Monday, November 30, 2020

ကိုဗစ်ကာလမြန်မာမှာ ဆင်းရဲနွမ်းပါးမှု ၈ ဆကျော် မြင့်တက်ခဲ့

 ကိုဗစ်ကာလမြန်မာမှာ ဆင်းရဲနွမ်းပါးမှု ၈ ဆကျော် မြင့်တက်ခဲ့

==========

ဒီဇင်ဘာ ၁



ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ၈ ဆကျော် ခုန်တက်သွားတယ်လို့ အမေရိကန် အခြေစိုက် IFPRI နိုင်ငံတကာ စားနပ်ရိက္ခာဆိုင်ရာ သုတေသနအဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာလထဲ ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာအရ နှစ်ဆန်းပိုင်းတုန်းက ဝင်ငွေအရ ဆင်းရဲမူဟာ ၇% ပဲရှိခဲ့ပြီး အခုဆိုရင် ၆၀% နီးပါးအထိ မြင့်တက်သွားပြီလို့ ဖေါ်ပြထားပါတယ်။


ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ ဦးဆောင်ရေးသားခဲ့သူ IFPRIမြန်မာရုံးခွဲက Derek Headey ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။


ဒီအစီရင်ခံစာအတွက်ရန်ကုန်မြို့၊ အထက်အညာ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းက ရွာတွေမှာ စစ်တမ်းကောက်ယူပြုစုခဲ့တာဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ တစ်ဦးချင်းအနိမ့်ဆုံးဝင်ငွေထက်နည်းတဲ့၊ တစ်ရက်လုပ်စာ အမေရိကန်ဒေါ်လာ ၁.၉၀ ဖြစ်တဲ့၊ မြန်မာငွေ ၁၃၀၀ သာသာလေး အောက်ရသူတွေကို သတ်မှတ်တွက်ထားတဲ့၊ ဒီဝင်ငွေအရ ဆင်းရဲမူနှုန်းတက်လာပုံကို Mr. Headey က


“ဒီနှစ်အစောပိုင်းမှာ ဧပြီလက Lockdown ပိတ်ဆို့မူတွေချအပြီးလောက်မှာ၊ မြို.ပြမှာ ဆင်းရဲမူ တကယ့်ကို အများကြီး တက်သွားတာ တွေ့ရပါတယ်၊၇% ကနေ ၃၀% ကျော်အထိတက်သွားတာ ဆိုတော့ တကယ့်ကိုစိုးရိမ်စရာပါ။ပြီးတော့ ကျေးလက်မှာလဲ အလားတူတက်သွားပါတယ်။နောက်ပိုင်း ဇူလိုင်နဲ့သြဂုတ်မှာတော့ နဲနဲပြန်သက်သာလာပါတယ်၊ကိုဗစ်ဖြစ်တာ စကျပြီး၊ ပုံမှန် နာလန် ပြန်စထူလာသလိုပေါ့နော်။ဒါပေမဲ့ သြဂုတ်လလယ်ထဲ ရခိုင်မှာ ကိုဗစ်အဖြစ်များလာပြီး၊ တစ်နိုင်ငံလုံးပျံ.လာပြန်တော့၊ ဒီဆင်းရဲမူက ထိုးတောင်ပြီးတက်သွားပြန်ပါတယ်၊မြို.ပြရော၊ ကျေးလက်မှာပါ၆၀% လောက်ထိဖြစ်သွားတယ်၊ဒါက တကယ့်ကိုစိုးရိမ်ကြီးစရာပါ။”


ဒီနေရာမှာ မြိုပြနဲ့ကျေးလက်က ကလေးမိခင်ပေါင်း တစ်ထောင်စီ၊ စုစုပေါင်း ၂၀၀၀ ကိုသုတေသနလုပ်ထားတဲ့ ဒီစစ်တမ်းတွေ့ရှိချက်အရ၊ ခုလိုစိုးရိမ်စရာအခြေအနေက၊ မြို.ပြနဲ့ ကျေးလက်ထိခိုက်မူကွာတာတွေ့ပါသလားလို့မေးရာမှာ ဒီသုတေသနခေါင်းဆောင်ကဆက်ပြီး


