Thursday, November 26, 2020

သဘာဝဓာတ်ငွေ့မှ လျှစ်စစ်ထုတ်လုပ်မည့် တန်ချိန် ၁သိန်းကျော်ရှိ သဘာဝဓာတ်ငွေ့ရည်တင် သင်္ဘောကြီး ရန်ကုန်ရောက်ပြီ

 သဘာဝဓာတ်ငွေ့မှ လျှစ်စစ်ထုတ်လုပ်မည့် တန်ချိန် ၁သိန်းကျော်ရှိ သဘာဝဓာတ်ငွေ့ရည်တင် သင်္ဘောကြီး ရန်ကုန်ရောက်ပြီ

---------------------------

နိုဝင်ဘာ ၂၆






ရန်ကုန်လျှစ်စစ်ဓာတ်အားဖြည့်တင်းရေးအတွက် တန်ချိန် ၁သိန်းကျော်ရှိ သဘာဝဓာတ်ငွေ့ရည်တင် သင်္ဘောကြီး ရန်ကုန်ရောက်ပြီဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ သိရပါတယ်။


နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်စေရန်  သဘာဝဓာတ်ငွေ့ရည် အား အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းအား မြန်မာနိုင်ငံ၏ပထမဦးဆုံးသော စီမံကိန်း အဖြစ် သီလဝါဒေသတွင် စတင်ဆောင်ရွက်ခဲ့ပြီး  တစ်နှစ်လျှင် မဂ္ဂါဝပ် (၃၅၀) ထုတ်လုပ်မည့် သီလဝါဒေသရှိစီမံကိန်းနှင့် မဂ္ဂါဝပ် (၄၀၀) ထုတ်လုပ်မည့် သာကေတစီမံကိန်းတို့ကို ၂၀၂၀ ပြည့်နှစ် နွေရာသီကာလအတွင်း လိုအပ်သောလျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးနိုင်စေရေး နိုင်ငံတော်၏ အဓိကဦးစားပေးဆောင်ရွက်ရမည့် စီမံကိန်းတစ်ခု အဖြစ်ဆောင်ရွက်ရန် ယင်းသင်္ဘောရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရပါတယ်။  


မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းပြမှူးကြီး ဦးဝင်းမြင့်အောင် က “ ဒီသင်္ဘောကြီးက ဒီမှာ ငါးနှစ်တာ စိုက်ကပ်ပြီးတော့မှ V-POWER ENERGY ပရောဂျက်အတွက် သာကေတ က ၄၀၀ မဂ္ဂါဝပ်နဲ့ သီလဝါက ၃၅၀ မဂ္ဂါဝပ် ပေါင်း ၇၅၀ မဂ္ဂါဝပ်အတွက် ရောက်လာတာဖြစ်ပါတယ်။ ဒီပရော ဂျက်က ရန်ကုန်အတွက်ကတော့ ဒီဇင်ဘာလ ကစပြီးပါဝင်တဲ့အတွက်ကြောင့် ကျေးရွာကစပြီး ၁၀၀ ရာခိုင်နှုန်း မီးရရှိလာနိုင်မှာပါ။” လို့ဆိုပါတယ်။


အဆိုပါ စီမံကိန်းအား ၂၀၁၉ ခုနှစ်၊ နှောင်းပိုင်းကာလတွင် အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်ခဲ့ သော CNTIC V-POWER Group အား စီမံကိန်းအပ်နှင်းဆောင်ရွက်စေခဲ့တာဖြစ်ပါတယ်။

#crd

More than 100,000 tons of liquefied natural gas (LPG) tanker arrives in Rangoon


 ---------------------------


 November 26



 A 100,000-tonne liquefied natural gas tanker has arrived in Rangoon to replenish Rangoon's electricity, according to the Inland Water Transport Authority.



 The first project to generate electricity using liquefied natural gas in Myanmar was launched in Thilawa area to meet the country's electricity demand.



 U Win Myint Aung, navigator of the Myanmar Ports Authority, said: “The ship arrived at Thaketa for 400 megawatts and Thilawa for 350 megawatts to 750 megawatts for the V-POWER ENERGY project after five years.  This project for Rangoon will be available from December, so the village will have 100% electricity. ”  He said.



 The project will be completed in 2019.  Later, an open tender was called and the successful bidder, CNTIC V-POWER Group, was awarded the project.


 #crd

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...