Thursday, May 20, 2021

နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများအား ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော် ၊ မေ - ၂၀ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း နှင့် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း နှင့် အမှတ်(၁၉) အခြေခံပညာ အထက်တန်းကျောင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့ကို ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကျောင်းအုပ် ကြီးများ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံပြီး စာသင်ခန်းများပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ် ဆေးကြသည်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်းကျောင်းအသီးသီးမှ ဆရာ/ ဆရာမများ တွေ့ဆုံရာတွင် နေပြည်တော် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစိုးသိုက်နှင့် သက်ဆိုင်ရာ ကျောင်း အုပ်ကြီးများက အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေး စီစဉ်ထားရှိမှု၊ ကျောင်းသားနှင့်ဆရာ/ဆရာမအချိုး၊ စာသင်ခန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေးစီမံထားရှိမှု၊ ကျောင်းစာကြည့် တိုက် နှင့် ကျောင်းကျန်းမာရေး ဆေးခန်းအခြေအနေ၊ စာသင်ခန်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာသင်ခုံနေရာချထားမှု၊ စာသင်ချိန်များစီစဉ်ထားမှု၊ သင်ထောက်ကူပစ္စည်းများ ဆောင်ရွက်ထားမှုအခြေအနေ၊ ကျောင်းကြို/ပို့ ယာဉ်ပြေးဆွဲပေးမည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ရေး အတွက် အပူချိန်တိုင်းကိရိယာများ၊ လက်ဆေးဘေစင်နှင့် လက်ဆေးဆပ်ပြာများ၊ လက်သန့်ဆေးရည်၊ နှာခေါင်း စည်း (Mask)များ စီစဉ်ထားရှိမှု၊ သောက်သုံးရေရရှိနိုင်ရေးပြင်ဆင်ထားရှိမှု၊ သန့်စင်ခန်းများ ပြင်ဆင်ထားရှိမှု၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆရာ ဆရာမများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ကျောင်းများတွင် လိုအပ်သည့် အချက်များကို ရှင်းလင်း တင်ပြကြသည်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ ကျောင်းဆရာ ၊ ဆရာမများအနေဖြင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသား ကျောင်းသူများကို ပညာများတတ်မြောက် ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြားပေးစေလိုကြောင်း၊ ပိုမိုယဉ်ကျေးလိမ္မာပြီး စံပြကျောင်းသား၊ ကျောင်းသူများဖြစ်ပေါ်စေရေးနှင့် အောင်ချက်ရာခိုင်နှုန်းမြင့်မားရေး နှင့် သင်ကြားရာတွင် ကိုဗစ်-၁၉ စည်းကမ်း များနှင့်အညီ စနစ်တကျလိုက်နာ ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းနေအရွယ်ကလေးများကို ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းသား ကျောင်းသူများကို အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းများ၏လိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေး စေလိုကြောင်း ပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကျောင်းများဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင်ဆောင် ရွက်ထားရှိမှုအခြေအနေများနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိ မှု အခြေအနေများကို အခြေခံပညာအထက်တန်းကျောင်းအသီးသီးရှိ စာသင်ခန်းများအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရှိရသည်။

 နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများအား ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ၊ မေ - ၂၀






နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း နှင့် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း နှင့် အမှတ်(၁၉) အခြေခံပညာ အထက်တန်းကျောင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့ကို ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကျောင်းအုပ် ကြီးများ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံပြီး စာသင်ခန်းများပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ် ဆေးကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်းကျောင်းအသီးသီးမှ ဆရာ/ ဆရာမများ တွေ့ဆုံရာတွင် နေပြည်တော် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစိုးသိုက်နှင့် သက်ဆိုင်ရာ ကျောင်း အုပ်ကြီးများက အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေး စီစဉ်ထားရှိမှု၊ ကျောင်းသားနှင့်ဆရာ/ဆရာမအချိုး၊ စာသင်ခန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေးစီမံထားရှိမှု၊ ကျောင်းစာကြည့် တိုက် နှင့် ကျောင်းကျန်းမာရေး ဆေးခန်းအခြေအနေ၊ စာသင်ခန်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာသင်ခုံနေရာချထားမှု၊ စာသင်ချိန်များစီစဉ်ထားမှု၊ သင်ထောက်ကူပစ္စည်းများ ဆောင်ရွက်ထားမှုအခြေအနေ၊ ကျောင်းကြို/ပို့ ယာဉ်ပြေးဆွဲပေးမည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ရေး အတွက် အပူချိန်တိုင်းကိရိယာများ၊ လက်ဆေးဘေစင်နှင့် လက်ဆေးဆပ်ပြာများ၊ လက်သန့်ဆေးရည်၊ နှာခေါင်း စည်း (Mask)များ စီစဉ်ထားရှိမှု၊ သောက်သုံးရေရရှိနိုင်ရေးပြင်ဆင်ထားရှိမှု၊ သန့်စင်ခန်းများ ပြင်ဆင်ထားရှိမှု၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆရာ ဆရာမများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ကျောင်းများတွင် လိုအပ်သည့် အချက်များကို ရှင်းလင်း တင်ပြကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ ကျောင်းဆရာ ၊ ဆရာမများအနေဖြင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသား ကျောင်းသူများကို ပညာများတတ်မြောက် ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြားပေးစေလိုကြောင်း၊ ပိုမိုယဉ်ကျေးလိမ္မာပြီး စံပြကျောင်းသား၊ ကျောင်းသူများဖြစ်ပေါ်စေရေးနှင့် အောင်ချက်ရာခိုင်နှုန်းမြင့်မားရေး နှင့် သင်ကြားရာတွင် ကိုဗစ်-၁၉ စည်းကမ်း များနှင့်အညီ စနစ်တကျလိုက်နာ ဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းနေအရွယ်ကလေးများကို ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းသား ကျောင်းသူများကို အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းများ၏လိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေး စေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကျောင်းများဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင်ဆောင် ရွက်ထားရှိမှုအခြေအနေများနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိ မှု အခြေအနေများကို အခြေခံပညာအထက်တန်းကျောင်းအသီးသီးရှိ စာသင်ခန်းများအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရှိရသည်။

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...