“မြို.ပြက အကြီးအကျယ်ကိုထိတာပါ။မြို.ကလုပ်သားတွေက ကိုဗစ်မတိုင်ခင် ပိုဝင်ငွေကောင်းကြပြီး နောက်တော့ပိုထိခိုက်သွားပါတယ်။ဒါက သိသာတယ်။ကိုဗစ် Lockdown ချတဲ့အခါ၊ စက်ရုံလုပ်သားတွေ အဆောင်တွေမှာပိတ်မိ၊Taxi သမားတွေ သွားရခက် စီးမဲ့လူရဖို့ခက်၊ဈေးဆိုင်အများကြီးပိတ်၊ဒီဆိုင်တွေ၊ ဆောက်လုပ်ရေးတွေမှာလဲ လုပ်သားတွေလျော့၊တကယ့်ကို မြို.ပြစီးပွား အကြပ်အတည်းထုတ်ကြီးပါ။အဲ့ဒိတော့ ဆင်းရဲသားကဏ္ဍသစ်ကြီးတစ်ခု ပေါ်လာတာပေါ့။ရန်ကုန်မှာအရင်ဆင်းရဲမူနည်းခဲ့ရာက၊ အခု အများကြီးကို မြင့်တက်သွားပါပြီ။”


ဒါကြောင့် မြို.ပြမှာ ဘယ်လိုဆက်သက်ရောက်မူပြင်းထန်ပြီး၊ ကျေးလက်အတွက်ပါ ဆက်မေးရာမှာ Mr. Headey ကပဲ


“အလားတူထိခိုက်တာ အစားအစာဖူလုံရေးမှာလဲ တွေ့လာပါတယ်။မြို.ပြမှာ အစားအသောက်လုံလောက်ဖို့ ပိုစိုးရိမ်လာကြပါတယ်။မြို.ပြက ကလေးမိခင်တွေလည်း အာဟာရရှိတာ လျော့စားလာကြတယ်၊ထမင်းနဲ့ဈေးပေါတဲ့ အခြေခံစားကုန်တွေပဲ အားထားလာရတယ်။အဲ့ဒိတော့ မြို.ပြကို ကြီးကြီးမားမားထိခိုက်သွားပါတယ်။ဒါပေမဲ့ ကျေးလက်မှာလည်း အတော်များများ၊ အထူးသဖြင့် မြေမပိုင်တဲ့ လုပ်ခစားလယ်သမားတွေ ဒီ အကြပ်အတည်းကြီးမှာ ပိုထိခိုက်လွယ်သွားတယ်။


အဲ့ဒိတော့ အစိုးရဖက်က ကိုဗစ်ကာလမှာ လက်လုပ်လက်စားတွေကို ကူညီပေးတာတွေရော ဘယ်လိုတွေ့ရှိထားပါလဲလို့ မေးရာမှာ ဒီစစ်တမ်းဦးဆောင်သူက ဆက်ပြီး


“ကိုဗစ်မဖြစ်ခင်ကထက် ပထမအကြိမ်ဒီစစ်တမ်းမကောက်ခင်ကထက်၊ အစိုးရကနေ ဆင်းရဲသားတွေကို ကူတာအများကြီးတော့ ပိုလာပါတယ်၊ဒါပေမဲ့ တကယ့်ကိုဆင်းရဲတဲ့သူတွေ အများကြီး မရလိုက်တာတွေ့နေရပါတယ်။ဒီတကယ့်ကိုဆင်းရဲသူတွေထဲ များများရောက်ဖို့ အစိုးရအတွက် စိန်ခေါ်မူကြီးပါ။ဒီငွေသားပေးတာအပြင်၊ လူမူဖူလုံရေးကလည်း၊ ဥပမာ အလုပ်လာလုပ်ရင်ငွေချေပေးတဲ့အစီအစဉ်တွေက၊ ယှဉ်ကြည့်ရင် သေးငယ်လွန်းပါသေးတယ်။အဲ့ဒိတော့ လူတွေရဲ့ ဝင်ငွေ အကြီးအကျယ်ထိခိုက်သွားချိန်မှာ၊ လူမူဖူလုံရေးက မီအောင် လိုက်ဖြည့်ပေးနိုင်တာမျိုးမဖြစ်ခဲ့ဘူးလို့ ထင်ပါတယ်။”


ဒီနေရာမှာ အစိုးရအနေနဲ့ ဘယ်လို ပြောင်းလဲကူညီပေးဖို့ အကြံပြုချင်ပါလဲလို့ မေးရာမှာ Mr. Headey ကပဲ


