammad Faisal Hasan Khan attended.

  At the meeting, the leader of the Myanmar delegation briefed on the situation of border fences 65 and 66 on the Burmese side of the border between the two countries.  The ARSA terrorist group is based in Bangladesh and has been infiltrating Burmese security forces.  On November 17, a mine was detonated by the ARSA terrorist group in Maungdaw Township.  Three civilians, including children, were killed and six others were injured when a civilian vehicle hit a landmine near Leikya village. Video clips and photos were used to show the shooting near the border fence.  Information was exchanged on landmines.

  The two sides also agreed to work together to eradicate the ARSA terrorist group that is using Bangladeshi territory to attack and stabilize the border area.  Extraordinary events on the border and intimidation of innocent civilians;  Real-time communication of information to prevent landmines;  Nine Bangladeshi nationals have been charged with illegally entering Burma by fishing boat in accordance with bilateral agreements.  It was discussed that the extradition was carried out out of respect for human rights because they were innocent civilians and the return of the seized boats / equipment with the nine of them.

  The head of the Bangladeshi delegation thanked the nine Bangladeshis for the extradition.  They said that the Bangladesh Border Guard Force will cooperate in security and stability in the border area.  We will exchange as soon as we receive information about terrorism.  The Myanmar side reiterated that it would continue to present its discussions to higher officials, and the meeting ended at 12:30 pm.

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...