Tuesday, October 27, 2020

ရွေးကောက်ပွဲမကျင်းပမည့်နေရာများUECထုတ်ပြန်

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


ကြေညာချက်အမှတ် ( ၂၀၀  / ၂၀၂၀)


၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း     ၁၁     ရက်


(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ   ၂၇     ရက်)


ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်းထုတ်ပြန်ကြေညာခြင်း






ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းခိုးမှုများဖော်ထုတ်ဖမ်းဆီး

 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ခိုးမှု၊ လုယက်မှု၊ မုဒိမ်းမှုများ ကျူးလွန်ခဲ့သည့် တရားခံ (၄)ဦးအား နေပြည်တော်ရဲတပ်ဖွဲ့မှ အသွင်ယူဖမ်းဆီးဖော်ထုတ်နိုင်

နေပြည်တော်၊ အောက်တိုဘာ ၂၇

၄.၁၀.၂၀၂၀ ရက်နေ့ (၁၈၀၀)အချိန် တရားလိုသည် သမီးရည်းစားဖြစ်သူ မ………….. နှင့်အတူ ဧက(၅၀၀)လယ်ကွက်အတွင်း ဆည်ဘောင်လမ်းအတိုင်း ပေ(၄၅၀)ခန့်အကွာတွင် ဆိုင်ကယ်ရပ်၍ စကားပြောနေကြစဉ် ဆိုင်ကယ်(၁)စီးနှင့် မျက်နှာတွင် Mask တပ်ထားသော အမျိုးသား(၂)ဦးရောက် ရှိလာပြီး တရားလိုအား တုတ်ဖြင့်ရိုက်၊ ဓါးဖြင့်ထိုး၍ တရားလို၏ ၆၁ယ/၉၇၂၈၆၊ Canda CZI 125 အမျိုးအစား နီ/နက်ရောင်ဆိုင်ကယ်အား ယူဆောင်မောင်းနှင်သွားသဖြင့် ဆိုင်ကယ်အားလုယူ ထွက်ပြေးသွားသူ (၂)ဦးအား စုံစမ်းဖော်ထုတ်အရေးယူပေးရန်တိုင်တန်းသဖြင့် ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်း (ပ)၇၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုရေးဖွင့်စုံစမ်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ပတ္တာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်းကာ တရားခံဖော်ထုတ်ဖမ်းဆီးရမိရေး အသွင်ယူစုံစမ်းထောက်လှမ်းနေစဉ် (၁၀.၁၀.၂၀၂၀) ရက်နေ့ (၂၃၃၀) အချိန်တွင် ပြစ်မှုကျူးလွန်ခဲ့သူ ကျော်သီဟလင်း (ခ)သီဟ (၂၄) နှစ် (ဘ)ဦးသက်ထွန်း နှင့် ဖြိုးဝေမိုး (၁၉)နှစ် (ဘ)ဦးသန်းမြင့် တို့(၂)ဦးအား အခင်းဖြစ်စဉ်က ပါဆုံးခဲ့ သည့် ၆၁ယ/၉၇၂၈၆၊ Canda CZI 125 နီ/နက်ရောင်ဆိုင်ကယ်နှင့်အတူ လက်ရဖမ်းဆီးနိုင်ခဲ့ပါသည်။

ဖမ်းဆီးရမိသော တရားခံ(၂)ဦးအား စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦးသည် ၄.၁၀.၂၀၂၀ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် နေပြည်တော်ကောင်စီလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် လမ်းဝဲဘက် လယ်ကွင်းအတွင်းသို့ ကုန်ထုတ်လမ်းအတိုင်း သမီးရည်းစားစုံတွဲတစ်တွဲ ဝင်သွားသည်ကိုမြင်၍ လိုက်သွားခဲ့ပြီး ဖြိုးဝေမိုးက အသင့်ပါလာသော တစ်ပေခွဲခန့်ရှိ သံပိုက်ဖြင့် အမျိုးသား၏ဦးခေါင်း အား ရိုက်၍ ကျော်သီဟလင်း(ခ)သီဟမှ လွယ်အိတ်ထဲတွင်ပါလာသည့် ကြက်သွန်လှီးဓါးဖြင့် အမျိုးသား၏ ဝမ်းဗိုက်ဝဲဘက်ခြမ်းကို(၁)ချက်ထိုးသွင်းခဲ့ကာ လက်နောက်ပြန်တုတ်ကာ တာဘောင် ဘေးတွင်မှောက်ခိုင်းထားခဲ့၍ ၎င်းတို့(၂)ဦးမှ အမျိုးသမီးအား အလိုမတူဘဲ သားမယားအဖြစ် (၁)ကြိမ်စီပြုကျင့်ခဲ့ပြီးနောက် အမျိုးသားဖြစ်သူ၏ CZI ဆိုင်ကယ်အား မောင်းနှင်ထွက်ခွာလာခဲ့ကြ ကြောင်း စစ်ဆေးသိရှိရပါသည်။

ဖမ်းဆီးရမိသူ ကျော်သီဟလင်း(ခ)သီဟနှင့် ဖြိုးဝေမိုးတို့(၂)ဦးကို အခြားပြစ်မှုများကျူးလွန်ခဲ့ခြင်း ရှိ/မရှိ အသေးစိတ်စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦးသည် အောင်မိုးခန့်(ခ)ဝတုတ် (၁၉)နှစ် (ဘ) ဦးမိုးကျော်ဟိန်း၊ ကောင်းသန့်ဇော် (၁၇)နှစ်(ဘ)ဦးနေဇော်တို့နှင့်အတူ ၂၀၂၀ ပြည့်နှစ်၊ ဖော်ဖော်ဝါရီ လမှ အောက်တိုဘာလအထိ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ်တို့မှ ဆိုင်ကယ်(၁၂)စီး၊ လက်ကိုင်ဖုန်း(၁၅)လုံး၊ ရွှေဆွဲကြိုးအပိုင်း (၁)ခုတို့အား လုယက်ခဲ့ကြောင်းနှင့် သမီးရည်းစားစုံတွဲများထံမှ လုယက်ခြင်းအပြင် အလိုမတူဘဲ သားမယားပြုကျင့်မှုများပါ ကျူးလွန်ခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့ပြီး အောင်မိုးခန့်(ခ) ဝတုတ်နှင့် ကောင်းသန့်ဇော်တို့(၂)ဦးကို (၁၀.၁၀.၂၀၂၀)ရက်နေ့တွင် ၎င်းတို့၏ နေအိမ်များ၌ ဖမ်းဆီး ရမိခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှသက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ခိုးမှု၊ လုယက်မှု၊ မုဒိမ်းမှုများကျူးလွန်သူ ကျော်သီဟလင်း(ခ)သီဟ၊ ဖြိုးဝေမိုး၊ အောင်မိုးခန့်(ခ)ဝတုတ်နှင့် ကောင်းသန့်ဇော်တို့(၄)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။





Myanmar President Office

Myanmar President Office




ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော် ဆင်နွှဲ

  ▶️မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၆ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။ လူထောင...