“အစပိုင်းမှာ တစ်ဦးကို ၂၀၀၀၀ ကျပ် တစ်လသဘောပေးတာကလည်း၊ ဒီဆင်းရဲမူကို အများကြီး မကူနိုင်ပါဘူး။၄ သောင်း ၆ သောင်းလောက်အထိ မြှင့်ပေးနိုင်ရင်တော့၊ စ အပြောင်းအလဲဖြစ်နိုင်ပါတယ်။ဒါပေမဲ့ တနှစ်လုံးစာ ဆက်ပေးရရင်လဲ၊ အစိုးရဘတ်ဂျက်က အကြီးအကျယ်လိုလာပြီး တကယ့်စိန်ခေါ်မူကြီးပါ။ဒါပေမဲ့ ဧပြီနဲမေလလောက်မှာ ကိုဗစ်ကာကွယ်ဆေး မြန်မာလူဦးရေတစ်စိတ်တစ်ပိုင်း ရလာမယ်ဆိုရင်၊ဒီဇင်ဘာကနေစပြီး ရှေ.နှစ် ၂၀၂၁ ပထမလေးလ (သို့မဟုတ်) ဒုတိယလေးလပတ်လောက်အထိ၊ ၉ လစာလောက်တော့ ဒီလူမူဖူလုံရေးတိုးမြှင့်ပေးဖို့ စပြင်ထားသင့်ပါပြီ။”


ဒါ့အပြင် ဒီ စစ်တမ်းဦးဆောင်သူကဆက်ပြီး၊ IGC လို့အတိုခေါက်ခေါ်တဲ့ နိုင်ငံတကာစီးပွားဖွံ့ဖြိုးရေးဌာနစာတမ်းမှာ ပြောထားသလို၊ သန်းကောင်စာရင်း အရင်ကောက်ထားခဲ့တဲ့အချက်အလက်တွေနဲ့ ရပ်ကွက်တွင်း ရာအိမ်မူး၊ ဆယ်အိမ်မူးလို အနီးကပ် အုပ်ချုပ်ရေးယန္တယားတွေကတဆင့်၊ ဒီတကယ်ဆင်းရဲသူစာရင်း အခိုင်အမာကောက်ယူပြီး၊ ထိရောက်အောင်ဖြန့်ဖြူးသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

During the Kovic period, poverty in Burma increased more than eight times


 ==========


 December 1


 




 Poverty in Burma has more than quadrupled during the Kovis period, according to a report by the US-based International Food Research Organization (IFPRI).  According to a report released in November, the poverty rate at the beginning of the year was only 7%, but has now risen to almost 60%.



 Win Min spoke to Derek Headey of IFPRI Myanmar, who co-authored the report.



 For this report, Yangon;  Upper Aya Mandalay;  Sagaing  The survey was conducted in villages in Magway Division.



 In Myanmar, less than the minimum per capita income;  The daily wage is US $ 1.90.  For those who receive less than 1,300 Myanmar kyats,  According to Mr.  Headey a



 "Earlier this year, after the lockdown in April,  Poverty has risen sharply in urban areas, from 7% to more than 30%, which is a real concern, and has risen in rural areas as well.  It seems to be recovering normally. However, in mid-August, Kovis became more common in Rakhine State.  The whole country flew back.  This principle of poverty has gone up and down again.  In rural areas, it is up to 60%, which is a real concern. ”



 There are thousands of mothers in both urban and rural areas.  According to a survey of 2,000 researchers,  This is a worrying situation.  Asked if there was a difference between urban and rural impacts, the research leader continued



 "Urbanization is a big hit. Urban workers were better off before Kovis and then worse," he said.  Factory workers are trapped in dormitories. Taxi workers find it difficult to get around. Many shops are closed.  There is a shortage of workers in the construction industry and a real urban economic crisis. So a new sector of poverty has emerged.  It has gone up a lot now. ”



 Therefore, the impact on the city will be severe.  For rural areas as well, Mr.  Headey



 "A similar problem is happening with food security. There is a growing concern about food security in urban areas. Mothers and children in urban areas are becoming less nutritious, relying on cheaper food and basic commodities.  Inexperienced landowners are especially vulnerable to this crisis.



 Asked how the government found support for manual labor during the Kovis period, the survey leader continued:



 "It simply came to our notice then that this was the first time that Kovis had been surveyed.  The government is helping the poor a lot more, but the real poor are not getting much. This is a big challenge for the government to get more out of the poor.  Social security  For example, pay-as-you-go programs  It's still very small in comparison, so when people's incomes are severely affected,  I don't think social welfare has been able to keep up. ”



 Asked how the government would like to help change this, Mr.  Headey



 “In the beginning, a person was given 20,000 kyats a month.  It will not do much to alleviate this poverty. If it can be raised to 46,000,  It may start to change, but you have to keep writing for a year.  The government budget is huge and a real challenge.  We should start preparing to increase social security for nine months. ”



 In addition, the leader of the survey continued:  According to a report by the International Economic Development Agency (IGC).  The census data is based on previous data.  Through close administrative mechanisms such as Ten Homes.  This list of really poor people has been compiled.  It was suggested that it should be distributed effectively.



 #

No comments:

Post a Comment

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...