Sunday, November 29, 2020

ရန်ကုန်တွင် ကျန်းမာရေး ဝန်ထမ်း ၅၀၀ ကျော်နှင့် ပြည်သူ့ ကျန်းမာရေးဌာနမှ ၈၀ ကျော် ကိုဗစ်ကူးစက်ခံရပြီး ၂ ဦး သေဆုံး

 ရန်ကုန်တွင် ကျန်းမာရေး ဝန်ထမ်း ၅၀၀ ကျော်နှင့် ပြည်သူ့ ကျန်းမာရေးဌာနမှ ၈၀ ကျော် ကိုဗစ်ကူးစက်ခံရပြီး ၂ ဦး သေဆုံး

---------------------------------

နိုဝင်ဘာ ၃၀





နိုဝင်ဘာ နောက်ဆုံးပတ်အထိ ရန်ကုန်တွင် ကျန်းမာရေး ဝန်ထမ်း ၅၀၀ ကျော်နှင့် ပြည်သူ့ ကျန်းမာရေးဌာနမှ ၈၀ ကျော် ကိုဗစ်ကူးစက်ခံနေရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရပါတယ်။


ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က “ ကိုဗစ်-၁၉ ကူးစက်ခံနေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အားလုံးပေါင်း ဆိုရင် ၅၀၀ ကျော်သွားပြီ ။ အများစုကတော့ ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေရတဲ့သူတွေပေါ့။ ရန်ကုန်ဆေး ရုံကြီးကတော့ အများဆုံးပဲ ။ ပြည်သူ့ ကျန်းမာရေး ဌာနမှာဆိုရင်လည်း အားလုံး ၈၀ လောက် ကူးစက်ခံထားရပြီး ၂ ဦးကတော့ဆုံးပါးသွားတယ်။ တစ်ဦးကတော့ တာမွေမြို့နယ်က ကျန်းမာရေး မှူးနဲ့ နောက်တစ်ယောက်ကတော့ တိုက်ကြီးက ကျန်းမာရေးကြီးကြပ်ပေါ့ သူလည်းကူးစက်ခံ ရပြီး ဆုံးသွားတယ်” လို့ နိုင်ငံတော်ပိုင်ရုပ်သံလိုင်းကို ပြောကြားထားတာဖြစ်ပါတယ်။


လက်ရှိမှာလည်း ကိုဗစ်ကူးစက်မှုလူနာတိုးလာတာကြောင့် ကျန်းမာရေးဝန်ထမ်းများ လုံလောက်မှု မရှိဘူးလို့လည်းဆိုပါတယ်။


ဒေါက်တာထွန်းမြင့်က “ တစ်နိုင်ငံလုံး ကူးစက်ခံရမှုရဲ့ ၇၅ ရာခိုင်နှုန်းက ရန်ကုန်မှာ ဖြစ်တယ်။ အဲဒါကြောင့်ကိုဗစ်အဖြစ်နည်းတဲ့ ပြည်နယ် တိုင်းတွေက ကျန်းမာရေးဝန်ထမ်းတွေ အလှည့်ကျလာပြီး ဝိုင်းကူနေကြတယ်။ တစ်ချို့ ကျွန်တော်တို့ ဝန်ထမ်းတွေကလည်း လုပ်အားပေးအဖြစ် စာရင်းပေးသွင်းပြီးတော့ ဝိုင်းကူနေကြတယ်။”လို့ဆိုပါတယ်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၂၉ ရက်နေ့ ည ၈ နာရီအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ကိုဗစ် အတည်ပြုလူနာ ၈၉၄၈၆ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၆၈၉၁၀ ဦးရှိကာ သေဆုံးသူ ၁၉၁၈ အထိ ရှိလာပါတယ်။

Crd

In Rangoon, more than 500 health workers and more than 80 health officials were infected and two died


 ---------------------------------


 November 30



 As of the last week of November, more than 500 health workers and more than 80 health workers in Rangoon were infected with the virus, according to the Ministry of Health and Sports.



 Dr Tun Myint, deputy director general of the Rangoon Region Department of Public Health and Medical Care, said: “The total number of health workers infected with Kovis-19 has exceeded 500.  Most of them are working in hospitals.  Yangon General Hospital is the largest.  At the public health center, about 80 people were infected and two died.  One was the health officer in Tamwe Township and the other was the health supervisor in the mainland. He was also infected and died, ”he told the state-run television.



 At present, there is a shortage of health workers due to the increasing number of cases of Kovis infection.



 Dr. Tun Myint said, “75% of the nationwide cases are in Rangoon.  As a result, health workers from every state, where Kovis is rare, take turns helping.  "Some of our staff are registering as volunteers and helping out."



 As of 8 pm on November 29, there were 89,486 confirmed Kovis patients nationwide, with 68,910 hospitalized and 1918 dead, according to the Ministry of Health and Sports.


 Crd

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...