Monday, March 28, 2022

ပခုက္ကူမြို့ ၊ အခွန်ဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းရုံးကို PDF က ဝင်ရောက်စီးနင်းပြီး ဌာနဆိုင်ရာပစ္စည်းများကို ရှင်းလင်း၊ ဝန်ထမ်းများကို ပြည်သူနှင့်အတူ ရပ်တည်ရန် အသိပေ

 ပခုက္ကူမြို့ ၊ အခွန်ဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းရုံးကို PDF က ဝင်ရောက်စီးနင်းပြီး ဌာနဆိုင်ရာပစ္စည်းများကို ရှင်းလင်း၊ ဝန်ထမ်းများကို ပြည်သူနှင့်အတူ ရပ်တည်ရန် အသိပေး


ရန်ကုန်၊ မတ် ၂၈ 




မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ အခွန်ဦးစီးဌာနရုံးနှင့် မြန်မာ့အာမခံလုပ်ငန်းရုံးကို ယနေ့ မွန်းလွဲ ၁ နာရီတွင်  PDF တပ်ပေါင်းစုများက ဝင်ရောက်စီးနင်းပြီး ဌာနဆိုင်ရာ ပစ္စည်းများကို ရှင်း လင်းခြင်း၊ ဝန်ထမ်းများကို ပြည်သူနှင့်အတူ ရပ် တည် ရန် အသိပေး ပြောဆိုခဲ့ကြောင်း PDF တပ်ပေါင်းစုက သတင်းထုတ် ပြန်သည်။ 


RSO (PKU)၊ Earthquake people's defense force (UG)၊ Young Force (UG)၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန် ပခုက္ကူမြို့ရှိ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် အခွန်ဦးစီးဌာနကို  ဝင်ရောက်စီးနင်းပြီး ဌာနဆိုင်ရာ ပစ္စည်းများအားရှင်းလင်း ခြင်းနှင့် သိမ်းယူခြင်းများ ပြုလုပ်ကာ ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူနဲ့အတူရပ်တည်ရန်ပြောဆိုခဲ့ကြောင်း သိရှိရသည်။ 


ထိုသို့ပြုလုပ်နေစဥ် ရုံးဝန်ထမ်းများက စစ်တပ်ထံသို့ ဖုန်း ခေါ်ဆိုတိုင်ကြားရန် ပြုလုပ်သဖြင့် ဖုန်းများ သိမ်းဆည်းခဲ့ရကြောင်း၊  ထို့ပြင် ရုံးဝန်ထမ်းတစ်ဦးက လက်နက်လုယူရန် ကြိုးစားသည့်အတွက် ထိန်းသိမ်းပညာပေးခဲ့ရကြောင်း PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...